၂၀၂၀ ရွေးကောက်ပွဲ-ကိုယ်စားလှယ်လောင်းစာရင်းထုတ်ဖို့ NLD ပါတီ ဘာတွေစိုးရိမ်နေသလဲ

အန်အယ်လ်ဒီပါတီဟာ ၂၀၂၀ရွေးကောက်ပွဲမှာလည်း အစိုးရဖွဲ့နိုင်တဲ့ထိ နိုင်မယ်လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။
(Unicode)⤵⤵⤵
NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကနေ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အပြီးသတ်ထုတ်ပြန်ဖို့ နိုင်ငံရေးအခြေအနေကို တွက်ဆနေတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

NLD ပါတီဟာ ဇွန်လကုန်မှာ ကိုယ်စားလှယ်လောင်းစာရင်းအပြီးသတ်ရွေးချယ်မယ်လို့ မူလက ပြောကြားထားတာပါ။

အခု တိုင်းနဲ့ ပြည်နယ်အဆင့်က ပေးပို့တဲ့စာရင်းတွေ ဗဟိုကိုရောက်လာပြီဖြစ်လို့ စတင်စိစစ်နေပြီးရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်လောင်းတွေကို ထုတ်ပြန်ဖို့ရက်ကိုတော့ မပြောနိုင်သေးကြောင်းနဲ့ နိုင်ငံရေးအခြေအနေကို ထောက်ဆရတာကြောင့် ဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ခုလိုပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးအခြေအနေဆိုတာ ဘာကိုဆိုလိုပါသလဲလို့ ဘီဘီစီကမေးတဲ့အခါ ဒေါက်တာမျိုးညွန့်က

"ကျွန်တော်တို့အဖွဲ့ရဲ့ ယှဉ်ပြိုင်မယ့်သူကို သိသွားတဲ့အခါမှာ ကန့်ကွက်ချက်တွေ၊ ဒါတွေဖြစ်လာမယ်။ နောက်တစ်ခါ မိမိတို့အဖွဲ့တွင်းမှာပေါ့။ ကိုယ်စားလှယ်နေရာလုတဲ့သဘောလေးတွေရှိလာတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့တင်ထားတဲ့လူနဲ့ ယှဉ်ပြိုင်နိုင်မယ့်လူကို ပြိုင်ဘက်ပါတီတွေက ရွေးချယ်ဖို့အတွက် အခွင့်အလမ်းပိုပြီးတော့ ကောင်းသွားစေပါလိမ့်မယ်။ ယှဉ်ပြိုင်ဘက်ကို ပိုပြီးတော့ အားသာအောင်ရွေးချယ်မယ့်အခွင့်အရေး ရသွားပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ ဒါတွေကိုချင့်ချိန်ပြီးမှ ထုတ်ပြန်ပါလိမ့်မယ်" လို့ သူကပြောပါတယ်။

ပါတီအတွက် ကိုယ်စားလှယ်လောင်းတွေကို တိုင်းနဲ့ပြည်နယ်ကနေ ရွေးရာမှာ မြို့မိမြို့ဖတွေနဲ့ ပါတီအမှုဆောင်တွေဦးဆောင်ပြီး မဲပေးရွေးချယ်ရတာဖြစ်ပါတယ်။ အခု တိုင်းနဲ့ပြည်နယ်ကနေ တင်လာတဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ လက်ရှိ ဝန်ကြီးချုပ်အများစု ပါလာပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါဝင်ခြင်းမရှိသေးဘူးလို့ ပါတီဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကပြောကြားထားပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို အောက်ခြေကနေ မဲစနစ်နဲ့ ရွေးချယ်ပြီး ဗဟိုအဆင့်ကိုရောက်လာတဲ့အခါမှာ ဗဟိုက ဒီအပေါ်မှာစဉ်းစားမှာဖြစ်သလို ပါတီဗဟိုရဲ့ နောက်ဆုံးဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး ဒီအပေါ်မှာစိတ်ဝမ်းမကွဲကြဖို့နဲ့ ဆန္ဒမပြကြဖို့ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားပါတယ်။

