ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူများနှင့် ကွင်းဆက်များဖော်ထုတ်


နေပြည်တော် နိုဝင်ဘာ ၂၇ 

ရန်ကုန်မြို့  ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထား သူများနှင့်   ကွင်းဆက်များအား ဖော်ထုတ်ဖမ်းဆီးရမိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏   သတင်းထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ နိုဝင်ဘာ  ၂၄  ရက်  မွန်းလွဲပိုင်းတွင် လူအုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားမည်ဟု သတင်းရရှိသဖြင့်     ရဲတပ်ဖွဲ့ဝင်များက  သတင်းရရှိသည့်    နေရာတစ်ဝိုက်      စောင့်ကြည့်     ဆောင်ရွက်နေစဉ်       ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၆၆)ရပ်ကွက်    ဧရာဝဏ်လမ်းဘေးတွင် မော်တော်ယာဉ်တစ်စီးနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်  (၆၆) ရပ်ကွက် နေသူများဖြစ်သည့်  မြရွှေ (၆၁) နှစ်၊ မျိုးကိုကို (၂၈)နှစ်နှင့် ဖြိုးသူအောင် (၂၉) နှစ်တို့  သုံးဦးအား    မသင်္ကာဖွယ် တွေ့ရှိစစ်ဆေးရှာဖွေခဲ့ရာ   ဖြိုးသူ အောင်  လွယ်ထားသော  လွယ်အိတ် အတွင်းမှ  ၉  မမ    ပစ္စတိုသေနတ်               တစ်လက်၊       ကျည်အိမ်တစ်ခု၊ ယင်းကျည်   ၁၀   တောင့်၊   မျိုးကိုကို  လွယ်ထားသော     လွယ်အိတ်          အတွင်းမှ  ပွိုင့်  ၂၂  ပစ္စတိုသေနတ် တစ်လက်၊       ကျည်အိမ်တစ်ခု၊   ယင်းကျည် ၁၂ တောင့်နှင့်   ဓားဦးချွန် တစ်ချောင်းတို့ကို    သိမ်းဆည်းရမိ ခဲ့ကြောင်း။ 

စစ်ဆေးချက်အရ      ၎င်းတို့                 သုံးဦးသည် လောင်းကစားပြုလုပ်ကြသူများဖြစ်ပြီး နယ်မြေဒေသ အသီးသီး သို့ လှည့်လည်၍ လောင်းကစားပြုလုပ် ကြကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၂၀) ရပ်ကွက်နေ အမျိုးသား တစ်ဦးက     ၎င်း၏သားဖြစ်သူ အရိုက်ခံခဲ့ရသဖြင့်     လာရောက် ခြိမ်းခြောက်  ကြိမ်းမောင်းပြောဆိုခဲ့ သည်ကို     မကျေနပ်သောကြောင့် ခိုက်ရန်ပြုရန်အတွက်   သေနတ်များ   သိုဝှက်ယူဆောင်၍    တစ်ဖက်အဖွဲ့ အား      စောင့်နေစဉ်    ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း        သိရှိရသဖြင့်    အမှုဖွင့်အရေးယူ       ဆောင်ရွက်ခဲ့  သည်။

အဆိုပါကိစ္စနှင့်   ပတ်သက်၍ ဆက်စပ်တရားခံ      တစ်ဦးအား ဆက်လက်ဖော်ထုတ်ခဲ့ရာ  သံလျင် မြို့နယ်  ဘုရားကုန်းကျေးရွာနေအိမ် ခြံဝင်းတစ်ခုမှ  ဂက်စ်ဖြင့်  ပစ်ခတ်ရ သည့် သေနတ်အရှည်ရှစ်လက်၊ အတို လေးလက်နှင့်   ထည့်သွင်းအသုံးပြု ရသော   ဘောစေ့များ၊  ဒူးလေး တစ်လက်၊         သေနတ်တွင်   တပ်ဆင်သည့်    ဂက်စ်အိုးငယ် ၁၁ ခု၊ ဂက်စ်ဖြည့်ဘူး  ခုနစ်ဘူး၊  စနိုက်ပါ မှန်ပြောင်းသုံးခု၊ ကင်ဒိုဓားတစ်ချောင်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ပြည်သူလူထု၏    အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာ ယာရေးနှင့်    တရားဥပဒေ စိုးမိုးရေး အတွက်     ဥပဒေမဲ့ လက်နက် ကိုင်ဆောင်ခြင်းများကို  ဆက်လက် အရေးယူ   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း   သိရသည်။ 


Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူများနှင့် ကွင်းဆက်များဖော်ထုတ် ရန်ကုန်မြို့  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌  လက်နက်ကိုင်ဆောင်ထားသူများနှင့် ကွင်းဆက်များဖော်ထုတ် Reviewed by THITHTOOLWIN on 02:59 Rating: 5

No comments:

Powered by Blogger.