မြန်မာ COVID-19 ရောဂါ ကူးစက်သူ ၈၆,၆၃၃ ဦး၊ သေဆုံးသူ ၁,၈၆၅ ဦးရှိပြီ

ကုန်တင်ကားမောင်းသူတဦးကို ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့မှာ တွေ့ရ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၂၈ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၉ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၆ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၈,၁၉၇ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၁၁၄,၆၉၇ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၈၆၅ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၈၆,၆၃၃ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၃၂၇ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၆၅,၉၇၂ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၈.၁၅% ရှိပြီး ပြန်ကောင်းလာသူ ၇၅.၉% ၊ သေဆုံးနှုန်းက ၂.၁၇% ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

ဒီနှုန်းတွေအရဆိုရင် မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနှုန်းနဲ့ သေဆုံးနှုန်းတွေ လျော့ကျမသွားသေးဘူးဆိုတာ တွေ့နေရပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5678739.html

မြန်မာ COVID-19 ရောဂါ ကူးစက်သူ ၈၆,၆၃၃ ဦး၊ သေဆုံးသူ ၁,၈၆၅ ဦးရှိပြီ မြန်မာ COVID-19 ရောဂါ ကူးစက်သူ ၈၆,၆၃၃ ဦး၊ သေဆုံးသူ ၁,၈၆၅ ဦးရှိပြီ Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.