မျိုးဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေကို အမေရိကန်လေ့လာစုံစမ်းနေ

Serbia နိုင်ငံ Belgrade မြို့မှာ ကိုဗစ်စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၀)

ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါ ဆက်လက် ကူးစက်ပျံ့နှံ့နေတာနဲ့အတူ ထပ်ပြီးတွေ့လာရတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေအကြောင်း သိရှိအောင် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်နေပါတယ်။ အဲဒီ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ်တွေအပေါ် ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ကုသထုံးတွေရဲ့ သက်ရောက်မှုကို လေ့လာနေတယ်လို့ အမေရိကန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC အကြီးအကဲ Dr. Rochelle Walensky ကပြောပါတယ်။ စောင့်ကြည့်မှုပိုင်းမှာရော ရောဂါပိုး ဗီဇဘယ်လိုပြောင်းသလဲဆိုတဲ့ လေ့လာမှုပိုင်းမှာပါ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။

ကမ္ဘာတဝန်းမှာ ကိုဗစ်ရောဂါ အတည်ပြုလူနာ သန်း ၁၀၀ နီးပါး၊ သေဆုံးသူ ၂,၀၀၀,၀၀၀ ကျော်ရှိနေပါတယ်။ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ်တွေကို အမှီထိန်းချုပ်နိုင်အောင်လုပ်ရမယ့် အခြေအနေဖြစ်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ်အဖြစ် သမ္မတ Joe Biden ရွေးချယ်ထားတဲ့ Vivek Murthy ကလည်းပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ စတင်တွေ့ခဲ့ရတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ဟာ အရင်ကတွက်ဆထားတာထက်ကို လူတွေ ပိုပြီး အသေအပျောက်များစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အဲဒီပိုးသစ်တွေကို လက်ရှိ ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ကာကွယ်နိုင်တယ်လို့ ယုံကြည်ထားကြတာပါ။ ဒါပေမဲ့ တောင်အာဖရိကနိုင်ငံမှာ တွေ့ရှိတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ကတော့ ပိုပြီး ကူးစက်လွယ်သလို လက်ရှိရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေနဲ့ သိပ်ပြီး မထိရောက်ဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-main-varient/5750612.html

မျိုးဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေကို အမေရိကန်လေ့လာစုံစမ်းနေ မျိုးဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေကို အမေရိကန်လေ့လာစုံစမ်းနေ Reviewed by THITHTOOLWIN on 00:16 Rating: 5

No comments:

Powered by Blogger.