မြန်မာအလုပ်သမားတွေကို ငွေညှစ်နေတဲ့ ထိုင်း လဝက အတုဂိုဏ်း ဖြိုခွဲခံရ

မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်လာသည့်ကားကို ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးနေသည်မြင်ကွင်း

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်နဲ့ ရနောင်းခရိုင်တွေမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ လဝက အတုဂိုဏ်းကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်း လူဝင်မူကြီးကြပ်ရေးတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုဝင်ဘာလ (၂၂) ရက်နေ့က ပြုလုပ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန သတင်းစာရှင်းလင်းပွဲ အကြောင်း ဗွီအိုသတင်းထောက် မ အေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လဝက ဗျူရိုရုံးမှာနိုဝင်ဘာလ ၂၂ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်းလဝက ဒုရဲချုပ် Sompong Chingduang စုန်ဖုန်ချင်ဒူဝင်က ံချွန်ဘူရီခရိုင် နဲ့ ရနောင်းခရိုင်တွေမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများနဲ့နိုင်ငံခြားသားအလုပ်သမားတွေကို လဝက အယောင်ဆောင်ပြီး ဖမ်းဆီးငွေညစ်နေတဲ့ ထိုင်းနိုင်ငံသားတွေဦးဆောင်တဲ့ဂိုဏ်းကို ဖမ်းမိကြောင်းအခုလိုပြောသွားပါတယ် ။

မြန်မာနဲ့လာအိုဝ့်ကမ္ဘောဒီယားစတဲ့ တရားမဝင် အလုပ်သမားတွေကိုလိုက်ရှာဖမ်းဆီးပြီး ငွေရှာတဲ့ဂိုဏ်းဖြစ်ပါတယ် ။ အဲဒီ နိုင်ငံခြားသားအလုပ်သမားတွေဆီက ငွေသာမက ရွေပါလည်းရွေ တွေကိုချွတ်ယူနေတဲ့ဂိုဏ်းဖြစ်တယ် ။ ကျနော်တို့ အဲဒီသတင်းနဲပတ်သက်လို့ စုံစမ်းနေတာကြာပါပြီ ။အချိန်ယူပြီးစောင့်ကြည့်ပြီးမှာ အခုတော့သူတို့ရှိတဲ့နေရာကို လိုက်ရှာဖမ်းနိုင်ခဲ့ပါတယ်။ သူတို့အသုံးပြုနေတဲ့လဝကရဲအမှတ်တံဆိပ်ပါတဲ့ကားတွေကိုတော့သက်သေခံပစ္စည်းအဖြစ်သိမ်းနိုင်ခဲ့တယ် ၊ ဆိုပြီး ထိုင်းဘာသာနဲ့ပြောဆိုသွားတာပါ။

ရှင်းလင်းချက်ထဲမှာတော့ ထိုင်းနိုင်ငံသား Wisanu Khankalo နိုင်ဝိစနု ခန်ကလို ဦးဆောင်တဲ့ ဂိုဏ်းဝင်(၆)ဦးဟာ ချွန်ဘူရီနဲ့ရနောင်း ခရိုင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားအများစုကို ဖမ်းဆီးမူ ငွေညှစ်မှု ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေ သိမ်းယူနေတွေ ကျူးလွန်နေခဲ့တာ နှစ်နှစ်ကျော် ရှိနေပြီလို့လည်းပြောဆိုသွားပါတယ်"

လဝက အတုဂိုဏ်းဟာ ရဲနဲ့ သက်ဆိုင်တဲ့ ကား၊ ဝတ်စုံ၊တဆိပ်အတုတွေသုံးပြီး တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးကာ ရဲကားအေယောင်ဆောင်ကားပေါ်မှာတင်ပြီး ငွေညှစ် တောင်းခံနေတာဖြစ်ပြီး သူတို့ကို အရးယူဖမ်းဆီးပေးဖို့ သက်သေခံ ရုပ်သံဖိုင်တွေနဲ့အတူ မြန်မာအလုပ်သမားတွေနဲ့ ထိုင်းလုပ်ငန်းရှင်တွေက တိုင် ကြားခဲ့ကြတာကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့တွေဟာ ဒီလဝက အတုဂိုဏ်းကို နောက်ယောင်ခံစုံစမ်းဖေါ်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာမြန်မာနိုင်ငံသား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး အများစုကတော့တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thailand-immigration-migrant-workers/5674269.html

မြန်မာအလုပ်သမားတွေကို ငွေညှစ်နေတဲ့ ထိုင်း လဝက အတုဂိုဏ်း ဖြိုခွဲခံရ မြန်မာအလုပ်သမားတွေကို ငွေညှစ်နေတဲ့ ထိုင်း လဝက အတုဂိုဏ်း ဖြိုခွဲခံရ Reviewed by THITHTOOLWIN on 01:38 Rating: 5

No comments:

Powered by Blogger.