မန္တလေးမှာ ရဲ၊ စစ်တပ်နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေ

မန္တလေးမြို့ မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ စစ်အာဏာသိမ်းဆန့်ကျင်‌‌ရေး ထိုင်သပိတ်ဆန္ဒပြပွဲပြုလုပ်နေတဲ့ ၇၃ လမ်း၊ ၂၉ လမ်းနဲ့ လမ်း၃၀ ဝန်းကျင်မှာ ရဲ၊တပ်နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေတဲ့အခြေအနေမှာရှိနေပါတယ်။

မန္တလေးမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရတနာပုံသင်္ဘောကျင်းမှာ CDM လုပ်နေတဲ့ သင်္ဘောကျင်းဝန်ထမ်းတွေကြောင့် ရပ်ထားတဲ့ သင်္ဘောတွေကို အာဏာပိုင်တွေက ပြင်ပစက်ခေါင်းမောင်းတွေခေါ်လာပြီး ပြေးဆွဲဖို့ပြုလုပ်စဉ် CDM ဝန်ထမ်းတွေနဲ့ ဝန်းရံသူပြည်သူတွေက တားဆီးပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။ ဒါကြောင့် ရဲနဲ့စစ်တပ်က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းရာကနေ အနည်းဆုံး ၂ ဦးသေဆုံးခဲ့ပြီး လူ ၂၀ ကျော်ဒဏ်ရာရခဲ့သလို အနည်းဆုံး လူ ၃၀ ထက်မနည်းဖမ်းဆီးခံထားရပါတယ်။ အဲဒီရှေ့ပိုင်းတုန်းကလည်း CDM လုပ်နေတဲ့မန္တလေးမီးရထားဝန်ထမ်းအိမ်ရာကို ညပိုင်းမှာ ဝင်ရောက်စီးနင်းပစ်ခတ်မှုတွေရှိထားပါတယ်။ 

စစ်ကောင်စီဘက်ကတော့ မီးရထားလမ်းတွေကို ပိတ်ဆို့တားဆီးထားတဲ့အကာအရံအတားဆီးတွေကိုဖယ်ရှားပြီး ရထားတွေ ထွက်ခွာနိုင်အောင်ဆောင်ရွက်စဉ်မှာ ဆန္ဒပြသူတွေက တားဆီးလို့ ဖြစ်ရတာလို့ ထုတ်ပြန်ထားပါတယ်။




BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မန္တလေးမှာ ရဲ၊ စစ်တပ်နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေ မန္တလေးမှာ ရဲ၊ စစ်တပ်နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေ Reviewed by THITHTOOLWIN on 19:21 Rating: 5

No comments:

Powered by Blogger.