အိမ်မဲမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် သုံးဦး အဖမ်းခံထားရ



ဧရာဝတီတိုင်း အိမ်မဲမြို့နယ်မှာ NLD ပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလို့ ဖမ်းဆီးခံရသူ ၃ ဦး ရှိပြီလို့ သိရပါတယ်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်အပါအဝင် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး နဲ့ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တစ်ဦး  တို့ ဖမ်းဆီးခံထားရတာပါ။

အိမ်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်-၂ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးသွားတာလို့ အိမ်မဲမြို့နယ်မဲဆန္ဒနယ် အမှတ်-၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက ပြောပါတယ်။ 

“ကျွန်မတို့တွေက ၇ ရက်နေ့ကတည်းက စပြီးတော့ ဆန္ဒထုတ်ဖော်လိုက်တာလေ၊ လူအင်အားလည်း တော်တော်များတယ်။ အင်အား တစ်သောင်းကျော်တယ်။ သူတို့ က ဦးဆောင်တဲ့သူတွေ ဆိုပြီး နာမည်စာရင်းတင်လိုက်တာပေါ့။ တင်လိုက်တော့ အဲ့ဒီအထဲမှာ ကျွန်မပါတယ်။ ဦးအောင်ကျော်မြိုင်လည်း ပါတယ်။ နောက်ပြီး အပြင်က အရပ်သားတွေ ပါတီဘက်က လူတွေ ပေါ့နော်။ “

အိမ်မဲမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အပါအဝင် လူ ၂၀ ကျော်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ လောလောဆယ် NLD ပါတီက သုံးဦး အဖမ်းဆီးခံထားရပြီး ကျန်တဲ့သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 


RFA Burmese

https://www.facebook.com/rfaburmese

အိမ်မဲမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် သုံးဦး အဖမ်းခံထားရ အိမ်မဲမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် သုံးဦး အဖမ်းခံထားရ Reviewed by THITHTOOLWIN on 06:35 Rating: 5

No comments:

Powered by Blogger.