မူဆယ်တွင်ပေါက်ကွဲမှုဖြစ်ပွား


နို၀င်ဘာလ ၂၉ ရက် ၂၀၂၀

သျှမ်ုးပည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂၉) မနက် ၆နာရီခွဲခန့်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။

 မူဆယ်မြို့၊ ကောင်းမူးတုံ ရပ်ကွက် ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်အမှတ် ကမလ ၄၄၆၊  ဦးလောဝ်ကောဝ် နေအိမ်ခြံဝင်းအတွင်းသို့ ဆိုင်ကယ်သမား လူနှစ်ဦးက ဗုံး ပစ်ပေါက်ခဲ့သည့်အတွက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ 


အသံမိုင်းသာဖြစ်သဖြင့် လူထိခိုက်မှုမရှိကြောင်းအုပ်ချုပ်ရေးမှူးအဖွဲ့ကွင်းဆင်းစစ်ဆေးပြီးအတည်ပြုပြောဆိုသည်။ 

ယခုဖြစ်စဉ်မှာ လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်နိုင်ဖွယ်ရှိကြောင်းလည်း ရပ်ကွက်သားများပြောပြချက်အရသိရသည်။ သို့သော် လက်သည်ကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။


ပြီးခဲ့သည့်တပတ်ကလည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးသည်။ 


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မူဆယ်တွင်ပေါက်ကွဲမှုဖြစ်ပွား မူဆယ်တွင်ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:55 Rating: 5

No comments:

Powered by Blogger.