ဖလမ်းမြို့၌ လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ လူနေအိမ်(၆)လုံး မီးလောင်ကျွမ်းပျက်စီးပြီး အမျိုးသမီးနှစ်ဦး သေဆုံး

ဖလမ်း ဇန်နဝါရီ ၁၂

 ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ လမ်းဆုံထီးရိပ်အနီး ဗိုလ်ချုပ်လမ်းဘေးရှိ ဒေါ်မန်းလှယ်ဇိန်း နေအိမ်တွင် လျှပ်စစ်မီးဖိုအား အိပ်ယာဘေးတွင် ဖွင့်၍ အိပ်စဉ် အပူလွန်ကဲရာမှ ဇန်နဝါရီ ၁၂ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က လူနေအိမ်(၆)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ဖလမ်းမြို့မရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်နေ ဒေါ်မန်းလှယ်ဇိန်းသည် အပူပေးသည့် လျှပ်စစ်မီးဖိုအား အိပ်ယာဘေးတွင် ဖွင့်၍အိပ်စဉ် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်ကျွမ်းမှုကြောင့် အိမ်ရှင် ဒေါ်မန်းလှယ်ဇိန်း (၆၉)နှစ် နှင့် ဒေါ်ရဇိန်း အသက်(၄၂)နှစ်တို့ သေဆုံးသွားခဲ့ သည်။

 မီးလောင်မှုကြောင့် ဒေါ်မန်းလှယ်ဇိန်း နေအိမ် (၃၀×၃၀)ပေ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂)ထပ်အိမ် (၁)လုံး၊ ဦးရွန်ရဲမ်ထွန် နေအိမ် (၃၀×၄၀)ပေ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၁)ထပ်အိမ် (၁)လုံး၊ ဦးကြည်ဟဲမ် နေအိမ် (၃၀×၂၀)ပေ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂)ထပ် (၁)လုံး၊ ဦးဟရမ်ဒိမ်း နေအိမ် (၃၀×၂၀)ပေ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂)ထပ် (၁)လုံး၊ ဒေါ်ဟရိန်သျှမ်း နေအိမ်( ၃၀×၂၀)ပေ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂)ထပ် (၁)လုံး၊ ဦးဇော်ထွဏ်း နေအိမ် (၂၀×၂၀)ပေ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂)ထပ် (၁)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုများအား နီးစပ်ရာဆွေမျိုးများထံသို့ ပြောင်းရွှေ့ထားကြောင်း  သိရသည်။ 


ခရိုင်( ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဖလမ်းမြို့၌ လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ လူနေအိမ်(၆)လုံး မီးလောင်ကျွမ်းပျက်စီးပြီး အမျိုးသမီးနှစ်ဦး သေဆုံး ဖလမ်းမြို့၌ လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ လူနေအိမ်(၆)လုံး မီးလောင်ကျွမ်းပျက်စီးပြီး အမျိုးသမီးနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 00:41 Rating: 5

No comments:

Powered by Blogger.