အမေရိကန်မှာ ကိုဗစ်ဗိုင်းရပ်စ် အတည်ပြု လူ ၅ သန်းကျော်ပြီ

ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှာ အိမ်ခြေရာမဲ့တဦးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဧပြီ ၁၆၊ ၂၀၂၀)

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်ပြီး အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ သန်းကျော်သွားပြီ ဖြစ်တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြလိုက်ပါတယ်။ အဲဒီနောက် ဘရာဇီးလ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေက ဒုတိယနဲ့ တတိယအများဆုံး နိုင်ငံတွေအဖြစ် ရှိနေပါတယ်။

ဘရာဇီးလ်နိုင်ငံမှာတော့ မနေ့ကအထိ ကူးစက်သူ ၃ သန်းကျော်ရှိပြီး သေဆုံးသူက ၁ သိန်းကျော်ရှိတာကြောင့် ဘရာဇီးလ်နိုင်ငံမှာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ၁ သိန်းကျော်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။ အမေရိကန်မှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ၁၆၂,၀၀၀ ကျော် ရှိပါတယ်။

ဗစ်ကူးစက်သူ ၁၉ သန်းကျော်ပြီ

တိုင်းပြည်တွင်းမှာ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေ များနေပေမယ့်လည်း သူ့အနေနဲ့ လူတွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့အတွက် လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ပေးခဲ့တာဖြစ်လို့ သူ့အနေနဲ့ လိပ်ပြာသန့်တယ်လို့ ဘရာဇီးလ်သမ္မတ Jair Bolsonaro က ပြောပါတယ်။

Mr. Bolsanor ဟာ သူကိုယ်တိုင်လည်း ပြီးခဲ့တဲ့လက ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဗိုင်းရပ်စ် စစ်ဆေးတာတွေကို အလုံအလောက် လုပ်နိုင်ခဲ့မယ်ဆိုရင် ကူးစက်ခံရသူ အရေအတွက်ဟာ ဒီထက်မက ၆ ဆ လောက် ရှိလာနိုင်တယ်လို့ ပြောပါတယ်။

အမေရိကန်မှာတော့ နှာခေါင်းစည်း မျက်နှာဖုံးတွေကို တသမတ်တည်း မတပ်ဆင်ဘူးဆိုရင် လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ မတိုင်ခင်မှာ သေဆုံးသူဟာ ၃ သိန်းလောက် ဖြစ်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံ ကျန်းမာရေး စောင့်ကြည့်တိုင်းတာတဲ့ အဖွဲ့တခုက ထုတ်ပြန်လိုက်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid19-us/5536433.html

အမေရိကန်မှာ ကိုဗစ်ဗိုင်းရပ်စ် အတည်ပြု လူ ၅ သန်းကျော်ပြီ အမေရိကန်မှာ ကိုဗစ်ဗိုင်းရပ်စ် အတည်ပြု လူ ၅ သန်းကျော်ပြီ Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.