မြောက်ဦးဆေးရုံ၌ အသက်ရှုကျပ်၍ သေဆုံးသူအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိ


နိရဥၥရာ၊ ေအာက္တိုဘာ ၂၃ /၂ဝ၂ဝ

ယနေ့ မွန်းလွဲ ၃ နာရီခန့်က မြောက်ဦးမြို့ဆေးရုံသို့ အသက်ရှုကျပ်၍ ရောက်ရှိလာသော လူနာအမျိုးသမီး မှာ သေဆုံးသွားပြီးနောက် စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ မြောက်ဦးမြို့၊ ရပေါက်ဝ ရပ်ကွက်မှ အသက်(၇ဝ)အရွယ်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ အသက်ရှုကျပ်နေကြောင်းဆက်သွယ်လာသဖြင့် လူနာတင်ကားဖြင့် သယ်ယူပြီး ဆေးရုံသို့ရောက်ပြီး မိနစ်ပိုင်းအတွင်းသေဆုံးသွားခြင်း ဖြစ်သည်ဟု မြောက်ဦးမြို့ သွေးလှူရှင်များအသင်းဥက္ကဋ္ဌ ကိုအောင်သန်းထွန်းက ပြောသည်။

“ ကျွန်တော်တို့ခေါ်လာပြီး ခဏနေတာနဲ့ သေဆုံးသွားတာပါ။ သေဆုံးလို့ စစ်ဆေးလိုက်တဲ့အခါ ကိုဗစ်လူနာဖြစ်နေပါတယ်။ သင်္ဂြိုလ်ဖို့လုပ်ဆောင်နေကြပါတယ်။ မိသားစုဝင်တွေကို နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(swab) ယူပြီး စစ်နေပါပြီ။ မိသားစုဝင် အယောက်တစ်ဆယ်ကျော်ရှိမယ်” ဟု ညနေ ၄ နာရီ မိနစ် ၂ဝ က ပြောသည်။

မြောက်ဦးခရိုင်ဆရာဝန်ကြီး ဒေါက်တာခင်မောင်သန်းကလည်း သေဆုံးသူမှာ ကိုဗစ်လူနာဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

“သေသွားတာဟုတ်ပါတယ်။ ကိုဗစ်လက္ခဏာနဲ့ ဆေးရုံရောက်ပြီးတော့မကြာခင်မှာ သေသွားလို့ ကျွန်တော်တို့ swab ယူပြီး စစ်လိုက်တာပါ။ ပိုးတွေ့ပါတယ်” ဟုဒေါက်တာခင်မောင်သန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုသေဆုံးသူ အမျိုးသမီး အပါအဝင် ကိုဗစ်ဖြင့် သေဆုံးသူမှာ ၁၄ ဦးထိရှိလာပြီဖြစ်သည်။

၎င်းမှာ စစ်တွေဆေးရုံမှ ၁ဝ ဦး၊ မြောက်ဦးဆေးရုံမှ ၁ ဦး၊ ပေါက်တောဆေးရုံမှ ၁ ဦး၊ ကျောက်တော်ဆေးရုံမှ ၁ ဦးနှင့် စစ်တွေတပ်နယ်ဆေးရုံမှ ၁ ဦး၊ စုစုပေါင်း ၁၄ ဦးထိ ရှိလာပြီဖြစ်သည်။


အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info

မြောက်ဦးဆေးရုံ၌ အသက်ရှုကျပ်၍ သေဆုံးသူအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိ မြောက်ဦးဆေးရုံ၌ အသက်ရှုကျပ်၍ သေဆုံးသူအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိ Reviewed by THITHTOOLWIN on 18:46 Rating: 5

No comments:

Powered by Blogger.