မြန်မာဝန်ကြီးနဲ့ အလွတ်သဘောတွေ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံတုံ့ပြန်

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Tanee Sangrat (ဓာတ်ပုံ- AP - ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုဟာ အလွတ်သဘောသာဖြစ်တယ်လို့ ထိုင်းနိုင်ငံက ပြောကြားလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မကြာခင် အလွတ်သဘောဆွေးနွေးဖို့ကိစ္စကိုသာ အဓိကပြောခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Tanee Sangrat က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားပါတယ်။

"ထိုင်း၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မြို့မှာ မနေ့တုန်းက တွေ့ဆုံမှုဟာ ခဏလေးသာဖြစ်ပြီး အလွတ်သဘော တွေ့ဆုံတာဖြစ်ပါတယ်။ ဒေသတွင်းရင်ဆိုင်နေရတဲ့ ကိစ္စစုံကို ဆွေးနွေးဖို့ အာဆီယံဝန်ကြီးတွေ မကြာခင်အနာဂတ်မှာ အလွတ်သဘော တွေ့ဆုံနိုင်ရေးကိစ္စကိုသာ အဓိက ပြောခဲ့ကြတာဖြစ်တယ်။" လို့ ထိုင်းနိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ လိုလားကြောင်းနဲ့ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် အခိုင်အမာ ဆက်လက်အားပေးတယ်လို့လည်း ပြောခွင့်ရ Sangrat က ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတဲ့ကိစ္စ အာဆီယံအဖွဲ့ကြား ဆွေးနွေးအဖြေရှာပေးနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ကြိုးစားနေချိန်မှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဘန်ကောက်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးက ပထမဦးစားပေးဖြစ်တယ်ဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကို ဦးဝဏ္ဏမောင်လွင်ကို ပြောကြားခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မနေ့က တွေ့ဆုံပွဲအပြီး ဘန်ကောက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

သတင်းစာရှင်းပွဲတလေ ျှာက်လုံး သူက ဦးဝဏ္ဏမောင်လွင်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးလို့ မသုံးနှုန်းခဲ့ဘဲ ဦးဝဏ္ဏလို့သာ နာမည်တပ်ပြီး ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ သူနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဘန်ကောက်မှာ တွေ့ဆုံနေချိန်မှာ ဦးဝဏ္ဏမောင်လွင် ဘန်ကောက်မြို့ကို ရောက်လာတယ်ဆိုတာ သိရတယ်လို့လည်း သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် သက်ဆိုင်တဲ့အဖွဲ့အားလုံးနဲ့ အဆက်အသွယ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သတင်းစာရှင်းပွဲအတွင်းမှာ အင်ဒိုနီးရှာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံက စစ်တပ်နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အဆက်အသွယ်လုပ်ဖို့ အင်ဒိုနီးရှားနိုင်ငံက ရည်ရွယ်ထားထားပါတယ်" လို့ ပြောကြားသွားတာပါ။

CRPH ကတော့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ရဲ့ လုပ်ဆောင်ချက်တွေကို များစွာ စိတ်ပျက်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြာရေးဝန်ကြီးရဲ့ ပြောဆိုချက်အရ CRPH နဲ့ ဆက်သွယ်လိုတဲ့ကိစ္စအတွက် လမ်းဖွင့်ထားတယ်လို့ CRPH (နိုင်ငံတကာဆက်ဆံရေး) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-thai-indo-talk/5792258.html

မြန်မာဝန်ကြီးနဲ့ အလွတ်သဘောတွေ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံတုံ့ပြန် မြန်မာဝန်ကြီးနဲ့ အလွတ်သဘောတွေ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံတုံ့ပြန် Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.