ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်မှာ သီတင်း ၂ ပတ် အရေးပေါ်အခြေအနေ ကြေညာ

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ဘေရွတ်မြို့

Lebanon အစိုးရဝန်ကြီးများအဖွဲ့က ဘေရွတ်မြို့ကို သီတင်း ၂ ပတ် - နိုင်ငံတော် အရေးပေါ် အခြေနေကြေညာလိုက်ပါတယ်။ ဒါ့အပြင် လူပေါင်းတရာကျော် သေဆုံးခဲ့ရတဲ့ ဘေရွတ်မြို့က ဆိပ်ကမ်းကုန်လှောင်ရုံ ပေါက်ကွဲမှုနဲ့ ဆက်နွယ်နေသူမှန်သမျှကို နေအိမ်အကျယ်ချုပ် ချထားဖို့ လည်း Lebanon အစိုးရက စစ်တပ်ကိုအမိန့် ပေးခဲ့ပါတယ်။

အင်္ဂါနေ့က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီးတဲ့ နောက်မှာအခုလို အရေးပေါ်အခြေနေ ကြေညာလိုက်တာ ဖြစ်ပြီး ဒီအခြေနေမှာ စစ်တပ်ကို အာဏာအပြည့်ပေးထားတာ ဖြစ်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွါးရတဲ့ အကြောင်းရင်း အတိအကျကို ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အခု ပေါက်ကွဲခဲ့တဲ့ သိုလှောင်ရုံတွေမှာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက အမိုနီယမ် နိုက်ထရိတ် တန်ပေါင်းများစွာ သိုလှောင်ထားတာကြောင့် ဒါနဲ့ပတ်သက်ပြီး အဓိကထား ဆန်းစစ်နေကြောင်း Lebanon အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှုကနေ ပတ်ဝန်းကျင် တခုလုံးကို ပျက်စီးစေခဲ့သလို သေဆုံးရသူက ၁၃၅ ထက်မနည်း ရှိပြီး ဒဏ်ရာရသူက ၅၀၀၀ ကျော်ရှိနေတယ်လို့ Lebanon ကျန်းမာရေးဝန်ကြီး Hamad Hassan က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဘေရွတ်အုပ်ချုပ်ရေးမှုး Marwan Abboud ကတော့ ဒီပေါက်ကွဲမှုကနေ လူပေါင်း ၃ သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားမယ်လို့ ခန့်မှန်းပါတယ်။ Lebanonဝန်ကြီးချုပ် Hassan Diab က နိုင်ငံတော်မှာ ၃ ရက်ကြာ ကြေကွဲဝမ်းနဲဖွယ်နေ့ အထိန်းအမှတ် အဖြစ်ကြေညာခဲ့ပါတယ်။

ကယ်ဆယ်ကူညီရေး အဖွဲ့တွေဟာ ဗုဒ္ဓဟူးနေ့အထိ အသက်မသေကျန်ရစ်သူတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဘေရွတ်က ဆေးရုံ ၃ ရုံ အတော်ပျက်စီးခဲ့ရသလို နောက် ဆေးရုံ ၂ ရုံမှာလည်း တချို့ အပိုင်းတွေပျက်စီးခဲ့ရတဲ့ အတွက် အပြည့်အဝ မလည်ပတ်နိုင်ဘူးလို့ WHO ကမ္ဘာကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုကနေ အဆိပ်ဓါတ်ငွေ့တွေ ထွက်လာတဲ့အတွက် နေအိမ်တွေထဲမှာပဲ နေကြဖို့ ဘေရွတ်က အမေရိကန် သံရုံးက တိုက်တွန်းနေပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)
ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်မှာ သီတင်း ၂ ပတ် အရေးပေါ်အခြေအနေ ကြေညာ ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်မှာ သီတင်း ၂ ပတ် အရေးပေါ်အခြေအနေ ကြေညာ Reviewed by THITHTOOLWIN on 09:36 Rating: 5

No comments:

Powered by Blogger.