မိုင်းယန်းပြည်သူများ တာချီလိတ်မှပြန်လာပါက Facility Quarantine ဝင်ရမည်


ဒီဇင်ဘာ ၁ရက် ၂၀၂၀

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းပြည်သူများအနေဖြင့် တာချီလိတ်မြို့ မှ ပြန်လာသူတိုင်း Facility Quarantine ဝင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

တာချီလိတ်မြို့တွင် ကိုဗစ်- ၁၉ ကူးစက်မှူနှုန်းမြင့်တက်လာသဖြင့် မိုင်းယန်းမြို့ပြည်သူများ အရေးကြီးကိစ္စမရှိပါက တာချီလိတ်သို့ မသွားကြရန် ယမန်နေ့ ( ဒီဇင်ဘာ ၁ရက်) တွင်  မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ကြေညာခဲ့သည်။

“ တာချီလိတ်ကနေပြီးတော့မှ ဒီတစ်ပတ်အတွင်း ရောဂါပြန်ပွားမှုက အရမ်းများလာတယ်။ အပျော်းအပါးတွေ၊ ဈေးဝယ်တာတွေ မလိုအပ်ဘဲမသွားရအောင်လို့ထုတ်ထားလိုက်တာပါ” ဟု မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက် က သျှမ်းသံတော်ဆင့် ကို ပြောသည်။ 

အရေးပေါ်ခရီးထွက်ရမည်ဆိုပါက ထောက်ခံစာထုတ်ပေးမည်ဖြစ်ပြီး ပြန်ရောက်လာပါက Facility Quarantine ဝင်ရမည် ဖြစ်ကြောင်းသိရသည်။ 

“ အရေးပေါ်သွားစရာရှိရင်တော့ ထောက်ခံစာထုတ်ပေးမယ်။ ပြန်လာရင်တော့ သက်ဆိုင်ရာ ကျန်းမားရေး ဌာနကထုတ်ပြန်ထားတဲ့အတိုင်း Quarantine  ဝင်ကိုဝင်ရမှာ ဖြစ်တယ်” ဟု ဦးဇော်လင်းထက်ကပြောသည်။ 

တာချီလိတ်ကို သွားပြီး ပြန်လာပြီးဆိုပါက Quarantine ဝင်ပါက ကျန်းမားရေးဌာန မှ ကျန်းမားရေး ဆိုင်ရာဆောင်ရွက်ပေးမည်ဖြစ်ပြီး စားသောက်ရေးပိုင်းတွင် မိမိဘာသာ စီစဉ်ရမည်ဖြစ်ကြောင်း ဦးဇော်လင်းထက်က ဆိုသည်။ 

လက်ရှိ အချိန်ထိ မိုင်းယန်းမြို့နယ်တွင် Quarantine ဝင်နေသူများ ၉ ယောက်ရှိကာ ၊ထိုအပြင်အမျိုးသမီးများအတွက် လုံခြုံမှူပိုရှိစေရန်အတွက် ကင်းလှည့်စောင့်များဖြင့် စောင့်ကြပ်ပေးနေကြောင်း ဦးဇော်လင်းထက် က ထပ်လောင်းပြောသည်။ 

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မနက်ပိုင်းအချိန်တွင်  ကိုဗစ် ၁၉ အတည်ပြုလူနာ ၅၃ ဦးရှိကြောင်း သိရသည်။


စိုင်းဆိုင်လှိုင်း/ သျှမ်းသံတော်ဆင့်

SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မိုင်းယန်းပြည်သူများ တာချီလိတ်မှပြန်လာပါက Facility Quarantine ဝင်ရမည် မိုင်းယန်းပြည်သူများ တာချီလိတ်မှပြန်လာပါက Facility Quarantine ဝင်ရမည် Reviewed by THITHTOOLWIN on 21:18 Rating: 5

No comments:

Powered by Blogger.