ဓနုဖြူတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာမှ လူသုံးဦး မီးဟပ်ဒဏ်ရာရ


ဓနုဖြူ  ၂၇  နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီရိဇေယျာလမ်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်းက မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောင်နောင်ဦးဆောင်သော မီးသတ်တပ်အဖွဲ့ဝင်(၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍  မီးငြှိမ်းသတ်ယဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြိှမ်းသတ်ခဲ့ရာ ၀ဝး၄၅ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

ဖြစ်စဉ်မှာ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီရိဇေယျလမ်းနေ ဦးမျိုးလွင်၏ နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ အိမ်အကာဝါးထရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၂၈×၁၂)ပေ သွပ်မိုး၊ ဝါးထံရံ/သွပ်ကာ၊ ပျင်ခင်း နှစ်ထပ်လူနေအိမ်နှင့် မီးကူးစက်ခံရသော ဦးစိုးသန်း၏ (၁၃×၂၃)ပေ သွပ်မိုး၊ ဝါးထံရံကာ၊ ပျင်ခင်း လူနေအိမ်(၁)လုံး၊ ဒေါ်ခင်မာချို ၏ (၁၅×၂၆)ပေ သွပ်မိုး၊ ဝါးထံရံကာ၊ ပျင်ခင်း လူနေအိမ်(၁)လုံး၊ ဦးချမ်းသာ၏ (၁၃×၁၇)ပေ သွပ်မိုး၊ ဝါးထံရံကာ၊ ပျင်ခင်း လူနေအိမ်(၁)လုံး စုစုပေါင်း လူနေအိမ်(၄)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး  စုစုပေါင်း(၃)ဦး မီးဟပ်ဒဏ်ရာ(မစိုရိမ်ရ)များ ရရှိခဲ့သဖြင့် ဓနုဖြူမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


ထက်ဝေဖြိုး(ပြန်ဆက်)

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

ဓနုဖြူတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာမှ လူသုံးဦး မီးဟပ်ဒဏ်ရာရ   ဓနုဖြူတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာမှ လူသုံးဦး မီးဟပ်ဒဏ်ရာရ Reviewed by THITHTOOLWIN on 00:17 Rating: 5

No comments:

Powered by Blogger.