အမေရိကန်သမ္မတသစ် Joe Biden ရဲ့ မိန်းခွန်းအကျဉ်းချုပ်

အမေရိကန်သမ္မတသစ် မိန့်ခွန်းပြောတဲ့ မြင်ကွင်း။

ဒီနေ့ဟာ ဒီမိုကရေစီအတွက် အရေးပါတဲ့နေ့၊ မျော်လင့်ချက်ဆောင်ကြဉ်းမယ့်နေ့၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ့်နေ့ ၊ ဒီနေ့ဟာ အနိုင်ရတဲ့သူတွေအတွက် ပွဲနေ့မဟုတ်ပါဘူး၊ အားလုံးအကျိုးနဲ့ ဒီမိုကရေစီအတွက် အခမ်းအနားနေ့ဖြစ်တယ်။

ဒီမိုကရေစီစနစ်နဲ့ အားလုံးကို ကျော်လွှားနိုင်ရမယ်။

သမ္မတသစ် Joe Biden ရဲ့ ကျေးဇူးတင်စကား -

ကျမ်းသစ္စာကျိန်ပွဲ အခမ်းအနားကို တက်လာကြတဲ့ ပါတီ၂ ရပ်လုံးက သမ္မတဟောင်းတွေကို ကျေးဇူူတင်ကြောင်း ပြောကြားခဲ့ပေမယ့် သူ့ရှေ့မှာ တာဝန်ထမ်းဆောင်သွားတဲ့ သမ္မတ Donald Trump ရဲ့ နာမည်ကိုတော့ ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိပါဘူး။ Jimmy Carter ကတော့ အသက်အရွယ် ကြီးလွန်းနေပြီး ကျန်းမာရေးမကောင်းတဲ့အတွက် အခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိပါဘူး။

သမ္မတသစ် Biden ရဲ့ မိန့်ခွန်းထဲက အရေးကြီးတဲ့ ကောက်နုတ်ချက်တချို့က -

ပြည်တွင်းအကြမ်းဖက်မှု၊ လူဖြူကြီစိုးရေးဝါဒ၊ စတာတွေကိုအပြီးပြတ်နှိမ်နင်းရမယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ညီညွတ်ရေးဟာအရေးကြီးကြောင်း၊ အမေရိကန်နိုင်ငံသားတိုင်းက ညီညွတ်ရေးအတွက် ပူးပေါင်းကြပါဝင်ကြဖို့ လိုအပ်ကြောင်း သမ္မတသစ်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကမ႓ာနိုင်ငံတွေအတွက် အမေရိကန်ဟာ စံပြဖြစ်ရမယ်၊ ညီညွတ်ရင် ပြသနာတွေကို ကျော်လွှားနိုင်မယ်ဆိုတာတွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အလုပ်လက်မဲ့တွေများပြားနေတဲ့ကိစ္စ၊ တိုင်းပြည်စီးပွားကျနေတဲ့အခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးက ကျော်လွှားနိုင်အောင် လုပ်ဆောင်တာတွေဟာ အမေရိကန်ပြည်ထောင်စု ပြန်လည်ကြီးမြတ်လာစေမယ့် အကြောင်းအချက်တွေ ဖြစ်တယ်ဆိုတာကိုလည်း သမ္မတသစ် Joe Biden က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အခုချိန်မှာ တယောက်နဲ့တယောက် ဂုဏ်သိက္ခာအရ တန်ဖိုးထားပြီး လေးစားမှုတွေပြသရမယ့်၊ အခုအချိန်ဟာ အရေးကြီးတဲ့အချိန်ဖြစ်ကြောင်း၊ တယောက်နဲ့တယောက် နားထောင်နိုင်ရမယ့်၊ ခွင့်လွှတ်နိုင်ရမယ့်၊ လေးစားမှုတွေပြနိုင်ရမယ့် အချိန်ဖြစ်ကြောင်းလည်း ပြောပါတယ်။

"ပြောင်းလဲလို့မရနိုင်တဲ့အရာဘာမှမရှိဘူး" ၊ တယောက်နဲ့တယောက်အကြား သဘောထားကွဲလွဲခွင့်ရှိတယ်၊ ဒါဟာလည်း ငြိမ်းချမ်းစွာ သဘောထားကွဲလွဲမှုဖြစ်ရမယ်၊ ဒါဟာ အမေရိကန်တွေအားလုံးအတွက် စံနမူဖြစ်ရမယ်လို့လည်း သူက ပြောပါတယ်။

COVID ကြောင့်သေသူ ၄ သိန်းကျော်အတွက ်ဝမ်းနည်းကြောင်းပြသတဲ့ အနေနဲ့ ငြိမ်သက်ဆုတောင်းခဲ့ပါတယ်။

သမ္မတသစ် Joe Biden ရဲ့ ကတိပြုချက်

ကျနော်ဟာ အမေရိကန်နိုင်ငံသားအားလုံးရဲ့သမ္မတဖြစ်စေရမယ်၊ အမေရိကန်ပြည်ထောင်စုကိုကာကွယ်မယ်၊ ဒီမိုကရေစီကိုကာကွယ်မယ်၊

အမေရိကန်နိုင်ငံသား အားလုံးကိုကာကွယ်မယ်။

God Bless America!

အမေရိကန်သမ္မတသစ် မိန့်ခွန်းပြောတဲ့ မြင်ကွင်း။


ဦးသန်းလွင်ထွန်း/VOA (Burmese)

https://burmese.voanews.com/a/joe-biden-inauguraion-speech-/5745181.html

အမေရိကန်သမ္မတသစ် Joe Biden ရဲ့ မိန်းခွန်းအကျဉ်းချုပ် အမေရိကန်သမ္မတသစ် Joe Biden ရဲ့ မိန်းခွန်းအကျဉ်းချုပ် Reviewed by THITHTOOLWIN on 01:01 Rating: 5

No comments:

Powered by Blogger.