အိန္ဒိယမှာ COVID-19 ကူးစက်သူ ၆ သိန်းကျော်သွားပြီ

အိန္ဒိယနိုင်ငံ Mumbai မြို့မှာ အိမ်တိုင်ယာရောက် ကျန်းမာရေးစစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတချို့။ (ဇွန် ၂၄၊ ၂၀၂၀)
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၆၀၀,၀၀၀ ကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရှိ၊ မရှိ စမ်းသပ်စစ်ဆေးတာတွေ တိုးလုပ်လာနေသလို ကူးစက်ခံရသူအရေအတွက်လည်း တိုးလာနေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁၉,၁၄၈ ယောက် တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၄ ရက်အတွင်း အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ၁၀၀,၀၀၀ နီးပါးလောက်ရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇,၀၀၀ ကျော်ရှိတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀ ရာခိုင်နှုန်းဟာ Maharashtra, Tamil Nadu နဲ့ နယူးဒေလီမြို့နားတဝိုက်က ဖြစ်တယ်လို့ ပြောပါတယ်။

ပိုးကူးစက်သူ ၁,၃၀၀ ကျော် နဲ့ သေဆုံးသူ ၄ ယောက်သာရှိတဲ့ အနောက်ဘက်ခြမ်းက Goa ပြည်နယ်မှာတော့ ပြည်နယ်အစိုးရက ဟိုတယ် ၂၅၀ ကို ပြန်ဖွင့်ခွင့်ပေးလိုက်ပါတယ်။ ခရီးသွားတွေအနေနဲ့ ဗိုင်းရပ်စ် ကင်းရှင်းကြောင်း ဆေးလက်မှတ်ပြဖို့ လိုသလို မပြနိုင်တဲ့သူတွေအနေနဲ့ ရောက်တဲ့အချိန်မှာ ဆေးစစ်ရမယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Melbourne မြို့မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေတိုးလာနေသလို Northern Territory ပြည်နယ်မှာလည်း ၃ လအတွင်း ပထမဆုံး ဗိုင်းရပ်စ်ကူးစက်ခံရသူ တဦးကို တွေ့ရှိခဲ့ပါတယ်။ အဲဒီလူဟာ ပြည်ပကနေ ပြန်လာပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေမြင့်တက်နေတဲ့ Melbourne မြို့မှာ နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်မှာ ကူးစက်ခံရတယ်ဆိုတာကို ပြည်နယ်ကျန်းမာရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ Melbourne မြို့က အခုနောက်ဆုံးကူးစက်သူ ၇၇ ယောက်ထဲက အများစုဟာ ဆင်ခြေဖုံးအရပ်ကဖြစ်ပြီး အဲဒီနေရာတွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး ၁ လ အပြင်မထွက်ကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကို COVID-19 ရောဂါကာကွယ်ရေးအတွက် လွှဲပြောင်းပေးလိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ပြောလိုက်ပါတယ်။ ဒါ့အပြင် ခေတ်မီတိုးတက်တဲ့ တပ်မတော် ဖြစ်အောင်လုပ်ဖို့ စီမံကိန်းတွေကိုလည်း ၃ နှစ် ရပ်ဆိုင်းထားလိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယမွာ COVID-19 ကူးစက္သူ ၆ သိန္းေက်ာ္သြားၿပီ

အိႏၵိယႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ဟာ အခုဆိုရင္ ၆၀၀,၀၀၀ ေက်ာ္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဗိုင္းရပ္စ္ရွိ၊ မရွိ စမ္းသပ္စစ္ေဆးတာေတြ တိုးလုပ္လာေနသလို ကူးစက္ခံရသူအေရအတြက္လည္း တိုးလာေနၿပီး ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ဗိုင္းရပ္စ္ကူးစက္ခံရသူ ေနာက္ထပ္ ၁၉,၁၄၈ ေယာက္ ေတြ႕ရွိခဲ့ပါတယ္။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ ၄ ရက္အတြင္း အိႏၵိယမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူဟာ ၁၀၀,၀၀၀ နီးပါးေလာက္ရွိခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၇,၀၀၀ ေက်ာ္ရွိတယ္လို႔ အိႏၵိယက်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၀ ရာခိုင္ႏႈန္းဟာ Maharashtra, Tamil Nadu နဲ႔ နယူးေဒလီၿမိဳ႕နားတဝိုက္က ျဖစ္တယ္လို႔ ေျပာပါတယ္။

ပိုးကူးစက္သူ ၁,၃၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၄ ေယာက္သာရွိတဲ့ အေနာက္ဘက္ျခမ္းက Goa ျပည္နယ္မွာေတာ့ ျပည္နယ္အစိုးရက ဟိုတယ္ ၂၅၀ ကို ျပန္ဖြင့္ခြင့္ေပးလိုက္ပါတယ္။ ခရီးသြားေတြအေနနဲ႔ ဗိုင္းရပ္စ္ ကင္းရွင္းေၾကာင္း ေဆးလက္မွတ္ျပဖို႔ လိုသလို မျပႏိုင္တဲ့သူေတြအေနနဲ႔ ေရာက္တဲ့အခ်ိန္မွာ ေဆးစစ္ရမယ္လို႔ ေျပာပါတယ္။

ၾသစေၾတးလ်ႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ Melbourne ၿမိဳ႕မွာေတာ့ ဗိုင္းရပ္စ္ကူးစက္မႈေတြတိုးလာေနသလို Northern Territory ျပည္နယ္မွာလည္း ၃ လအတြင္း ပထမဆုံး ဗိုင္းရပ္စ္ကူးစက္ခံရသူ တဦးကို ေတြ႕ရွိခဲ့ပါတယ္။ အဲဒီလူဟာ ျပည္ပကေန ျပန္လာၿပီး ဗိုင္းရပ္စ္ကူးစက္မႈေတြျမင့္တက္ေနတဲ့ Melbourne ၿမိဳ႕မွာ ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ဘယ္မွာ ကူးစက္ခံရတယ္ဆိုတာကို ျပည္နယ္က်န္းမာေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုျခင္းမရွိပါဘူး။ Melbourne ၿမိဳ႕က အခုေနာက္ဆုံးကူးစက္သူ ၇၇ ေယာက္ထဲက အမ်ားစုဟာ ဆင္ေျခဖုံးအရပ္ကျဖစ္ၿပီး အဲဒီေနရာေတြကို ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကစၿပီး ၁ လ အျပင္မထြက္ၾကဖို႔ အမိန႔္ထုတ္လိုက္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာေတာ့ ကာကြယ္ေရးအသုံးစရိတ္ အေမရိကန္ေဒၚလာ သန္း ၂၆၀ ကို COVID-19 ေရာဂါကာကြယ္ေရးအတြက္ လႊဲေျပာင္းေပးလိုက္ၿပီလို႔ ကာကြယ္ေရးဝန္ႀကီး Delfin Lorenzana က ေျပာလိုက္ပါတယ္။ ဒါ့အျပင္ ေခတ္မီတိုးတက္တဲ့ တပ္မေတာ္ ျဖစ္ေအာင္လုပ္ဖို႔ စီမံကိန္းေတြကိုလည္း ၃ ႏွစ္ ရပ္ဆိုင္းထားလိုက္တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရက ေျပာပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-asia/5486000.html
အိန္ဒိယမှာ COVID-19 ကူးစက်သူ ၆ သိန်းကျော်သွားပြီ အိန္ဒိယမှာ COVID-19 ကူးစက်သူ ၆ သိန်းကျော်သွားပြီ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.