ကျောက်ဖြူမှာ မြန်မာတပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မြန်မာတပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံခဲ့ရတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး - ဇွန် ၃၀၊ ၂၀၂၀)
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တပ်မတော်စစ်ယာဉ်တန်းမိုင်းဆွဲ တိုက်ခိုက်ခံလို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး ဒေသခံတွေ ဖမ်းဆီးခံရတာတွေ ရှိနေသလို၊ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအနီး နယ်မြေခံတပ်က လစာငွေထုတ်တဲ့ တပ်မတော်ယာဉ်တန်းတစ်ခု မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရအပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ပဲ ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ။ (ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး - ဇွန် ၃၀၊ ၂၀၂၀)
“ကျောက်ဖြူမှာရှိတဲ့ ကျနော်တို့ ရေတပ်ကဖြစ်ပါတယ်ဗျ။ အဲဒီမှာလစာငွေ ထုတ်ယူဖို့အတွက် ယာဉ်တန်းသွားတာ ရှိတယ်။ သွားတာကို AA ငါး ယောက်လောက်က ကျောက်ဖြူကအထွက် ပျားတဲရွာပေါ့။ ရွာရဲ့ အနောက်တောင်မီတာ ၁,၅၀၀ လောက်မှာ ရီမုမိုင်း သုံးလုံးနဲ့ ဖေါက်ခွဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ ဒီဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့တာရှိတယ်။ အဲဒီမှာအလောင်းတလောင်း ရရှိတယ်။ အလောင်းနဲ့အတူ ဝါယာကြိုးတွေရယ်၊ ပြီးရင် ကျနော်တို့ ရီမုတွေ။ အဲတာတွေ ရမိခဲ့တာ ရှိပါတယ်။"

တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးတဝိုက်က မသင်္ကာဖွယ်သူတွေကို ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“အဲဒီနေရာလေးတဝိုက်ကဘဲ ပျားတဲရွာတောင်ဘက်ကနေ ဖမ်းမိတဲ့သူတွေ ရှိတယ်။ ၃၀ ရက်နေ့ဖမ်းမိတဲ့သူတွေကတော့ ကျနော်တို့ မသင်္ကာဖွယ်လူတွေကတော့ စစ်ဆေးနေဆဲပဲ ရှိပါတယ်။”

ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူး မောင်ခင်ဦးကတော့ ဖမ်းဆီးထားတဲ့ သူတို့ ရွာသားတွေ ဒီကနေ့မှာ ပြန်လွတ်လာပြီလို့ ပြောပါတယ်။

“၃၀ ရက်နေ့ ၁၂ ခွဲမှာ ဖြစ်တဲ့ကိစ္စကတော့ ဖမ်းယူသွားတာကတော့ ၁၂ ယောက်။ အဲဒီ ၁၂ ယောက်ကို ဒီနေ့ ပြန်ပြီးတော့ လွှတ်လိုက်ပြီ။”

ဇွန်လ ၃၀ ရက်နေ့ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှု ဖြစ်စဉ်ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်သွယ်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်တုန်းကလည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ နယ်မြေခံတပ်ဖွဲ့တွေကနေ မသင်္ကာဖွယ် ကပ်သပြေရွာသား တချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အဲဒီရက်မတိုင်ခင်ကလည်းပဲ တခါ တပ်က လှည့်ကင်းလှဲ့နေတာ ရှိတယ်။ ကပ်သပြေရွာအနားလေးမှာ မသင်္ကာဖွယ် ဖမ်းမိတာရှိတယ်။ ၇ ဦးလောက်ဖမ်းမိတယ်။ ၇ ဦးကို စစ်ဆေးတဲ့နေရာမှာ တဦးကတော့ AA အမာခံဖြစ်တာပေါ့။ သူ့ရဲ့ ဖုန်းထဲက AA နဲ့ ဆက်သွယ်ယူထားတဲ့ တပ်လှုပ်ရှားမှုသတင်းပေးတဲ့ဟာတွေ အဲတာတွေ ရရှိတယ်။ သူ့ကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာ ခုဏ မိုင်းထောင်တိုက်ခိုက်တာတွေ ဖြစ်လာတာပေါ့ဗျာ။”

