ဧရာဝတီတိုင်းအစိုးရ တစ်ဖွဲ့လုံး ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးမည်

ဧရာဝတီတိုင်းအစိုးရ တစ်ဖွဲ့လုံး ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးမည် ၂ဝ၂ဝ နိုဝင်ဘာလကုန်ပိုင်းက ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံးမှာ တွေ့ရတဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်။

ဓာတ်ပုံ - ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်

ဧရာဝတီတိုင်း အစိုးရတစ်ဖွဲ့လုံး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးမယ်လို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးဝင်းဌေးက RFA ကို အတည်ပြုပြောပါတယ်။

စည်ပင်ဝန်ကြီးဦးကျော်မြင့်မှာ မနေ့က ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အစိုးရအဖွဲ့အတွင်း လုံခြုံစိတ်ချရအောင် မနက်ဖြန်မှာ ဆေးစစ်ကြမှာလို့ဆိုပါတယ်။

“ဝန်ကြီးဦးကျော်မြင့် Positive ဖြစ်တာနဲ့ ပတ်သက်ပြီး၊ တိုင်းကျန်းမာက သဘောထားမှတ်ချက် ပေးတာကြောင့် မနက်ဖြန်ကျလို့ ရှိရင် Swab ယူပြီးတော့ စစ်မယ်၊ အစိုးရအဖွဲ့ တစ်ဖွဲ့လုံး စစ်သင့်တယ်။ စစ်ပြီးသွားလို့ရှိရင် ငါးရက်လောက်တော့ Work from Homeသဘောနဲ့ အိမ်မှာပဲ အသွားအလာ ကန့်သတ်နေမယ်၊ ဦးကျော်မြင့်က ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံးတက်သွားသေးတာကြောင့် တိုင်းကျန်းမာရေးရဲ့ ညွှန်ကြားချက်အတိုင်း လုပ်မှာပါ " လို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်အားလုံးအပြင် တိုင်းဥပဒေချုပ်ကိုပါ ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးမယ်လို့သိရပါတယ်။

အစိုးရအဖွဲ့ဝင်အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးခံပြီးနောက် နေအိမ်မှာ ၅ ရက်ကြာ အသွားအလာကန့်သတ်နေထိုင်ပြီး အစိုးရလုပ်ငန်းတွေ လုပ်ဆောင်ကြမှာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/irrawaddy-regional-government-officials-will-get-coronavirus-test-12102020115417.html

ဧရာဝတီတိုင်းအစိုးရ တစ်ဖွဲ့လုံး ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးမည် ဧရာဝတီတိုင်းအစိုးရ တစ်ဖွဲ့လုံး ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးမည် Reviewed by THITHTOOLWIN on 00:02 Rating: 5

No comments:

Powered by Blogger.