ပြင်ဦးလွင်ဆေးရုံကို ဝင်ရောက်ရှာဖွေ


တပ်မြို့လို့ ပြောကြတဲ့ ပြင်ဦးလွင်မြို့က ပြင်ဦးလွင်ဆေးရုံကို ဒီကနေ့မှာ အာဏာပိုင်တွေက ဝင်ရောက်ရှာဖွေတာတွေ လုပ်တယ်လို့ ပြင်ဦးလွင်ဆေးရုံက CDM လုပ်နေတဲ့ လက်ထောက်ဆရာဝန်တစ်ဦးကပြောပါတယ်။

ပြင်ဦးလွင်ဆေးရုံက ဆေးရုံအုပ်ကြီးအပါအဝင်ကျန်းမာရေးဝန်ထမ်း၂၀၀ နီးပါး ရုံးမတက်ဘဲ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု လုပ်နေလို့ဆိုပြီး ဆေးရုံအုပ်ကြီးကို အာဏာပိုင်တွေဘက်က ဆေးရုံပြန်ဖွင့်ဖို့ ပြောလာတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဆေးရုံအုပ်ကြီးက ဖွင့်မှာမဟုတ်ကြောင်း အကြောင်းပြန်လိုက်တဲ့နောက် ဒီနေ့မှာတော့ CDM မလုပ်ဘဲ ဆေးရုံမှာကျန်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အာဏာပိုင်တွေဘက်က ကိုဗစ်ကာကွယ်ဆေးထိုးပေးတာ၊ လစာကိစ္စ ညှိနှိုင်းပြောကြားတာတွေ လုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ဆေးရုံက လက်ထောက်ဆရာဝန်တစ်ဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ပြင်ဦးလွင်ဆေးရုံကို ဝင်ရောက်ရှာဖွေ  ပြင်ဦးလွင်ဆေးရုံကို ဝင်ရောက်ရှာဖွေ Reviewed by THITHTOOLWIN on 23:53 Rating: 5

No comments:

Powered by Blogger.