ဂုဏ်ပြုတပ်ဖွဲ့ နှုတ်ဆက်ပွဲအပြီး သမ္မတထရမ့်ပ် ဖလော်ရီဒါ ခရီးဆက်ပြီ

Air Force One လေယာဉ်ပေါ်မှာ လက်ပြနှုတ်ဆက်နေသည့် သမ္မတထရမ့်ပ်နှင့် သမ္မတကတော် Melania Trump ။ ဇန်နဝါရီ ၂၀၊ ၂၀၂၁

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ သမ္မတအိမ်ဖြူတော်ကနေ Marine One ရဟတ်ယာဉ်နဲ့ Andrew လေတပ်အခြေစိုက်စခန်းကို ရောက်သွားပြီးတဲ့နောက် အဲဒီကနေ Air Force One လေယာဉ်နဲ့ ဖလော်ရီဒါပြည်နယ်ကို ခရီးဆက်သွားပြီဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်း အိမ်ဖြူတော်ကထွက်ခွာချိန်မှာ သမ္မတထရမ့်ပ်က သူ့ရဲ့သမ္မတသက်တမ်းဟာ "ဘဝတသက်တာ ဂုဏ်ယူစရာ" အဖြစ် ပြောခဲ့ပါတယ်။

Andrew လေတပ်စခန်းမှာ ကော်ဇောနီခင်း၊ ဂုဏ်ပြုတပ်ဖွဲ့က တီးမှုတ်ပြီး သေနတ် ၂၁ ချက် ပစ်ဖောက်တဲ့ နှုတ်ဆက်အခမ်းအနား ကျင်းပခဲ့တာမှာ ဧည့်သည်တော် ၂၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

"အံ့မခန်းဖွယ် လေးနှစ်တာကာလပါပဲ။ ကျနော်တို့ အများကြီး အောင်မြင်ခဲ့ပါတယ်" လို့ Andrew လေဆိပ်မှာလုပ်တဲ့ နှုတ်ဆက်ပွဲအတွင်း သမ္မတထရမ့်ပ်က ပြောသွားပါတယ်။

ဒါ့အပြင် နောက်တက်မယ့် အစိုးရအဖွဲ့အနေနဲ့ အောင်မြင်မှုရစေဖို့လည်း သမ္မတထရမ့်ပ်က ဆုတောင်းစကားပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင် ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတဖြစ်လာတော့မယ့် Joe Biden နာမည်ကိုတော့ ထည့်ပြောမသွားပါဘူး။

သမ္မထထရမ့်ပ် ဖလော်ရီဒါကို ရောက်သွားချိန်လောက်မှာပဲ မစ္စတာဘိုင်ဒန်ဟာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာပါ။

သမ္မတထရမ့်ပ်အနေနဲ့ နိုင်ငံရေးရည်မှန်းချက် ဘယ်လိုရှိတယ်ဆိုတာ အပါအဝင် အနာဂတ်မှာ ဘာလုပ်မယ်ဆိုတာကတော့ ရေရေရာရာ မသိရသေးပါဘူး။

အင်္ဂါနေ့ကထုတ်ပြန်တဲ့ ဗွီဒီယို နှုတ်ဆက်စကားထဲမှာတော့ "ကျနော်တို့စတင်ခဲ့တဲ့ လှုပ်ရှားမှုဟာ အစပဲရှိသေးတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါမျိုး ဘယ်တုံးကမှ မရှိဖူးသေးပါဘူး။ နိုင်ငံဟာ နိုင်ငံသားတွေအတွက်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုက ယိမ်းယိုင်သွားမှာမဟုတ်ဘဲ နေ့စဉ်နဲ့အမ ျှ ကြီးထွားလာမှာပဲဖြစ်ပါတယ်" လို့ သမ္မတထရမ့်ပ်က ပြောခဲ့ပါတယ်။


VOA (Burmese)

https://burmese.voanews.com/a/president-leaves-for-florida-after-a-send-off-ceremony-at-andrew-joint-air-force-base/5744889.html

ဂုဏ်ပြုတပ်ဖွဲ့ နှုတ်ဆက်ပွဲအပြီး သမ္မတထရမ့်ပ် ဖလော်ရီဒါ ခရီးဆက်ပြီ ဂုဏ်ပြုတပ်ဖွဲ့ နှုတ်ဆက်ပွဲအပြီး သမ္မတထရမ့်ပ် ဖလော်ရီဒါ ခရီးဆက်ပြီ Reviewed by THITHTOOLWIN on 21:29 Rating: 5

No comments:

Powered by Blogger.