မြန်မာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဆက်လက်မြင့်တက်နေဆဲ

ရန်ကုန်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦးကို သဂြိုင်္ဟ်ပြီး တွေ့ရသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့ ၃၆ ယောက်အထိ မြင့်တက်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၆ ယောက်မှာ ရောဂါအခံရှိသူက ၂၃ ယောက်ပါဝင်ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၆ ရက်အတွက် အတည်ပြုလူနာကလည်း ၁,၆၃၉ ယောက်ဖြစ်တာမို့ ၈၅,၀၀၀ ကျော်သွားပါပြီ။

လောလောဆယ်အထိ အတည်ပြုလူနာ စုစုပေါင်း ၈၅,၂၀၅ ယောက် သေဆုံးသူ စုစုပေါင်း ၁,၈၄၆ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ရသူ စုစုပေါင်း ၆၄,၆၄၅ ယောက်ဖြစ်ပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာက ၂၀,၁၁၈ ခုဖြစ်ပါတယ်။


ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကာလမှာ အကြွေးပြန်ဆပ်ဖို့ ခက်ခဲနေတဲ့ အသေးစား ချေးငွေလုပ်ငန်းတွေအတွက် အကြွေးဆပ်ရမယ့်ရက်ကို တချို့တိုင်းနဲ့ ပြည်နယ်တွေမှာ ဧပြီလအထိ ရွှေ့ဆိုင်းပေးထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍားရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-case/5677407.html

မြန်မာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဆက်လက်မြင့်တက်နေဆဲ မြန်မာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဆက်လက်မြင့်တက်နေဆဲ Reviewed by THITHTOOLWIN on 00:49 Rating: 5

No comments:

Powered by Blogger.