ဒါကြောင့် ဗဟိုကနေ ကိုယ်စားလှယ်လောင်းစာရင်းအပြီးသတ်ရွေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် ဗဟိုကနေ တိုက်ရိုက်ရွေးချယ်ထည့်သွင်းတာမျိုး ရှိလာနိုင်သလားလို့ မေးတဲ့အခါ ဒေါက်တာမျိုးညွန့်က

"ဒါအတွက်တော့ ကျွန်တော်မှတ်ချက်မပေးပါဘူး။ ကျွန်တော်ပြောပြီးပါပြီ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟာ ကိုယ်စားလှယ်လောင်းနဲ့ပတ်သက်ရင် လုံး၀ ဆုံးဖြတ်ပိုင်ခွင့်ရထားပြီးသားဖြစ်ပါတယ်။ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပေါ်မှာပဲ တည်ပါတယ်ခင်ဗျ။ အဲဒီတော့ အားလုံးဖြစ်နိုင်တယ်လို့ပဲပြောနိုင်ပါတယ်" လို့ ပြောပါတယ်။

ခုလို ဗဟိုအဆင့်က ဆုံးဖြတ်တာကပဲ အတည်ဖြစ်တယ်လို့ မူလက သတ်မှတ်ထားတယ်ဆိုရင် အောက်ခြေမှာ မြို့မိမြို့ဖတွေပါဝင်ပြီး ကိုယ်စားလှယ်လောင်းတွေရွေးခိုင်းတာက မဖြစ်သင့်ဘူးလို့ ဝေဖန်တာတွေလည်းရှိလာပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါက်တာမျိုးညွန့်က

"အားလုံး သူတို့ရွေးတဲ့အတိုင်း ဖြစ်ရမယ်ဆိုတာကတော့ လက်တွေ့မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီသက်တမ်းကြာတဲ့နိုင်ငံတွေမှာလည်း ဒီဟာမဖြစ်ပါဘူး"လို့ ပြောပါတယ်။

အခုလို နိုင်ငံရေးအခြေအနေတွေကို တွက်ဆပြီး ပါတီကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်ပြန်ဖို့စဉ်းစားထားတဲ့အတွက် ဘယ်ရက်လောက်နောက်ဆုံးထားပြီး ထုတ်ပြန်နိုင်မလဲလို့ ထပ်မေးရာမှာတော့ ဒါကို မှတ်ချက်မပေးပါဘူးလို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူ၊ အမျိုးသား၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အသီးသီးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာမဲဆန္ဒနယ်သတ်မှတ်မှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ထားပါတယ်။

မကြာမီရက်တွေအတွင်းမှာ ကော်မရှင်ဟာ လွှတ်တော်အသီးသီးအလိုက်မဲဆန္ဒနယ်တွေ သတ်မှတ်ကြေညာတာ၊ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်တွေကို ထုတ်ပြန်ဖို့ရှိနေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပဖို့ရှိပြီး ကိုဗစ်ကပ်ရောဂါစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဲရုံတွေမှာမဲပေးနိုင်ရေးနဲ့ မဲစာရင်းတွေကိုအွန်လိုင်းကနေ ကြည့်ရှုနိုင်အောင် ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
၂၀၂၀ ေ႐ြးေကာက္ပြဲ-ကိုယ္စားလွယ္ေလာင္းစာရင္းထုတ္ဖို႔ NLD ပါတီ ဘာေတြစိုးရိမ္ေနသလဲ

NLD ပါတီက ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ပါတီကေန ကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို အၿပီးသတ္ထုတ္ျပန္ဖို႔ ႏိုင္ငံေရးအေျခအေနကို တြက္ဆေနတယ္လို႔ ပါတီဗဟိုအလုပ္အမႈေဆာင္တစ္ဦးျဖစ္တဲ့ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

NLD ပါတီဟာ ဇြန္လကုန္မွာ ကိုယ္စားလွယ္ေလာင္းစာရင္းအၿပီးသတ္ေ႐ြးခ်ယ္မယ္လို႔ မူလက ေျပာၾကားထားတာပါ။

အခု တိုင္းနဲ႔ ျပည္နယ္အဆင့္က ေပးပို႔တဲ့စာရင္းေတြ ဗဟိုကိုေရာက္လာၿပီျဖစ္လို႔ စတင္စိစစ္ေနၿပီးေ႐ြးခ်ယ္လိုက္တဲ့ကိုယ္စားလွယ္ေလာင္းေတြကို ထုတ္ျပန္ဖို႔ရက္ကိုေတာ့ မေျပာႏိုင္ေသးေၾကာင္းနဲ႔ ႏိုင္ငံေရးအေျခအေနကို ေထာက္ဆရတာေၾကာင့္ ျဖစ္တယ္လို႔ ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးၫြန႔္က ခုလိုေျပာပါတယ္။

