ကိုဗစ် ကာကွယ်ဆေး - အမေရိကန်မှာ ဖိုင်ဇာ ကာကွယ်ဆေးကို ရက်ပိုင်းအတွင်း အသုံးပြုနိုင်ခြေရှိ

ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန (CDC) က အစိုးရအရာရှိတွေက နိုင်ငံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၂၁ သန်းနဲ့ ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာတွေမှာ နေနေကြတဲ့ သက်ကြီးရွယ်အို ၃ သန်းကို ပထမ ဦးစားပေးပြီး ကာကွယ်ဆေးထိုး ပေးသွားမယ့်အကြောင်း

အမေရိကန် အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) က ဖိုင်ဇာ ဘိုင်ယွန်တက်ခ် (Pfizer-BioNTech) ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရေးအတွက် ခွင့်ပြုချက်ပေးဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

FDA ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ "အဆုံးသတ်အတည်ပြုဖို့နဲ့ ခွင်ပြုချက်ပေးဖို့အတွက် အမြန် လုပ်ဆောင်နေတယ်" လို့ရေးသားထားပါတယ်။

အမေရိကန်အစိုးရ ကျန်းမာရေးဝန်ကြီး အဲလက်စ် အက်ဇာက ၂ ရက် ၃ ရက်အတွင်း ဒီကာကွယ်ဆေးကို အတည်ပြုသင့်တယ်လို့ ပြောပါတယ်။

ဖိုင်ဇာ ကာကွယ်ဆေးကို လူထုအတွက်သုံးစွဲဖို့အတွက် ဗြိတိန်၊ ကနေဒါ၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေမှာ အတည်ပြုထားပြီးပါပြီ။

ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန်မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စံချိန်တင်မြင့်တက်ခဲ့ပြီး လူ ၃၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒီထိခိုက်မှုပမာဏဟာ ကမ္ဘာပေါ်မှာ နေ့တစ်နေ့အတွင်း ကိုဗစ်ကြောင့် သေဆုံးရနှုန်း အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

FDA ကို အကြံပေးနေတဲ့ ကျန်းမာရေးပညာရှင်တွေက အရေးပေါ်အသုံးပြုဖို့အတွက် ဒီဆေးကို အတည်ပြုပေးဖို့ ကြာသပတေးနေ့တုန်းက အကြံပြုခဲ့ကြပါတယ်။ ပညာရှင် ၂၃ ယောက်ပါတဲ့ အဲဒီအဖွဲ့က ဆေးရဲ့ အကျိုးကျေးဇူးတွေက သူ့ကြောင့်ဖြစ်လာနိုင်ထက် အန္တရာယ်ထက်စာရင် များစွာ သာလွန်နေတဲ့အကြောင်း သဘောတူသုံးသပ်ပေးခဲ့ကြပါတယ်။

မစ္စတာ အက်ဇာက ရောဂါကူးနိုင်ခြေအများဆုံးဖြစ်နေတဲ့လူတွေအတွက် တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့လောက်ကျရင် ဒီကာကွယ်ဆေးထိုးနိုင်ရေးအတွက် အမေရိကန်အစိုးရအနေနဲ့ ဖိုင်ဇာကုမ္ပဏီနဲ့ အတူပူးပေါင်းကာ ကာကွယ်ဆေးတွေ သယ်ပို့ပေးနိုင်အောင် လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလနှောင်းပိုင်းလောက်မှာ အမေရိကန်အတွက် ကာကွယ်ဆေး အလုံးရေ ၆ သန်း ၄ သိန်း ပေးနိုင်ရေးအတွက် ဖိုင်ဇာက စီစဉ်ထားပါတယ်။ လူတစ်ယောက်အတွက် ကာကွယ်ဆေး ၂ လုံးထိုးဖို့ လိုအပ်တာကြောင့် ဒီပမာဏဟာ အမေရိကန် စုစုပေါင်းလူဦးရေ သန်းပေါင်း ၃၃၀ ထဲက လူပေါင်း ၃ သန်းအတွက် လုံလောက်ပါလိမ့်မယ်။


ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန (CDC) က အစိုးရအရာရှိတွေက နိုင်ငံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၂၁ သန်းနဲ့ ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာတွေမှာ နေနေကြတဲ့ သက်ကြီးရွယ်အို ၃ သန်းကို ပထမ ဦးစားပေးပြီး ကာကွယ်ဆေးထိုး ပေးသွားမယ့်အကြောင်း ပြောပါတယ်

ဦးစားပေးအဆင့် နောက်အုပ်စုတွေက ဘယ်လိုအုပ်စုမျိုးလဲ ဆိုတာကိုတော့ အခုအချိန်မှာ မဆုံးဖြတ်နိုင်ကြသေးပါဘူး။ နောက်တစ်ဆင့်ဟာ နိုင်ငံတစ်ဝန်းက မရှိမဖြစ်အလုပ်သမားပေါင်း ၈၇ သန်းအတွက် ဖြစ်လာလိမ့်မယ်လို့ မှန်းဆကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပြည်နယ်အလိုက် ဘယ်လုပ်ငန်းတွေက အလုပ်သမားတွေလဲ ဆိုတာကို ဆုံးဖြတ်ကြရဦးမှာပါ။

ရောဂါဖြစ်ဖို့ အန္တရာယ်နှိုင်းယှဉ်မှုအရ နည်းပါးတဲ့ အုပ်စုတွေကတော့ ၂၀၂၁ နွေဦးရာသီလောက်မှ ကာကွယ်ဆေးထိုးရနိုင်ခြေရှိတယ်လို့လည်း အစိုးရ အရာရှိတွေက ပြောပါတယ်။

နောက်ထပ် ကာကွယ်ဆေး တစ်မျိုးဖြစ်တဲ့ မိုဒါးနား (Moderna) ကာကွယ်ဆေးအတွက်လည်း ထုတ်လုပ်သူတွေက အမေရိကန်မှာအရေးပေါ် အသုံးပြုခွင့် ခွင့်ပြုချက်ရဖို့ ပန်ကြားထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55278632

ကိုဗစ် ကာကွယ်ဆေး - အမေရိကန်မှာ ဖိုင်ဇာ ကာကွယ်ဆေးကို ရက်ပိုင်းအတွင်း အသုံးပြုနိုင်ခြေရှိ ကိုဗစ် ကာကွယ်ဆေး - အမေရိကန်မှာ ဖိုင်ဇာ ကာကွယ်ဆေးကို ရက်ပိုင်းအတွင်း အသုံးပြုနိုင်ခြေရှိ Reviewed by THITHTOOLWIN on 23:52 Rating: 5

No comments:

Powered by Blogger.