ထိုင်းနိုင်ငံ နိုင်ငံခြားသား ဝင်ရောက်မှု အကန့်အသတ်နဲ့ ခွင့်ပြု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဈေးဝယ်စင်တာတခုထဲ မဝင်ခင် တန်းစီနေကြသူများကို တွေ့ရ။ ( မေ ၁၇၊ ၂၀၂၀)
(Unicode)⤵⤵⤵
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားခဲ့တဲ့ ကျောင်းတွေ၊ အဖျော်ယမကာ စားသောက်ဆိုင်နဲ့ အနှိပ်ခန်းတွေလို ရောဂါပိုးကူးစက်မှု အန္တရာယ်မြင့်မားတဲ့ ဖျော်ဖြေရေးနေရာတွေ ပြန်ဖွင့်ခွင့်ပြုထားပြီဖြစ်ပါတယ်။

ပြည်တွင်းမှာ သီတင်းငါးပတ်ဆက်တိုက် ရောဂါပိုးနောက်ထပ်ကူးစက်မှု မရှိတာကြောင့် မတ်လလည်ကတည်းက ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေကို ပြန်လေ ျှာ့ပေးနေတာ နံပါတ် ၅ အဆင့်ထိ ရောက်လာချိန်မှာပဲ အခုလို ဖွင့်ခွင့်ပေးတာပါ။

ပြန်ဖွင့်ခွင့်ပြုထားတဲ့ နေရာဌာနတွေအနေနဲ့ လူတယောက်နဲ့ တယောက် ခပ်ခွာခွာနေရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကိုတော့ ဆက်ပြီး လိုက်နာလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

ပြည်တွင်းမှာ ပိုပြီး ဖြေလေ ျှာ့ပေးထားသလို ပြည်ပခရီးသွားတွေကိုလည်း ကန့်သတ်ချက်နဲ့ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုထားပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ မိသားစုရှိသူတွေ ဒါမှမဟုတ် လုပ်ငန်းပိုင်း အဆက်အစပ်ရှိသူတွေစတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူ နိုင်ငံခြားသား တနေ့ကို အယောက် ၂၀၀ ဝင်ခွင့်ပြုထားပြီး ဝင်လာသူတွေအနေနဲ့ သီးခြားခွဲနေထိုင်ရမယ့် သတ်မှတ်အဆင့်အမျိုးမျိုးကို လိုက်နာလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူပေါင်း ၃,၁၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀ နီးပါးရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဇူလိုင်လ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ထားသလို ပြည်ပခရီးသည်ဝင်ရောက်ခွင့် ပိတ်ပင်တာကိုလည်း ဇူလိုင်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ထားပါတယ်။

ဒီကနေ့မနက် ၈ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၃၀ ရက်နေ့မှာ စစ်ဆေးခဲ့တဲ့ ဒုတိယသုတ် ဓာတ်ခွဲနမူနာ ၃၇၈ ထဲမှာ နောက်ထပ် ရောဂါပိုးကူးစက်သူ မတွေ့ခဲ့ရပါဘူး။

၃၀ ရက်နေ့အတွက် စုစုပေါင်း စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာအရေအတွက် ၂,၀၀၀ ကျော်မှာ ရောဂါပိုးကူးစက်သူ ထပ်မတွေ့ရတာကြောင့် လက်ရှိအချိန်ထိ ရောဂါပိုးကူးစက်ကြောင်း အတည်ပြုထားသူ အရေအတွက် ၂၉၉ ဦးမှာပဲ ဆက်ရှိနေပါတယ်။ စုစုပေါင်းသေဆုံးသူကတော့ ၆ ဦး ရှိထားပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံ ႏိုင္ငံျခားသား ဝင္ေရာက္မႈ အကန႔္အသတ္နဲ႔ ခြင့္ျပဳ

ျမန္မာ့အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ထားခဲ့တဲ့ ေက်ာင္းေတြ၊ အေဖ်ာ္ယမကာ စားေသာက္ဆိုင္နဲ႔ အႏွိပ္ခန္းေတြလို ေရာဂါပိုးကူးစက္မႈ အႏၲရာယ္ျမင့္မားတဲ့ ေဖ်ာ္ေျဖေရးေနရာေတြ ျပန္ဖြင့္ခြင့္ျပဳထားၿပီျဖစ္ပါတယ္။

