တပ်ထောက်ခံသူများ လှည့်လည်ပွဲ ရဲက လုံခြုံရေးယူပေး

တပ်ထောက်ခံသူများ လှည့်လည်ပွဲ ရဲက လုံခြုံရေးယူပေး

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ စစ်ကောင်စီကို ထောက်ခံသူဆိုသူများက လှည့်လည်ရာကို ရပ်တပ်ဖွဲ့က လုံခြုံရေးယူထားပေးပြီးပိတ်ထားသောလမ်းတချို့ကိုလည်း ပြန်ဖွင့်ပေးခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းမှာ တပ်မတော်ထောက်ခံပွဲလှည့်လည်မယ့် လူတွေ ရန်ကုန်ဘူတာကြီးမှာ စုဝေးစီတန်းနေတုန်းမှာ ရပ်ကွက်နေပြည်သူတွေက သံပုန်းတီးပြီး ဆန့်ကျင်ကြောင်းပြသခဲ့ပါတယ်။

အဲဒါကြောင့် တပ်မတော်ထောက်ခံပွဲလုပ်ဖို့ တန်းစီနေတဲ့သူတွေဘက်က ရန်လိုတဲ့စကားတွေအပြုအမူတွေ ပြုလုပ်ခဲ့ပြီး နှစ်ဖက်အချင်းများခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက် ခိုက်ရန်ဖြစ်ပွားတဲ့အသွင်ဆောင်လာချိန်မှာ တပ်မတော်ထောက်ခံသူတွေဘက်က လေးခွတွေတုတ်တွေခဲတွေနဲ့ ပစ်ပေါက်တာတွေဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ရပ်ကွက်နေသူတွေက ဘူတာကြီး ဘူတာရုံဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတာကိုတွေ့ရပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

တပ်ထောက်ခံသူများ လှည့်လည်ပွဲ ရဲက လုံခြုံရေးယူပေး တပ်ထောက်ခံသူများ လှည့်လည်ပွဲ ရဲက လုံခြုံရေးယူပေး Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.