ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဓားထိုးမှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ


နေပြည်တော်  ၂၉  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီ ၅၅ မိနစ်က ဓားထိုးမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ်လဲ့လဲ့ဦး(၄၇)နှစ်သည် ခင်ပွန်းဖြစ်သူ ဦးအောင်မျိုးသန်းနှင့်အတူ မိခင်ဖြစ်သူ ဒေါ်မြထွေးအား ဆေးခန်းသို့ လိုက်လံပို့ဆောင်ရန် မိခင်ဖြစ်သူနေအိမ်သို့ သွားရောက်စဉ် ရှင်တစ်ရာလမ်းပေါ်အရောက်၌ ဦးအောင်မျိုးသန်း၏ ညီဖြစ်သူ အာကာ(ခ) လူပေါ(၃၀)နှစ်မှ ၎င်းအား အိမ်ခန်းဖယ်ခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ မကျေနပ်သဖြင့် ဦးအောင်မျိုးသန်းနှင့် မလဲ့လဲ့ဦးတို့အား အသင့်ပါလာသော အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဖြင့်ထိုးခဲ့ရာ ဦးအောင်မျိုးသန်းနှင့် ဒေါ်လဲ့လဲ့ဦးတို့တွင် ထိုးသွင်းဒဏ်ရာများရရှိ၍ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ဆေးကုမှုခံယူနေစဉ် ဦးအောင်မျိုးသန်းမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားသောကြောင့် အစ်မဖြစ်သူ ဒေါ်လဲ့လဲ့မျိုး (၃၉)နှစ်မှ အရေးယူပေးပါရန် တိုင်တန်းချက်အရ အာကာ(ခ)လူပေါအား ဒဂုံမြောက်ပိုင်းမြို့မရဲစခန်း (ပ)၁၅၆၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


(ရဲပြန်ကြား)

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews/

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဓားထိုးမှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဓားထိုးမှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 01:43 Rating: 5

No comments:

Powered by Blogger.