ျပည္တြင္းမွာ သီတင္းငါးပတ္ဆက္တိုက္ ေရာဂါပိုးေနာက္ထပ္ကူးစက္မႈ မရွိတာေၾကာင့္ မတ္လလည္ကတည္းက ခ်မွတ္ခဲ့တဲ့ ကန႔္သတ္ခ်က္ေတြကို ျပန္ေလ ွ်ာ့ေပးေနတာ နံပါတ္ ၅ အဆင့္ထိ ေရာက္လာခ်ိန္မွာပဲ အခုလို ဖြင့္ခြင့္ေပးတာပါ။

ျပန္ဖြင့္ခြင့္ျပဳထားတဲ့ ေနရာဌာနေတြအေနနဲ႔ လူတေယာက္နဲ႔ တေယာက္ ခပ္ခြာခြာေနရမယ့္ စည္းကမ္းသတ္မွတ္ခ်က္ေတြကိုေတာ့ ဆက္ၿပီး လိုက္နာလုပ္ေဆာင္ၾကရမွာျဖစ္ပါတယ္။

ျပည္တြင္းမွာ ပိုၿပီး ေျဖေလ ွ်ာ့ေပးထားသလို ျပည္ပခရီးသြားေတြကိုလည္း ကန႔္သတ္ခ်က္နဲ႔ ထိုင္းႏိုင္ငံတြင္း ဝင္ေရာက္ခြင့္ျပဳထားၿပီ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံတြင္းမွာ မိသားစုရွိသူေတြ ဒါမွမဟုတ္ လုပ္ငန္းပိုင္း အဆက္အစပ္ရွိသူေတြစတဲ့ သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီသူ ႏိုင္ငံျခားသား တေန႔ကို အေယာက္ ၂၀၀ ဝင္ခြင့္ျပဳထားၿပီး ဝင္လာသူေတြအေနနဲ႔ သီးျခားခြဲေနထိုင္ရမယ့္ သတ္မွတ္အဆင့္အမ်ိဳးမ်ိဳးကို လိုက္နာလုပ္ေဆာင္ၾကရမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူေပါင္း ၃,၁၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၆၀ နီးပါးရွိပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ခ်မွတ္ထားတဲ့ ကန႔္သတ္ခ်က္ေတြကို ဇူလိုင္လ ၁၅ ရက္ေန႔အထိ ရက္တိုးျမႇင့္သတ္မွတ္ထားသလို ျပည္ပခရီးသည္ဝင္ေရာက္ခြင့္ ပိတ္ပင္တာကိုလည္း ဇူလိုင္လ ၃၁ ရက္ေန႔အထိ တိုးျမႇင့္ထားပါတယ္။

ဒီကေန႔မနက္ ၈ နာရီအခ်ိန္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ဇြန္လ ၃၀ ရက္ေန႔မွာ စစ္ေဆးခဲ့တဲ့ ဒုတိယသုတ္ ဓာတ္ခြဲနမူနာ ၃၇၈ ထဲမွာ ေနာက္ထပ္ ေရာဂါပိုးကူးစက္သူ မေတြ႕ခဲ့ရပါဘူး။

၃၀ ရက္ေန႔အတြက္ စုစုေပါင္း စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာအေရအတြက္ ၂,၀၀၀ ေက်ာ္မွာ ေရာဂါပိုးကူးစက္သူ ထပ္မေတြ႕ရတာေၾကာင့္ လက္ရွိအခ်ိန္ထိ ေရာဂါပိုးကူးစက္ေၾကာင္း အတည္ျပဳထားသူ အေရအတြက္ ၂၉၉ ဦးမွာပဲ ဆက္ရွိေနပါတယ္။ စုစုေပါင္းေသဆုံးသူကေတာ့ ၆ ဦး ရွိထားပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/thai-covid/5484478.html
ထိုင်းနိုင်ငံ နိုင်ငံခြားသား ဝင်ရောက်မှု အကန့်အသတ်နဲ့ ခွင့်ပြု ထိုင်းနိုင်ငံ နိုင်ငံခြားသား ဝင်ရောက်မှု အကန့်အသတ်နဲ့ ခွင့်ပြု Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.