အာရှဒေသမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဆိုးရွားနေ

အိန္ဒိယနိုင်ငံ Ahmedabad မြို့မှာ ကြက်ငှက်တုပ်ကွေး ပြန့်ပွားမှုကို PPE ဝတ်စုံပြည့်ဝတ်ထားပြီး ငှက်တကောင်ကို စစ်ဆေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၃၊ ၂၀၂၁)

အာရှတိုက်က ကြက်မွေးမြူရေးလုပ်တဲ့သူတွေဟာ နှစ်ပေါင်းများစွာအတွင်း ဒေသတွင်းမှာ အဆိုးရွားဆုံး ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ရင်ဆိုင်နေရပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါဟာ ဂျပန်နိုင်ငံကနေ အိန္ဒိယနိုင်ငံအထိဖြစ်နေပြီး ဒီအခြေအနေကြောင့် ကြက်သားစျေးတွေ မတည်မငြိမ်ဖြစ်နေပြီးတော့ ပြန်တည်ငြိမ်မယ့် အရိပ်လက္ခဏာလည်း မတွေ့ရသေးဘဲဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ ကြက်ကောင်ရေ သန်း ၂၀ ကျော် သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။

H5N8 ဗိုင်းရပ်စ်ပိုးဟာ ပြီးခဲ့တဲ့တပတ်က အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပြီး အဲဒီမှာရှိတဲ့ ပြည်နယ် ၁၀ ခုကို ကူးစက်ကုန်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကြက်သားထုတ်လုပ်မှု ဆဋ္ဌမမြောက် အများဆုံးနိုင်ငံဖြစ်ပါတယ်။

ဒီ ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်မှုက အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့သမျှထဲမှာတော့ အဆိုးရွားဆုံးတွေထဲက တခုဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက တိရစ္ဆာန်ကျန်းမာရေးကျွမ်းကျင်သူ Mohinder Oberoi က ပြောပါတယ်။ ကျီးကန်းတွေနဲ့ ဘဲတွေမှာလည်း ရောဂါပိုး အများအပြားရှိပြီး လူတွေက ကျီးကန်းတွေမှာရှိတဲ့ ရောဂါပိုးတွေကို ကြောက်ကြပါတယ်။ ကျီးကန်းတွေက အဝေးကြီးပျံနိုင်ပြီး ကြက်တွေကို ကူးစက်နိုင်ရုံတင်မဟုတ်ဘဲ လူတွေကိုလည်း ကူးနိုင်ပါတယ်။

ဥရောပတိုက်မှာလည်း ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှုတွေ အဆိုးဆုံးဖြစ်နေချိန်မှာ အခုလို အာရှမှာလည်း ဖြစ်လာနေတာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/asia-bird-flu/5737160.html

အာရှဒေသမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဆိုးရွားနေ အာရှဒေသမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဆိုးရွားနေ Reviewed by THITHTOOLWIN on 00:23 Rating: 5

No comments:

Powered by Blogger.