တရုတ်မှာ COVID-19 ကူးစက်မှု ပြန်များနေ၊ အင်ဒိုနီးရှားမှာ ကာကွယ်ဆေး စထိုး

တရုတ်နိုင်ငံ Beijing မြို့ရှိ ဆေးရုံတခုရဲ့ အပြင်ဘက်မှာ ကိုဗစ်ရောဂါရှိ၊ မရှိစစ်ဆေးဖို့ တန်းစီနေကြသူများ။ (ဇန်နဝါရီ ၁၄၊ ၂၀၂၁)

ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ခဲ့ပုံကို စုံစမ်းစစ်ဆေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ပညာရှင်အဖွဲ့တဖွဲ့ တရုတ်နိုင်ငံကိုရောက်ရှိသွားချိန်မှာပဲ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေပါတယ်။ တရုတ်နိုင်ငံမှာ ဒီနေ့ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ ယောက် ရှိခဲ့ပြီး ဒါဟာ လပေါင်းများစွာအတွင်းမှာ ပထမဆုံးသေဆုံးတာဖြစ်ပါတယ်။ ဒါ့အပြင် ကူးစက်သူ ၄,၆၃၅ ယောက်ရှိတာကြောင့် ကူးစက်သူ စုစုပေါင်း ၈၇,၈၄၄ ယောက်ရှိသွားပြီဖြစ်ပါတယ်။

ဟေလုံဂျန်းပြည်နယ်မှာတော့ ကူးစက်သူ ၄၃ ယောက်ရှိခဲ့ပြီး အများစုက Suihua မြို့ကဖြစ်တယ်လို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ အခုလတ်တလောကူးစက်မှုတွေ စိုးရိမ်စရာအကောင်းဆုံးဖြစ်နေတဲ့ Hebei ပြည်နယ်မှာတော့ နောက်ထပ် ကူးစက်သူ ၈၁ ယောက်ရှိခဲ့ပြီး ၁၄ ယောက်ကတော့ ပြည်ပက ပြန်လာသူတွေဖြစ်တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံမှာ လာမယ့် တရုတ်နှစ်သစ်ကူးပွဲတော် မတိုင်ခင်မှာ ကူးစက်မှုတွေမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ဘေဂျင်း အပါအဝင် Hebei ပြည်နယ်နဲ့ တခြားနေရာတွေက လူပေါင်း သန်း ၂၀ ကျော်ကို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေဖို့ အသွားအလာကန့်သတ်မှု အမျိုးမျိုး ချမှတ်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို တရုတ်နိုင်ငံ Sinovac ဆေးကုမ္ပဏီက ထုတ်တဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို စတင်ထိုးပေးနေပြီဖြစ်ပါတယ်။ ပထမအဆင့် ကာကွယ်ဆေးထိုးတဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်းကျော် နဲ့ အစိုးရဝန်ထမ်း ၁၇.၄ သန်း ကျော်ကို ထိုးပေးသွားဖို့ စီစဉ်ထားပြီး လူဦးရေ စုစုပေါင်း သန်း ၂၇၀ ထဲက ၃ ပုံ ၂ ပုံကို ထိုးပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီနေ့ ပထမဆုံးထိုးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၂၅ ယောက်ကတော့ ဂျကာတာမြို့ Cipto Mangunkusumo ဆေးရုံက ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/china-covid-indonesia/5737116.html

တရုတ်မှာ COVID-19 ကူးစက်မှု ပြန်များနေ၊ အင်ဒိုနီးရှားမှာ ကာကွယ်ဆေး စထိုး တရုတ်မှာ COVID-19 ကူးစက်မှု ပြန်များနေ၊ အင်ဒိုနီးရှားမှာ ကာကွယ်ဆေး စထိုး Reviewed by THITHTOOLWIN on 00:34 Rating: 5

No comments:

Powered by Blogger.