သမ္မတ ဦးဝင်းမြင့် ရန်ကုန်က ပြန်လာပြီး ကွာရန်တင်းဝင်နေ၊ ကျန်းမာရေးကောင်းမွန်

ဓာတ်ပုံ-သမ္မတရုံး

ဒီဇင်ဘာ ၉ ရက်က ပြုလုပ်တဲ့ ဗီဒီယိုကွန်ဖရန်းဇင်းစနစ်နဲ့ နိုင်ငံတကာဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ သမ္မတ ဦးဝင်းမြင့်


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ရန်ကုန်က သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ သွားရောက်တင်ခဲ့ပြီးနောက် ပုံမှန်အတိုင်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကွာရန်တင်းဝင်ရောက်နေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက နေပြည်တော် အိမ်တော်သတင်းထောက်များဂရုမှာ ဖြေကြားခဲ့ပါတယ်။

သမ္မတဟာ ကျန်းမာရေး အထူး ကောင်းမွန်ပြီး  ဘာမှ စိတ်ပူစရာမရှိကြောင်းလည်း သူက ဆိုပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူပေါင်း တစ်သိန်းကျော်ရှိပြီး ဒီဇင်ဘာ ၇ရက်ထိ ကူးစက်သူတွေထဲက ၈၀ ရာခိုင်နှုန်းခန့်ဟာ ဆေးရုံတွေက ဆင်းသွားကြပြီဖြစ်တယ်လို့လည်း ဦးဇော်ဌေးကဆိုပါတယ်။ 

စစ်ဆေးပိုးတွေ့သူတွေကို သက်ဆိုင်ရာဆေးရုံတွေနဲ့ ကိုဗစ်ကုသရေးဌာနတွေမှာ ကုသပေးနေပြီး မိမိအိမ်မှာပဲနေပြီး ကုသနေတာဟာ သိပ်ကို အန္တရာယ် များကြောင်းနဲ့ ရောဂါဝေဒနာ ဆိုးရွားလာပြီး မနိုင်မနင်း ဖြစ်မှ ဆေးရုံကို ရောက်လာမယ် ဆိုရင် အသက်အန္တရာယ် ဆုံးပါးဖို့လည်း ရာခိုင်နှုန်း များတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ 

ဒါ့အပြင် ကိုဗစ်ရှိမရှိ ကိုယ့်ဘာသာ စစ်ဆေးတဲ့အခါမှာလည်း Test Kit တွေဟာ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီတဲ့ Test Kit ဖြစ်ဖို့လိုသလို ဘယ်ရက်မှာ စစ်ဆေးတယ် ဆိုတဲ့အချက်ကလည်း အရေးကြီးကြောင်းနဲ့ ပြည်သူလူထုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လွယ်လွယ်ကူကူ စစ်ဆေးနိုင်ဖို့အတွက် ပုဂ္ဂလိကဆေးရုံတွေမှာ တရားဝင် စနစ်တကျ စစ်ဆေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။


BBC Burmese

https://www.facebook.com/BBCnewsBurmese

သမ္မတ ဦးဝင်းမြင့် ရန်ကုန်က ပြန်လာပြီး ကွာရန်တင်းဝင်နေ၊ ကျန်းမာရေးကောင်းမွန် သမ္မတ ဦးဝင်းမြင့် ရန်ကုန်က ပြန်လာပြီး ကွာရန်တင်းဝင်နေ၊ ကျန်းမာရေးကောင်းမွန် Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.