သာကေတမြို့နယ်ရှိ စက်သုံးဆီဆိုင်ဝင်းအတွင်း ဆီဘောက်ဆာယာဉ်တစ်စီးမီးလောင်



ရန်ကုန်   ဩဂုတ်   ၈

ရန်ကုန်တိုင်းဒေသကြီး    သာကေတ မြို့နယ်   ၁၀ /မြောက်   ရပ်ကွက်    ရတနာလမ်းမကြီးပေါ်ရှိ     Energy စက်သုံးဆီဆိုင်၀င်းအတွင်း၌ ယနေ့ နံနက်  ၃ နာရီ  ၂၅ မိနစ်ခန့်က    ဂါလန်      ၅၀၀  ဆံ့     ဒီဇယ်ဆီဘောက်ဆာ ယာဉ်တစ်စီး         မီးလောင်မှုဖြစ်ပွား သည်။ 

  မီးလောင်ရာသို့   ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုး၀င်း ဦးဆောင်သော         ကွပ်ကဲမှုယာဉ် လေးစီးနှင့်အတူ     မီးငြှိမ်းသတ်ရေး ယာဉ် ၁၄ စီး အခြားအထောက်အကူပြု ယာဉ်များ၊  သန္ဓေ၊     အရန်မီးသတ် ၁၇၀   ကျော်တို့က     သွားရောက် ငြှိမ်းသတ်ကြသည်။

  မီးစတင်လောင်စဉ်က  ဆိုင်ရှိ ၀န်ထမ်းများက     မီးသတ်ဆေးဘူး များဖြင့် ကနဦးငြှိမ်းသတ်ခဲ့ကြသော် လည်း  မီးလောင်မှုပိုမိုများပြားလာခဲ့ ပြီး   လောင်အားကောင်းလာခဲ့သော မီးအရှိန်ကို မီးသတ်တပ်ဖွဲ့၀င်များက နံနက် ၃ နာရီ ၅၈ မိနစ်တွင် စတင် ထိန်းပေးနိုင်ခဲ့ပြီး နံနက် ၄ နာရီတွင် အပြီးငြှိမ်းသတ်ပေးနိုင်ခဲ့သည်။

မီးလောင်ရခြင်း အကြောင်းမှာ ဆီဘောက်ဆာ၏ မိန်းဖြူးခုံအတွင်း သို့ ပေါက်နေသော    ဝိုင်ယာကြိုးက သွားရောက်ထိမိရာမှ         မီးစတင် လောင်ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ယာဉ်အမှတ် 5L/----   ဆီဘောက်ဆာယာဉ်၏  တာယာများ၊ ဘက်ထရီအိုးများနှင့်  ကားရှေ့ခန်းတို့ မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကြောင့် ယာဉ်မောင်း သူရဇော်(၃၉နှစ်)  အား  သာကေတ မြို့နယ်ရဲစခန်းက   အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။ 

ကိုကြီးတင်

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

သာကေတမြို့နယ်ရှိ စက်သုံးဆီဆိုင်ဝင်းအတွင်း ဆီဘောက်ဆာယာဉ်တစ်စီးမီးလောင် သာကေတမြို့နယ်ရှိ စက်သုံးဆီဆိုင်ဝင်းအတွင်း ဆီဘောက်ဆာယာဉ်တစ်စီးမီးလောင် Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.