ဒါေၾကာင့္ ႏိုင္ငံေရးအေျခအေနဆိုတာ ဘာကိုဆိုလိုပါသလဲလို႔ ဘီဘီစီကေမးတဲ့အခါ ေဒါက္တာမ်ိဳးၫြန႔္က

"ကြၽန္ေတာ္တို႔အဖြဲ႕ရဲ႕ ယွဥ္ၿပိဳင္မယ့္သူကို သိသြားတဲ့အခါမွာ ကန႔္ကြက္ခ်က္ေတြ၊ ဒါေတြျဖစ္လာမယ္။ ေနာက္တစ္ခါ မိမိတို႔အဖြဲ႕တြင္းမွာေပါ့။ ကိုယ္စားလွယ္ေနရာလုတဲ့သေဘာေလးေတြရွိလာတယ္။ ေနာက္တစ္ခုကလည္း ကြၽန္ေတာ္တို႔တင္ထားတဲ့လူနဲ႔ ယွဥ္ၿပိဳင္ႏိုင္မယ့္လူကို ၿပိဳင္ဘက္ပါတီေတြက ေ႐ြးခ်ယ္ဖို႔အတြက္ အခြင့္အလမ္းပိုၿပီးေတာ့ ေကာင္းသြားေစပါလိမ့္မယ္။ ယွဥ္ၿပိဳင္ဘက္ကို ပိုၿပီးေတာ့ အားသာေအာင္ေ႐ြးခ်ယ္မယ့္အခြင့္အေရး ရသြားပါလိမ့္မယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒါေတြကိုခ်င့္ခ်ိန္ၿပီးမွ ထုတ္ျပန္ပါလိမ့္မယ္" လို႔ သူကေျပာပါတယ္။

ပါတီအတြက္ ကိုယ္စားလွယ္ေလာင္းေတြကို တိုင္းနဲ႔ျပည္နယ္ကေန ေ႐ြးရာမွာ ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ပါတီအမႈေဆာင္ေတြဦးေဆာင္ၿပီး မဲေပးေ႐ြးခ်ယ္ရတာျဖစ္ပါတယ္။ အခု တိုင္းနဲ႔ျပည္နယ္ကေန တင္လာတဲ့ ကိုယ္စားလွယ္ေလာင္းစာရင္းမွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ လက္ရွိ ဝန္ႀကီးခ်ဳပ္အမ်ားစု ပါလာေပမယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ပါဝင္ျခင္းမရွိေသးဘူးလို႔ ပါတီဗဟိုျပန္ၾကားေရးေကာ္မတီဝင္ မုံ႐ြာေအာင္ရွင္ကေျပာၾကားထားပါတယ္။

ကိုယ္စားလွယ္ေလာင္းေတြကို ေအာက္ေျခကေန မဲစနစ္နဲ႔ ေ႐ြးခ်ယ္ၿပီး ဗဟိုအဆင့္ကိုေရာက္လာတဲ့အခါမွာ ဗဟိုက ဒီအေပၚမွာစဥ္းစားမွာျဖစ္သလို ပါတီဗဟိုရဲ႕ ေနာက္ဆုံးဆုံးျဖတ္ခ်က္သာ အတည္ျဖစ္ၿပီး ဒီအေပၚမွာစိတ္ဝမ္းမကြဲၾကဖို႔နဲ႔ ဆႏၵမျပၾကဖို႔ ပါတီဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားထားပါတယ္။

ဒါေၾကာင့္ ဗဟိုကေန ကိုယ္စားလွယ္ေလာင္းစာရင္းအၿပီးသတ္ေ႐ြးတဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္ကို ကိုယ္စားလွယ္ေလာင္းအျဖစ္ ဗဟိုကေန တိုက္႐ိုက္ေ႐ြးခ်ယ္ထည့္သြင္းတာမ်ိဳး ရွိလာႏိုင္သလားလို႔ ေမးတဲ့အခါ ေဒါက္တာမ်ိဳးၫြန႔္က

