မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၁,၇၃၉ ဦး၊ သေဆုံး ၂၁၅၁ ဦး

ရန်ကုန်မြို့ရှိ လမ်းတခုတွင် နှာခေါင်းစည်းတပ် လာသွားလမ်းလာတချို့ကို တွေ့ရ။ (ဒီဇင်ဘာ ၀၈၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID 19 လူနာ အသစ် ၁,၃၀၈ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိကူးစက်သူပေါင်းက ၁၀၁,၇၃၉ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၃,၃၄၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ရောဂါကူးစက်ထားသူ ၁၃၀၀ ကျော်ကိုတွေ့ရှိခဲ့တာပါ။

ဒီကနေ့ သေဆုံးသူက ၁၉ ယောက်ရှိတဲ့ အတွက် စုစုပေါင်း သေဆုံးသူ ၂,၁၅၁ ယောက်ရှိပါတယ်။

အတည်ပြုလူနာတွေထဲ ပြန်လည်ကျန်းမာလာပြီး ဆေးရုံကဆင်းခွင့်ရသူက အခုထိ ၈၀,၇၂၆ ယောက်ရှိပါတယ်။

ဒီကနေ့ သေဆုံးတဲ့ လူနာ ၁၉ ယောက်မှာ ၁၇ ယောက်က ရောဂါ အခံရှိတဲ့ သူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း COVID 19 ရောဂါ ကူးစက်မှုနှုန်း ကျဆင်းမသွားသေးတာကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ကန့်သတ်မှုအသစ်တွေတိုးမြှင့်လုပ်ဆောင်နေသလို၊ COVID19 ကူးစက်မှု သံသယရှိသူတွေကို ထားမယ့် သီးခြားခွဲစောင့်ကြည့်နေရာတွေနဲ့ ကုသရေးစင်တာတွေကိုလည်း တိုးမြှင့်ဖွင့်လှစ်နေရပါတယ်။

ပြည်သူလူထုအနေနဲ့ ညွှန်ကြားချက်တွေကို အခုထက်ပိုပြီး တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရင် ရောဂါဖြစ်ပွါးတဲ့နှုန်း ကျဆင်းလာမှာဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5691510.html

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၁,၇၃၉ ဦး၊ သေဆုံး ၂၁၅၁ ဦး မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၁,၇၃၉ ဦး၊ သေဆုံး ၂၁၅၁ ဦး Reviewed by THITHTOOLWIN on 00:46 Rating: 5

No comments:

Powered by Blogger.