တပ်မတော်ဘက်က ကပ်သပြေရွာသား ၇ ဦးကို စစ်ကြောင်းကနေ ဖမ်းသွားတယ်လို့ ပြောဆိုနေပေမဲ့ ဇွန်လ ၂၆ ရက် နေ့က ရွာသား လူငယ်ကိုးဦးကို ဓညဝတီရေတပ်စခန်းက ဖမ်းဆီးသွားခဲ့တယ်လို့ဆိုသလို အခုထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

“၂၆ ရက်နေ့ ညနေ ၇ နာရီ အဲဒီလူ ကိုးယောက် ဖမ်းဆီးသွားတယ်။ လူ ကိုးယောက်ကတော့ ဓညဝတီရေတပ်စခန်းကပေါ့ ခေါ်သွားတယ်။ မလွတ်သေးပါဘူး။”

ကျောက်ဖြူမြို့နယ်၊ သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာက ပုဇွန်ကန်စောင့် အလုပ်လုပ်ကိုင်နေတဲ့ စစ်မှုထမ်းဟောင်း တစ်ဦးကို ဇွန် ၂၄ ရက်မှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူဒေသဘက်မှာ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် ရာနဲ့ ချီတဲ့ဒေသခံတွေ မြို့အတွင်းတိမ်းရှောင်နေကြရတယ်လို့ ပျားတဲကျေးရွာသား ဦးခိုင်မောင်ဖြူက ဆိုပါတယ်။

“ကပ်သပြေရွာသားတွေ အခုဒီမှာ ကျောက်ဖြူမှာ ပရဟိတကျောင်းမှာ ရှိတယ်။ ပျားတဲကလဲရှိတယ်။ မောက်ပြီးတော့ ဓမ္မဆာယာကျောင်း။ ဘုန်းကြီးကျောင်းပေါ့။ လူဦးရေ ၂၄၉ ယောက် ၂၅၀ ပေါ့။ လက်ရှိ နောက်ဝင်ဦးမယ်။”

ရခိုင်ပြည်နယ်အတွင်း ဒီရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာ နည်းလာပြီး၊ ဗုံးခွဲတိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာလည်း တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မယ်လို့ ထုတ်ပြန်ပြီး နောက်ပိုင်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဆိုပေမဲ့ ဒေသခံရွာသားတွေကတော့ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်မှာ တိမ်းရှောင်မှုတွေရှိနေဆဲပါ။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တနှစ်ကျော်အကြာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ရှောင်နေရတဲ့ ရွာသား ၁၆၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂၅၀ ကျော် ဒဏ်ရာရသူ ၅၅၀ ကျော်နဲ့ မသင်္ကာလို့ အဖမ်းခံရတဲ့သူ ၅၀၀ ရှိနေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကတော့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်နစ်နာနေရတဲ့အတွက် အမြန်ဆုံး အပစ်အခတ်ရပ်ဖို့လည်း မနေ့တုန်းကပဲ တိုက်တွန်းထားပါတယ်။

ကိုနိုင်ကွန်းအိန်   / ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္ျဖဴမွာ ျမန္မာတပ္မေတာ္ယာဥ္တန္းတိုက္ခိုက္ခံရ

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္မွာ တပ္မေတာ္စစ္ယာဥ္တန္းမိုင္းဆြဲ တိုက္ခိုက္ခံလို႔ ပစ္ခတ္မႈ ျဖစ္ပြားခဲ့အၿပီး ေဒသခံေတြ ဖမ္းဆီးခံရတာေတြ ရွိေနသလို၊ ထြက္ေျပးတိမ္းေရွာင္ေနၾကတဲ့ အေျခအေနကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္ စစ္ေတာေက်း႐ြာအနီး နယ္ေျမခံတပ္က လစာေငြထုတ္တဲ့ တပ္မေတာ္ယာဥ္တန္းတစ္ခု မေန႔က မိုင္းဆြဲတိုက္ခိုက္ခံရအၿပီး ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ပဲ ဗြီအိုေအကို အတည္ျပဳ ေျပာဆိုပါတယ္။

