အပြစ်မရှိကြောင်း ဦးကျော်မြင့် တရားခွင်မှာ ထွက်ဆို

ဓာတ်ပုံ-Kaung Zaw Hein / MPA

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်က သူ့ကို ဖမ်းဆီး အရေးယူခဲ့တဲ့ပုဒ်မတွေဟာ နဝတခေတ်က မတရားချထားတဲ့ ထောင်ဒဏ်ဖြစ်တာကြောင့် အခု ဒီမိုကရေစီ အစိုးရ လက်ထက်မှာ  အပြစ်မရှိကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။ 

ဓာတ်ပုံ-Kaung Zaw Hein / MPA

၁၉၉၉ ခုနှစ်က အကျဉ်းထောင်ပြင်ပမှာ ဆေးကုသနေတုန်း ထွက်ပြေးခဲ့တာကြောင့် ထောင်ပြေးအမှုနဲ့ ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရတဲ့ ဖျက်သိမ်းခံ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီနေ့ အောက်တိုဘာ ၂၃ ရက်က မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်တရားရုံမှာ လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ဓာတ်ပုံ-Kaung Zaw Hein / MPA

ဒီနေ့ရုံးချိန်းမှာ ဦးကျော်မြင့်ကို  PPE ဝတ်စုံ ဝတ်ထားသူ (၆) ယောက်နဲ့  ရုံးထုတ်လာတာဖြစ်ပြီး ရဲအင်အား အများအပြားနဲ့ လုံခြုံရေးယူထားတာတွေ့ရပါတယ်။  

ဒါ့အပြင် ရဲတပ်ဖွဲ့တွေက ပဋိပက္ခနှိမ်နင်းရေးမှာ သုံးတဲ့အကာအရံဒိုင်းတွေနဲ့ ကာရံထားတာလည်းတွေ့ရပြီး ဘာကြောင့် ခုလို လုပ်ဆောင်တာလဲဆိုတာကို  တာဝန်ကျ ရဲအရာရှိထံ သတင်းထောက်တွေက မေးမြန်းခဲ့ရာ  လုံခြုံရေးကြောင့်လို့ သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

ဓာတ်ပုံ-Kaung Zaw Hein / MPA

နှင်းဆီပါတီကို ဖျက်သိမ်းကြောင်းနဲ့ အဲဒီပါတီက ကိုယ်စားပြုယှဉ်ပြိုင်မယ့်အမတ်လောင်းတွေလည်း ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မရတော့ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  အောက်တိုဘာ ၁၇ ရက်မှာ ကြေညာခဲ့ပါတယ်။ 

ဓာတ်ပုံ-Kaung Zaw Hein / MPA

ဦးကျော်မြင့်ကိုလောလောဆယ်မှာ ထောင်ပြေးမှုအပြင် လဝက ဥပဒေနဲ့လည်း ထပ်တိုးအရေးယူထားပြီး သူပိုင်ဆိုင်မှုတွေထဲက တချို့ကို နိုင်ငံတော်ပိုင်အဖြစ် စိစစ်သိမ်းဆည်းထားကြောင်း ဒီကနေ့ အောက်တိုဘာ ၂၃ နေ့လယ်ပိုင်းမှာ ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောကြားပါတယ်။

ဓာတ်ပုံ-Kaung Zaw Hein / MPA


 

ဘီဘီစီမြန်မာပိုင်း

https://www.facebook.com/BBCnewsBurmese

အပြစ်မရှိကြောင်း ဦးကျော်မြင့် တရားခွင်မှာ ထွက်ဆို အပြစ်မရှိကြောင်း ဦးကျော်မြင့် တရားခွင်မှာ ထွက်ဆို Reviewed by THITHTOOLWIN on 19:04 Rating: 5

No comments:

Powered by Blogger.