လူ ၃၀ ထက် ပိုပြီးစုဝေးရင် အရေးယူမယ်လို့ နေပြည်တော်ကောင်စီ သတိပေး

လူ ၃၀ ထက် ပိုပြီးစုဝေးရင် အရေးယူမယ်လို့ နေပြည်တော်ကောင်စီ သတိပေး နေပြည်တော်အဝင်ဂိတ်မှာ ခရီးသွားတွေကို စစ်ဆေးနေတာ ၂၀၂၀ စက်တင်ဘာ ၃ ရက်နေ့ကတွေ့ရစဉ် / Photo: Thiha Tun/RFA

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရရုံးစိုက်ရာ ပြည်ထောင်စု နယ်မြေဖြစ်တဲ့ နေပြည်တော်မှာ လူ ၃၀ ထက်ပိုပြီး စုဝေးရင် တည်ဆဲဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူမှာဖြစ်ပြီး မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ နေပြည်တော်ကောင်စီ က ဇန်နဝါရီလ ၂၂ ရက် မနေ့က ကြေညာလိုက်ပါတယ်။

အစိုးသစ် ဖွဲ့စည်းရေး ဆောင်ရွက်မယ့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ မစခင် အမျိုးသား ရေးလှုပ်ရှားသူတွေက နေပြည်တော်မှာ တပ်မတော်ထောက်ခံပွဲတွေ လှုပ်ရှားမှုတွေလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက် အခုလိုကြေညာချက်ထွက်လာတာဖြစ်ပါတယ်။

လက်ရှိကပ်ဘေးကာလအတွင်း တခြားမြို့တွေကနေ နေပြည်တော်ကို လာမယ်ဆိုရင် နေပြည်တော် အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးကြပ်မတ်ခံရမှာဖြစ်ပြီး စောင့်ကြည့်ရေးစခန်းမှာ ဆေးစစ်ခံပြီးမှ သွားခွင့်ရှိတာဖြစ်ပါတယ်။ 

ဒီလို မြို့အဝင်ဂိတ်တွေမှာ စစ်ဆေးနေပေမယ့်လည်း တစ်ချို့က စစ်ဆေးမှု မခံယူဘဲ ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်းတွေကတဆင့် ကားပေါ်ကဆင်းပြီး ဆိုင်ကယ်လမ်းတွေ၊ ကျေးရွာချင်းဆက်လမ်း တွေ၊ ရှောင်ကွင်းလမ်းတွေကနေတဆင့် တရားမဝင် ဝင်ရောက်နေတာကြောင့် တည်ဆဲဥပဒေတွေနဲ့ အရေးယူတာလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ။ 

နေပြည်တော်ကို ရှောင်ကွင်းလမ်းတွေကတဆင့် နေ့စဉ် တရားမဝင်ဝင်နေတာ တစ်လကို ပျှမ်းမျှလူဦးရေ ၂၀၀ လောက် ရှိတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ဒီလိုခိုးဝင်လာတဲ့သူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့တာလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နေပြည်တော်ကောင်စီက တာဝန်ရှိသူတွေကတော့ အခုလို နေပြည်တော် အဝင်အထွက်တွေ တင်းကျပ် ဆောင်ရွက်ရတာဟာ နေပြည်တော်လုံခြုံရေးနဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်သာဖြစ်ပြီး တခြားရည်ရွယ်ချက်မရှိဘူးလို့ မီဒီယာတွေမှာ ပြောထားပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ၂၀၂၀၊ သြဂုတ်လကစပြီး ၂၀၂၁ ၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထိ ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုလူနာ ၁၂၁၉ ဦးရှိပြီး၊ သေဆုံးသူကတော့ ရှစ်ဦး ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/naypyitaw-council-warns-not-crowd-01222021020852.html

လူ ၃၀ ထက် ပိုပြီးစုဝေးရင် အရေးယူမယ်လို့ နေပြည်တော်ကောင်စီ သတိပေး  လူ ၃၀ ထက် ပိုပြီးစုဝေးရင် အရေးယူမယ်လို့ နေပြည်တော်ကောင်စီ သတိပေး Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.