တကြိမ်ပဲထိုးရမယ့် ကိုဗစ်ကာကွယ်ဆေးသစ် အလားအလာကောင်း

Johnson & Johnson ကုမ္ပဏီမှာ ကိုဗစ် ကာကွယ်ဆေးစမ်းသပ်နေတဲ့ မြင်ကွင်း။ (ဇွန် ၁၇၊ ၂၀၂၀)

ကိုဗစ် ၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်မယ့် ကာကွယ်ဆေးနောက်တမျိုး မကြာခင်မှာ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ Johnson & Johnson ကုမ္ပဏီက စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ ကနဦး အစောပိုင်းအဆင့်တွေမှာ စေတနာဝန်ထမ်းအဖြစ်နဲ့ ပါဝင်စမ်းသပ်ခဲ့ကြတဲ့ လူငယ်တွေမှာရော လူကြီးတွေမှာပါ ပြင်းထန်တဲ့ ကိုယ်ခံစွမ်းအားတွေ ဖြစ်ပေါ်စေတာကို တွေ့ရှိရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် New England ဆေးပညာဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။

Johnson & Johnson က အခုစမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ Pfizer-BioNTech နဲ့ Moderna တို့က ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေလို မဟုတ်ဘဲ တကြိမ်ပဲ ထိုးရမှာဖြစ်ပြီး လွယ်လွယ်ကူကူ သယ်ယူပို့ဆောင်နိုင်သလို အချိန်အတော်ကြာလည်း ရေခဲသေတ္တာထဲမှာ ထားနိုင်တာဖြစ်ပါတယ်။

ဒီကာကွယ်ဆေးကို အခုအခါမှာ စေတနာ့ဝန်ထမ်း ၄၅,၀၀၀ နဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီး Johnson & Johnson ကုမ္ပဏီကတော့ ရှေ့လလောက်မှာ အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကနေ အရေးပေါ်အသုံးပြုခွင့်ရဖို့အတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ဒီဆေးကို အတည်ပြုချက်ရပြီးတာနဲ့ ကာကွယ်ဆေး သန်း ၁၀၀ အထိ ပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရနဲ့ ကုမ္ပဏီကြားမှာ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ စာချုပ် ချုပ်ဆိုထားပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/johnson-n-johnson-vaccine-covid/5737182.html

တကြိမ်ပဲထိုးရမယ့် ကိုဗစ်ကာကွယ်ဆေးသစ် အလားအလာကောင်း တကြိမ်ပဲထိုးရမယ့် ကိုဗစ်ကာကွယ်ဆေးသစ် အလားအလာကောင်း Reviewed by THITHTOOLWIN on 00:26 Rating: 5

No comments:

Powered by Blogger.