မူဆယ်မြို့ မီးသွေးတင် ယာဉ်မောင်းတဦး သေနတ်ပစ်ခံရ

ဇန်နဝါရီ ၂၂ ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅) မိုင်အုပ်စုအနီးတွင် မီးသွေးတင်ဆောင်လာသည့် ကားဆရာတဦး ယမန်နေ့ မနက်၂နာရီခွဲတွင်  သေနတ်ပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့နယ် (၁၀၅) မိုင် အုပ်စု အောက်နမ့်ဟွမ်ကျေးရွာ ဘောလုံးကွင်းအနီးတွင် ဇန်နဝါရီ (၂၁) ရက် မနက် ၂ နာရီခွဲအချိန်တွင် မီးသွေးတင်ဆောင်လာသည့် ကားဆရာကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ ဆိုင်ကယ် ၂ စီးကို ၃ ဦးစီးလာပြီး ကားကို ရပ်ခိုင်းပြီး ကားသမား၏ ပေါင်ကို သေနတ်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။

“ဆိုင်ကယ်နဲ့  ၂ စီးလိုက်လာတယ်။ ၃ ယောက် လာတယ်။ တစ်ခါတည်း ကားရပ်ခိုင်းတယ် ကားမီးတွေ အကုန်ပိတ်ခိုင်းတယ်။ စက်တောင် မရပ်သေးဘူး ကားဆရာနားလာပြီး ပစ်တယ်” ဟု အမည်မဖော်လို သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူသည် အသက် (၄၀) ဝန်းကျင်ရှိပြီး လွယ်လောင်ကျေးရွာ ကောင်းဝိုင်းကျေးရွာအုပ်စု နမ့်ခမ်းမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“ခု မူဆယ်ဆေးရုံမှာပါ။ ဒီနေ့ ခွဲစိတ်မှု ခံယူနေပါတယ်” ဟု အမည်မဖော်လိုသူ တစ်ဦး ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မူဆယ်မြို့မရဲစခန်းကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

 သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များ၊ မြန်မာ့တပ်မတော်များ နှင့် ပြည်သူ့စစ်များ လှုပ်ရှားရာ နယ်မြေများဖြစ်ပြီး၊ မကြာခဏ ဆက်ကြေးကောက်ခံရခြင်း၊ ကားသမားများ သေနတ်ပစ်ခံရခြင်းဖြစ်ခဲ့ပြီး တရားခံ တကြိမ်တခါမျှ မမိခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မူဆယ်မြို့ မီးသွေးတင် ယာဉ်မောင်းတဦး သေနတ်ပစ်ခံရ မူဆယ်မြို့ မီးသွေးတင် ယာဉ်မောင်းတဦး သေနတ်ပစ်ခံရ Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.