ကိုဗစ်ကာကွယ်ဆေးရဖို့ အာရှနိုင်ငံတွေ ပြင်ဆင်လုပ်ဆောင်နေ

ကိုဗစ် ကာကွယ်ဆေးပုလင်း။ (ဒီဇင်ဘာ ၀၈၊ ၂၀၂၀)

ကမ္ဘာတဝန်းက ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Pfizer, BioNTech, Moderna နဲ့ AstraZenaca ကုမ္ပဏီတွေက စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတာကို ပြသပြီး ကာကွယ်ဆေးအဖြစ်အသုံးပြုဖို့အတွက် အတည်ပြုချက်စောင့်နေချိန်မှာပဲ အာရှဒေသအပါအဝင် ကမ္ဘာနိုင်ငံအသီးသီးကလည်း ဒီကာကွယ်ဆေးတွေကိုရယူဖို့ ပြင်ဆင်ထားကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံက Pfizer ကုမ္ပဏီက ကာကွယ်ဆေး ၁၂.၈ သန်းကို ဝယ်ဖို့ သဘောတူထားပြီး အဲဒီထဲက ကာကွယ်ဆေး ၁,၀၀၀,၀၀၀ ကို ပထမအသုတ်အနေနဲ့ရှေ့နှစ် ပထမ ၃ လ ပတ်မှာ Pfizer ကုမ္ပဏီက ပို့သွားမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်ကတော့ AstraZeneca ကုမ္ပဏီဆီကနေ ကာကွယ်ဆေ။ ၂.၆ သန်းဝယ်ဖို့သဘောတူထားပြီး နောက်ထပ် ၁,၀၀၀,၀၀၀ ဝယ်ဖို့လည်း ဆွေးနွေးနေပါတယ်။ ဒါ့အပြင် Sinovac ကုမ္ပဏီကနေ ကာကွယ်ဆေး သန်း ၂၀ ကနေ သန်း ၅၀ အထိ ဝယ်ဖို့လုပ်နေသလို Pfizer အပါအဝင် တခြားကုမ္ပဏီတွေကလည်း ဝယ်ဖို့လုပ်ဆောင်နေပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ Sinovac ကုမ္ပဏီကနေ ကာကွယ်ဆေးအလုံးရေ ၁၂၅ သန်းခွဲနဲ့ Novavax ကုမ္ပဏီကနေ သန်း ၃၀ ဝယ်ဖို့သဘောတူထားပါတယ်။ ဒါ့အပြင် AstraZeneca နဲ့ Pfizer ကုမ္ပဏီတွေဆီကနေ သန်း ၅၀ စီ ဝယ်ဖို့ ဆွေးနွေးနေပြီး COVAX အစီအစဉ်ကနေ ၁၆ သန်း ဝယ်ဖို့မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ဗီယက်နမ်နိုင်ငံကတော့ COVAX အစီအစဉ်ကနေ ဝယ်ဖို့ သဘောတူထားပေမဲ့ သူတို့ လူဦးရေရဲ့ ၂၀% လောက်အတွက်ပဲ ရထားပြီး ကာကွယ်ဆေးတွေ ထပ်လိုတဲ့အတွက် နောက်ထပ် သီးခြားသဘောတူညီမှုတွေ ထပ်လုပ်သွားနိုင်ခြေ ရှိတယ်လို့ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/vaccine-covid-asia/5695672.html

ကိုဗစ်ကာကွယ်ဆေးရဖို့ အာရှနိုင်ငံတွေ ပြင်ဆင်လုပ်ဆောင်နေ ကိုဗစ်ကာကွယ်ဆေးရဖို့ အာရှနိုင်ငံတွေ ပြင်ဆင်လုပ်ဆောင်နေ Reviewed by THITHTOOLWIN on 00:08 Rating: 5

No comments:

Powered by Blogger.