မြန်မာ၊ မလေးရှားနဲ့ နီပေါက အမျိုးသမီးတွေအရေး Visa Foundation ကူညီမည်

(ဓါတ္ပံု-The Asia Foundation )


မြန်မာ၊ မလေးရှားနဲ့ နီပေါနိုင်ငံတွေက အမျိုးသမီးတွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်လာအောင် နဲ့ ကျားမ လိင် ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖြေရှင်းပေးနိုင်အောင် အကူအညီပေးဖို့ Visa Foundation နဲ့ Asia Foundation တို့ ပူးပေါင်း ဆောင်ရွက်တဲ့ စီမံချက်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။


ဒီနှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုကို Visa Foundation ရဲ့ အသေးစားနဲ့ တနိုင်တပိုင် စီးပွားရေး လုပ်ငန်းတွေကို အကူအညီပေးအပ်ရေး စီမံချက်အရ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် COVID-19 ကြောင့် ပေါ်ပေါက်လာတဲ့ ဒေသတွင်း အရေးပေါ် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့နဲ့ အမျိုးသမီးတွေရဲ့စီးပွားရေး ကဏ္ဍ တိုးမြှင့်ရေး Visa Foundation ရဲ့ရေရှည်ရည်မှန်းချက်နဲ့အညီ လုဆောင်ရွက်တာလည်း ဖြစ်ပါတယ်။


ကျားမ လိင် ကွဲပြားမှုအပေါ် အခြေခံပြီး ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေမှာ အန္တရာယ် ပိုရှိလာနေတာကို ဒီ စီမံချက်နဲ့ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီး စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်း ရှင်တွေနဲ့ ပြင်ပစီးပွားရေး အရောင်အဝယ် လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ထောက်ပံ့ကူညီပေးသွားမှာဖြစ် ပါတယ်။


ဒီစီမံချက်က အမျိုးသမီး စွန့်ဦး တီထွင် စီးပွါးရေးလုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ သင်တန်း၊ လမ်းညွှန်ချက်တွေ ချမှတ်ပေးဖို့နဲ့ တခြား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်တတ်အောင် အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီဂျစ်တယ် နည်းပညာနဲ့ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတတွေ ကြွယ်ဝလာစေဖို့၊ စီးပွါးရေးစံနှုန်း သတ်မှတ်ချက်တွေကို မြှင့်တင်ပေးဖို့နဲ့ စျေးကွက် ချဲ့ထွင်ရေးနည်းလမ်းတွေရရှိနိုင်စေဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။


ဒါ့အပြင် ကျားမ လိင် ကွဲပြားမှုအပေါ် အခြေခံပြီး ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တွေရဲ့ သဘောသဘာဝနဲ့ အဲဒီ အကြမ်း ဖက်မှုတွေကို ကာကွယ်ရေး နည်းလမ်းတွေကို သိရှိစေရေး ပညာပေး လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ အလားတူပဲ အကြမ်းဖက်ခံရသူတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးရေး ဝန်ဆောင်မှုတွေ ပေးသွားဖို့လည်း ရည်မှန်းထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/visa-and-asia-foundation-partner-to-respond-to-the-impact-of-covid-19-on-women-and-girls-in-asia-/5542853.html

မြန်မာ၊ မလေးရှားနဲ့ နီပေါက အမျိုးသမီးတွေအရေး Visa Foundation ကူညီမည် မြန်မာ၊ မလေးရှားနဲ့ နီပေါက အမျိုးသမီးတွေအရေး Visa Foundation ကူညီမည် Reviewed by THITHTOOLWIN on 18:29 Rating: 5

No comments:

Powered by Blogger.