Joe Biden ကျမ်းသစ္စာကျိန်ဆိုပွဲ နာမည်ကျော်အနုပညာရှင်များ ပါဝင်မည်

မှတ်တမ်းဓါတ်ပုံ- နိုဝင်ဘာလ ၂ ရက်နေ့က အနုပညာရှင် Lady Gaga ကို တွေ့ရစဉ်

လာမယ့်ဗုဒ္ဓဟူးနေ့မှာ ၄၆ ဆက်မြောက် အမေရိကန် သမ္မတအဖြစ် အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ Lady Gaga က နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပြီး နာမည်ကြီး အနုပညာရှင် Jennifer Lopez ကတော့ အမေရိကန်လွှတ်တော် အနောက်မျက်နှာစာမှာ ပြုလုပ်မယ့် ဂီတဖျော်ဖြေမှုကို တင်ဆက်မှာ ဖြစ်ပါတယ်။

TV ရုပ်သံကနေ မိနစ် ၉ ၀ကြာ ထုတ်လွှင့်ပေးမယ့် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အထူးအခမ်းအနားကို ရုပ်ရှင်သရုပ်ဆောင် Tom Hanks က အခမ်းနားမှူးလုပ်မယ်လို့ ပြောကြားပြီးတဲ့နောက် တနေ့မှာပဲ အခုလို နာမည်ကြီး အနုပညာရှင်တွေ ပါဝင်မယ့် အကြောင်း ကြေညာချက် ထွက်လာတာပါ။ အခမ်းအနားမှာ ပါဝင်ဖျော်ဖြေမယ့် အနုပညာရှင်တွေထဲမှာ Justin Timberlake ၊ Jon Bon Jovi ၊ Demi Lovato နဲ့ Ant Clemons တို့လည်း ပါဝင်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲ မှာ Georgetown တက္ကသိုလ် အကြီးအကဲဟောင်းဖြစ်တဲ့ တရားဟောဆရာ Leo O'Donovan က ကျမ်းသစ္စာတိုင်ပေးမှာဖြစ်ပြီး နိုင်ငံတော်အလံကိုင်တပ်ဖွဲ့ကိုတော့ ဂျော်ဂျီယာပြည်နယ်က မီးသတ်သမား Andrea Hall က ဦးဆောင်မှာ ဖြစ်ပါတယ်။

အမေရိကန် လူငယ်ကဗျာဆရာမ Amanda Gorman က ဂုဏ်ပြုကဗျာကို ရွတ်ဆိုမှာဖြစ်သလို Delaware ပြည်နယ် Wilmington က Bethel African မက်သဒစ် ဘုရားကျောင်းက တရားဟောဆရာ Silvester Beaman က ကောင်းချီးပေးမှာ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/joe-biden-inaugration-movies-stars-and-singers/5738421.html

Joe Biden ကျမ်းသစ္စာကျိန်ဆိုပွဲ နာမည်ကျော်အနုပညာရှင်များ ပါဝင်မည် Joe Biden ကျမ်းသစ္စာကျိန်ဆိုပွဲ နာမည်ကျော်အနုပညာရှင်များ ပါဝင်မည် Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.