“ေက်ာက္ျဖဴမွာရွိတဲ့ က်ေနာ္တို႔ ေရတပ္ကျဖစ္ပါတယ္ဗ်။ အဲဒီမွာလစာေငြ ထုတ္ယူဖို႔အတြက္ ယာဥ္တန္းသြားတာ ရွိတယ္။ သြားတာကို AA ငါး ေယာက္ေလာက္က ေက်ာက္ျဖဴကအထြက္ ပ်ားတဲ႐ြာေပါ့။ ႐ြာရဲ႕ အေနာက္ေတာင္မီတာ ၁,၅၀၀ ေလာက္မွာ ရီမုမိုင္း သုံးလုံးနဲ႔ ေဖါက္ခြဲတိုက္ခိုက္ခဲ့တာ ရွိတယ္။ ဒီဘက္ကလည္း ျပန္လည္ ပစ္ခတ္ခဲ့တာရွိတယ္။ အဲဒီမွာအေလာင္းတေလာင္း ရရွိတယ္။ အေလာင္းနဲ႔အတူ ဝါယာႀကိဳးေတြရယ္၊ ၿပီးရင္ က်ေနာ္တို႔ ရီမုေတြ။ အဲတာေတြ ရမိခဲ့တာ ရွိပါတယ္။"

တိုက္ပြဲျဖစ္ပြားၿပီးေနာက္ အနီးတဝိုက္က မသကၤာဖြယ္သူေတြကို ဖမ္းဆီးထားၿပီး စစ္ေဆးေနတယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“အဲဒီေနရာေလးတဝိုက္ကဘဲ ပ်ားတဲ႐ြာေတာင္ဘက္ကေန ဖမ္းမိတဲ့သူေတြ ရွိတယ္။ ၃၀ ရက္ေန႔ဖမ္းမိတဲ့သူေတြကေတာ့ က်ေနာ္တို႔ မသကၤာဖြယ္လူေတြကေတာ့ စစ္ေဆးေနဆဲပဲ ရွိပါတယ္။”

ကပ္သေျပေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေမာင္ခင္ဦးကေတာ့ ဖမ္းဆီးထားတဲ့ သူတို႔ ႐ြာသားေတြ ဒီကေန႔မွာ ျပန္လြတ္လာၿပီလို႔ ေျပာပါတယ္။

“၃၀ ရက္ေန႔ ၁၂ ခြဲမွာ ျဖစ္တဲ့ကိစၥကေတာ့ ဖမ္းယူသြားတာကေတာ့ ၁၂ ေယာက္။ အဲဒီ ၁၂ ေယာက္ကို ဒီေန႔ ျပန္ၿပီးေတာ့ လႊတ္လိုက္ၿပီ။”

ဇြန္လ ၃၀ ရက္ေန႔ေက်ာက္ျဖဴၿမိဳ႕နယ္မွာ ျဖစ္ပြားတဲ့ တိုက္ခိုက္မႈ ျဖစ္စဥ္ကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ အဆက္သြယ္မရခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ဇြန္လ ၂၆ ရက္တုန္းကလည္း နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနတဲ့ နယ္ေျမခံတပ္ဖြဲ႕ေတြကေန မသကၤာဖြယ္ ကပ္သေျပ႐ြာသား တခ်ိဳ႕ကို ဖမ္းဆီးစစ္ေဆးမႈေတြ ရွိေနတယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“အဲဒီရက္မတိုင္ခင္ကလည္းပဲ တခါ တပ္က လွည့္ကင္းလွဲ႔ေနတာ ရွိတယ္။ ကပ္သေျပ႐ြာအနားေလးမွာ မသကၤာဖြယ္ ဖမ္းမိတာရွိတယ္။ ၇ ဦးေလာက္ဖမ္းမိတယ္။ ၇ ဦးကို စစ္ေဆးတဲ့ေနရာမွာ တဦးကေတာ့ AA အမာခံျဖစ္တာေပါ့။ သူ႔ရဲ႕ ဖုန္းထဲက AA နဲ႔ ဆက္သြယ္ယူထားတဲ့ တပ္လႈပ္ရွားမႈသတင္းေပးတဲ့ဟာေတြ အဲတာေတြ ရရွိတယ္။ သူ႔ကိုေတာ့ စစ္ေဆးေနဆဲျဖစ္တယ္။ အဲဒီျဖစ္စဥ္ျဖစ္ၿပီးေနာက္ပိုင္းမွာ ခုဏ မိုင္းေထာင္တိုက္ခိုက္တာေတြ ျဖစ္လာတာေပါ့ဗ်ာ။”

တပ္မေတာ္ဘက္က ကပ္သေျပ႐ြာသား ၇ ဦးကို စစ္ေၾကာင္းကေန ဖမ္းသြားတယ္လို႔ ေျပာဆိုေနေပမဲ့ ဇြန္လ ၂၆ ရက္ ေန႔က ႐ြာသား လူငယ္ကိုးဦးကို ဓညဝတီေရတပ္စခန္းက ဖမ္းဆီးသြားခဲ့တယ္လို႔ဆိုသလို အခုထိ ျပန္လြတ္လာတာ မရွိေသးဘူးလို႔ ကပ္သေျပေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ဆိုပါတယ္။

