စစ်တွေတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

နိရဉ်စရာ၊ ဇနျနဝါရီ ၂၀ / ၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်တွင်  အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါအမျိုးသားမှာ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက် အကွက်(၃)တွင်နေထိုင်သော နာမည်မှာ ဦးဘဒေါင်း (၄၇  နှစ်)ဖြစ်သည်။

သူသည် ဇန်နဝါရီ ၁၉ ရက်နေ့ ညနေ ၇ နာရီခွဲခန့်က ၎င်း၏နေအိမ်တွင် ကြိုးဆွဲချ သေဆုံးသွားခြင်းဖြစ်ကြောင်း ကုန်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ကျာ်စိန်က ပြောသည်။  

ဦးမောင်ကျော်စိန်က̏  မနေ့ ညနေက သေဆုံးသွားတာဖြစ်တယ်။ အိမ်မှာ လူမရှိတဲ့အချိန်ပေါ့။ သူ့မိန်းမ ပြောတာက စကားများတာ ရန်ဖြစ်တာမရှိဘူး။ အဲသလို ပြောတယ်။ ရဲက လာပြီး စစ်ဆေးတာရှိတယ်။ ပြီးတော့ ဆေးရုံကို ယူသွားတယ်။ သူကြိုးဆွဲချသွားတဲ့ ကြိုးက နည်းနည်း ကြီးတယ်။ အိမ်ရဲ့ ခေါင်ရိုးက ကြိုးဆွဲချတာပါ။ ̋ဟု ပြောသည်။

သေဆုံးသွားသူ အမျိုးသားသည် ဟိန္ဒူလူမျိုးဖြစ်ပြီး သားသမီးနှစ်ဦးရှိ၍ သုံးဘီးဆိုင်မောင်းနှင်ကာ လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးသွားသူ ဦးဘဒေါင်းတွင် မိသားစု၏ အကျပ်အတည်း ရှိနေမည်ဟုထင်မိသဖြင့် ယခုကဲ့သို့ သေဆုံးသွားခြင်းဖြစ်နိုင်သည်ဟု ဟိန္ဒူဘာသာရေး ဂေါပကဥက္ကဋ္ဌ ဦးဘုလု(ခ)ဦးစံလှက ပြောသည်။

၄င်းက ̏ သူ့မှာတော့ ငွေတချို့ ချေးယူထားတာရှိတယ်လို့ ကြားမိတယ်။ အကြွေးလာတောင်းတဲ့ သူတွေရှိတယ်။ အဲဒါကြာင့် စိတ်ညစ်ပြီး ဒီလို လုပ်သွားတာထင်တယ်။ သူ့မိသားစု အကြာင်းကိုတော့ သေချာမသိဘူး။ ကျနော်လည်း ကြားမိတာပါ။ အခုတော့ အဲဒီအလောင်းကို ဆေးရုံမှာ ခွဲစိတ်လို့ပြီးပြီ။ ဘယ်တော့ အလောင်းကိုချမယ် မသိသေးဘူး။ ̋ ဟု ပြောသည်။

၄င်းသေဆုံးမှုနှင့်ပတ်သက်၍ စစ်တွေမြို့၊ အမှတ်(၁) ရဲစခန်းအား ဖုန်းဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုပြောဆိုခြင်း မရှိခဲ့ပါ။

၂၀၂၁ နှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက်၊  စစ်ဘေးရှောင်များခိုလှုံနေသော ရန်အောင်မြေကျောင်းတိုက်၌ သက်တော် (၃၂ နှစ်)အရွယ် ကိုယ်ရင်ကြီးတစ်ပါး  ကြိုဆွဲချသေဆုံးသွားကြာင်းလည်း သိရှိရသည်။


ဇွဲဓန (ကိန်းသာမြေ)

Narinjara

https://www.facebook.com/narinjara.info

စစ်တွေတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး စစ်တွေတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.