NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး ထပ်တိုး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အသစ် ၁၂ ဦး ထပ်တိုးလိုက်ပြီး စုစုပေါင်း ၁၁၄၃ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။


ကိုယ်စားလှယ်လောင်း လျှောက်လွှာမတင်ခင်က ၁၂ ဦး တိုးလိုက်တာဖြစ်ပြီး အများစုဟာ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်မြေတွေအတွက် ထပ်တိုးတာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။


အဲဒီထပ်တိုးတဲ့ မဲဆန္ဒနယ်မြေတွေက ဘယ်နေရာတွေဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ် ပြောကြားခဲ့တာ မရှိခဲ့ပါဘူး။


ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဝေဖန်ကန့်ကွက်ခံရသူတွေထဲက ၂၀ ဦးကို ကိုယ်စားလှယ်လောင်း အသစ်တွေနဲ့ အစားထိုးအပြောင်းအလဲလုပ်ခဲ့ပါတယ်။


ပါတီအောင်နိုင်ရေးအတွက် မဖြစ်မနေလုပ်ရမယ့် အပြောင်းအလဲအချို့ လုပ်ခဲ့တာဖြစ်ပြီး ဘယ်ကိုယ်စားလှယ်လောင်းတွေကို ဘာကြောင့်အပြောင်းအလဲလုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်တာ မရှိခဲ့ပါဘူး။


၂၀၂၀ ရွေးကောက်ပွဲကို NLD ပါတီကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၁၁၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီထဲက လက်ရှိ လွှတ်တော်တက်ရောက်နေတဲ့ ကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်း ပြန်ပါဝင်ပြီး၊ ကျန် ၂၀ ရာခိုင်နှုန်းကတော့ ကိုယ်စားလှယ်လောင်း အသစ်တွေဖြစ်တယ်လို့ သိရပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး ထပ်တိုး NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး ထပ်တိုး Reviewed by THITHTOOLWIN on 18:24 Rating: 5

No comments:

Powered by Blogger.