“၂၆ ရက္ေန႔ ညေန ၇ နာရီ အဲဒီလူ ကိုးေယာက္ ဖမ္းဆီးသြားတယ္။ လူ ကိုးေယာက္ကေတာ့ ဓညဝတီေရတပ္စခန္းကေပါ့ ေခၚသြားတယ္။ မလြတ္ေသးပါဘူး။”

ေက်ာက္ျဖဴၿမိဳ႕နယ္၊ သျပဳခ်ိဳင္ကြၽန္း၊ ေလာင္းေခ်ာင္းေက်း႐ြာက ပုဇြန္ကန္ေစာင့္ အလုပ္လုပ္ကိုင္ေနတဲ့ စစ္မႈထမ္းေဟာင္း တစ္ဦးကို ဇြန္ ၂၄ ရက္မွာ AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ေက်ာက္ျဖဴေဒသဘက္မွာ ဖမ္းဆီးမႈေတြ ျပဳလုပ္ေနတာေၾကာင့္ ရာနဲ႔ ခ်ီတဲ့ေဒသခံေတြ ၿမိဳ႕အတြင္းတိမ္းေရွာင္ေနၾကရတယ္လို႔ ပ်ားတဲေက်း႐ြာသား ဦးခိုင္ေမာင္ျဖဴက ဆိုပါတယ္။

“ကပ္သေျပ႐ြာသားေတြ အခုဒီမွာ ေက်ာက္ျဖဴမွာ ပရဟိတေက်ာင္းမွာ ရွိတယ္။ ပ်ားတဲကလဲရွိတယ္။ ေမာက္ၿပီးေတာ့ ဓမၼဆာယာေက်ာင္း။ ဘုန္းႀကီးေက်ာင္းေပါ့။ လူဦးေရ ၂၄၉ ေယာက္ ၂၅၀ ေပါ့။ လက္ရွိ ေနာက္ဝင္ဦးမယ္။”

ရခိုင္ျပည္နယ္အတြင္း ဒီရက္ပိုင္း တိုက္ပြဲျဖစ္ပြားတာ နည္းလာၿပီး၊ ဗုံးခြဲတိုက္ခိုက္မႈေတြ ပိုမ်ားလာတယ္လို႔ တပ္မေတာ္ဘက္ကေျပာပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာလည္း တပ္မေတာ္ကေန နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္မယ္လို႔ ထုတ္ျပန္ၿပီး ေနာက္ပိုင္း ျပန္လည္႐ုပ္သိမ္းလိုက္ၿပီး ဆိုေပမဲ့ ေဒသခံ႐ြာသားေတြကေတာ့ ရေသ့ေတာင္၊ စစ္ေတြ၊ ပုဏၰားကြၽန္းၿမိဳ႕ နယ္ဘက္မွာ တိမ္းေရွာင္မႈေတြရွိေနဆဲပါ။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တႏွစ္ေက်ာ္အၾကာ တိုက္ပြဲျဖစ္စဥ္အတြင္း စစ္ေရွာင္ေနရတဲ့ ႐ြာသား ၁၆၀,၀၀၀ ေက်ာ္ ရွိေနၿပီး ေသဆုံးသူ ၂၅၀ ေက်ာ္ ဒဏ္ရာရသူ ၅၅၀ ေက်ာ္နဲ႔ မသကၤာလို႔ အဖမ္းခံရတဲ့သူ ၅၀၀ ရွိေနတယ္လို႔ ရခိုင္လူမႈအဖြဲ႕အစည္းေတြက ထုတ္ျပန္ထားပါတယ္။

လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးကေတာ့ ရခိုင္ျပည္နယ္မွာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အရပ္သားေတြ ထိခိုက္နစ္နာေနရတဲ့အတြက္ အျမန္ဆုံး အပစ္အခတ္ရပ္ဖို႔လည္း မေန႔တုန္းကပဲ တိုက္တြန္းထားပါတယ္။

ကိုႏိုင္ကြန္းအိန္   / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/kyauk-phyu-rakhine-conflict/5484632.html
ကျောက်ဖြူမှာ မြန်မာတပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံရ ကျောက်ဖြူမှာ မြန်မာတပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.