"ဒါအတြက္ေတာ့ ကြၽန္ေတာ္မွတ္ခ်က္မေပးပါဘူး။ ကြၽန္ေတာ္ေျပာၿပီးပါၿပီ။ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဟာ ကိုယ္စားလွယ္ေလာင္းနဲ႔ပတ္သက္ရင္ လုံး၀ ဆုံးျဖတ္ပိုင္ခြင့္ရထားၿပီးသားျဖစ္ပါတယ္။ ေနာက္ဆုံးဆုံးျဖတ္ခ်က္ကေတာ့ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ေပၚမွာပဲ တည္ပါတယ္ခင္ဗ်။ အဲဒီေတာ့ အားလုံးျဖစ္ႏိုင္တယ္လို႔ပဲေျပာႏိုင္ပါတယ္" လို႔ ေျပာပါတယ္။

ခုလို ဗဟိုအဆင့္က ဆုံးျဖတ္တာကပဲ အတည္ျဖစ္တယ္လို႔ မူလက သတ္မွတ္ထားတယ္ဆိုရင္ ေအာက္ေျခမွာ ၿမိဳ႕မိၿမိဳ႕ဖေတြပါဝင္ၿပီး ကိုယ္စားလွယ္ေလာင္းေတြေ႐ြးခိုင္းတာက မျဖစ္သင့္ဘူးလို႔ ေဝဖန္တာေတြလည္းရွိလာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ေဒါက္တာမ်ိဳးၫြန႔္က

"အားလုံး သူတို႔ေ႐ြးတဲ့အတိုင္း ျဖစ္ရမယ္ဆိုတာကေတာ့ လက္ေတြ႕မျဖစ္ႏိုင္ပါဘူး။ ဒီမိုကေရစီသက္တမ္းၾကာတဲ့ႏိုင္ငံေတြမွာလည္း ဒီဟာမျဖစ္ပါဘူး"လို႔ ေျပာပါတယ္။

အခုလို ႏိုင္ငံေရးအေျခအေနေတြကို တြက္ဆၿပီး ပါတီကိုယ္စားလွယ္ေလာင္းစာရင္းကို ထုတ္ျပန္ဖို႔စဥ္းစားထားတဲ့အတြက္ ဘယ္ရက္ေလာက္ေနာက္ဆုံးထားၿပီး ထုတ္ျပန္ႏိုင္မလဲလို႔ ထပ္ေမးရာမွာေတာ့ ဒါကို မွတ္ခ်က္မေပးပါဘူးလို႔ ေဒါက္တာမ်ိဳးၫြန႔္ကေျပာပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ျပည္သူ၊ အမ်ိဳးသား၊ တိုင္းနဲ႔ျပည္နယ္လႊတ္ေတာ္အသီးသီးနဲ႔ တိုင္းရင္းသားေရးရာဝန္ႀကီးေနရာမဲဆႏၵနယ္သတ္မွတ္မႈေတြကို ၿပီးခဲ့တဲ့ရက္ပိုင္းကထုတ္ျပန္ထားပါတယ္။

မၾကာမီရက္ေတြအတြင္းမွာ ေကာ္မရွင္ဟာ လႊတ္ေတာ္အသီးသီးအလိုက္မဲဆႏၵနယ္ေတြ သတ္မွတ္ေၾကညာတာ၊ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ရက္ေတြကို ထုတ္ျပန္ဖို႔ရွိေနပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလအတြင္း က်င္းပဖို႔ရွိၿပီး ကိုဗစ္ကပ္ေရာဂါစည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ မဲ႐ုံေတြမွာမဲေပးႏိုင္ေရးနဲ႔ မဲစာရင္းေတြကိုအြန္လိုင္းကေန ၾကည့္ရႈႏိုင္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53237077
၂၀၂၀ ရွေးကောက်ပွဲ-ကိုယ်စားလှယ်လောင်းစာရင်းထုတ်ဖို့ NLD ပါတီ ဘာတွေစိုးရိမ်နေသလဲ ၂၀၂၀ ရွေးကောက်ပွဲ-ကိုယ်စားလှယ်လောင်းစာရင်းထုတ်ဖို့ NLD ပါတီ ဘာတွေစိုးရိမ်နေသလဲ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.