မြန်မာနိုင်ငံဆိုင်ရာအထောက်အပံ့ ကမ္ဘာ့ဘဏ် ဆိုင်းငံ့


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကမ္ဘာ့ဘဏ်က တိုက်ရိုက် ထောက်ပံ့နေတဲ့ အစီအစဉ်တွေကို ဆိုင်းငံ့လိုက်ပါတယ်။

မြန်မာနိုင်ငံက စီမံကိန်းတွေအတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်မှာ လက်ခံထားတဲ့ ပစ္စည်းတင်သွင်းသူတွေ၊ ကန်ထရိုက်နဲ့ အတိုင်ပင်ခံလုပ်ငန်းတွေအတွက်သာ ပေးအပ်တော့မှာ ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် Mariam Sherman က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ မြန်မာနိုင်ငံ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကို အကြောင်းကြားခဲ့တဲ့ စာထဲမှာ ဖော်ပြထားကြောင်းလည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံက စီမံကိန်းတွေအတွက် ထောက်ပံ့နေတာတွေကို ဆိုင်းငံ့လိုက်ပြီး၊ အခြေအနေကို စောင့်ကြည့်နေကြောင်းလည်း ကမ္ဘာ့ဘဏ်က ဝဘ်ဆိုဒ်ပေါ်မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ လုပ်လက်စ စီမံကိန်းတွေကိုလည်း ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်မှု ရှိမရှိဆိုတာကို တိုးမြှင့်စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရင်ထက်ပိုပြီး သတိထားကိုင်တွယ်နေကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass ကလည်း ပြောဆိုထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် အကူအညီပေးရေး အပါအဝင် ဆောင်ရွက်နေဆဲ စီမံကိန်းတွေကိုတော့ ဆက်လုပ်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/world-bank-halts-myanmar-projects-/5792894.html

မြန်မာနိုင်ငံဆိုင်ရာအထောက်အပံ့ ကမ္ဘာ့ဘဏ် ဆိုင်းငံ့ မြန်မာနိုင်ငံဆိုင်ရာအထောက်အပံ့ ကမ္ဘာ့ဘဏ် ဆိုင်းငံ့ Reviewed by THITHTOOLWIN on 06:42 Rating: 5

No comments:

Powered by Blogger.