ဇလုပ်ဝိုင်းအနီး မြေယာမှု ရုန်းရင်းဆန်ခတ်ဖြစ်ရာက တစ်ဦးထပ်မံသေဆုံး

မုံရွာဂေဇက်

မုံရွာ၊ဇန်နဝါရီ-၁၂

မုံရွာမြို့၊ချမ်းမြဝတီရပ်ကွက်၊ရွှေဇလုပ်အဝိုင်းအနီး မြေနေရာတစ်ခု (ကျေးရွာဘောလုံးကွင်း) တွင် ယနေ့မွန်းလွဲပိုင်းက ခြံလာခတ်ရာ၊ မြေယာပိုင်ဆိုင်မှု အငြင်းပွားပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရာကတဆင့် နောက်ထပ်တစ်ဦး ထပ်မံသေဆုံးသည်။

ခြံခတ် အလုပ်သမားအဖွဲ့မှ နန္ဒဝန်ရပ်ကွက်နေ အသက် ၃၃နှစ်ရှိ အမျိုးသားတစ်ဦးသည် ဦးခေါင်းနောက်စေ့ပြတ်ရှ၊ ယာဘက်ချိုစောင်းပြတ်ရှဒဏ်ရာနှင့် ဓါးဖြင့်ခုတ်ခံရသည့် ဒဏ်ရာများရရှိခဲ့ပြီး ညနေ ၅ နာရီခန့်က မုံရွာဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

ထို့အတွက် ယခုဖြစ်စဉ်တွင် နှစ်ဦးသေဆုံးမှု ရှိခဲ့ခြင်းဖြစ်သည်။

" ခြံစည်းရိုးခတ်တဲ့ သေတဲ့ဘက်ကနေ ပုဒ်မ၃၀၂၊၃၃၆၊၃၂၃၊၁၄၄တို့နဲ့ အမှု့ဖွင့်ထားပါတယ်။လောလောဆယ်မှာ ရွာဘက်ကတော့ အမှုလာဖွင့်ထားတာမရှိသေးပါဘူး "ဟု ဒုရဲအုပ်ကျော်ထိုက်က ပြောသည်။

ဇလုပ်အဝိုင်းမြို့ပတ်လမ်း အနောက်ဖက်အနီးရှိ ယခုအငြင်းပွား မြေနေရာတွင် ရန်ကုန်မှ ဒေါ်စောလုလုထွန်းက ၄င်းပိုင်ဆိုင်သောမြေကွက်ဟုဆိုကာ အလုပ်သမား ၈ဦးဖြင့် နေ့လည်နှစ်နာရီခန့်က ခြံဝင်းခတ်ခြင်းဖြစ်သည်။

ယင်းသို့ ခြံဝင်းခတ်နေစဉ် ခြံခတ်အလုပ်သမားများနှင့် ရွာခံများ နှစ်ဖက်အပြန်အလှန်ခိုက်ရန်ဖြစ်ပွားရာက နှစ်ဦးသေဆုံးသည်အထိ ဖြစ်ခဲ့သည်။

ခြံခတ်အလုပ်သမားအဖွဲ့မှ အသက် ၁၇ နှစ်ရှိ အမျိုးသား တစ်ဦးသည် မုံရွာဆေးရုံကြီးတွင် ညနေ ၃နာရီကျော်က ကနဦးသေဆုံးခဲ့ပြီး ၊ ယခု နောက်ထပ်တစ်ဦး ထပ်မံသေဆုံးခြင်း ဖြစ်သည်။

ရွှေဇလုပ်ရပ်ကွက်မှ အမျိူးသားနှစ်ဦးသည် လည်း ဓါးဖြင့် ခုတ်ခံရသည့် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး မုံရွာပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။


Monywa Gazette

https://www.facebook.com/monywagazette/

ဇလုပ်ဝိုင်းအနီး မြေယာမှု ရုန်းရင်းဆန်ခတ်ဖြစ်ရာက တစ်ဦးထပ်မံသေဆုံး ဇလုပ်ဝိုင်းအနီး မြေယာမှု ရုန်းရင်းဆန်ခတ်ဖြစ်ရာက တစ်ဦးထပ်မံသေဆုံး Reviewed by THITHTOOLWIN on 00:35 Rating: 5

No comments:

Powered by Blogger.