စင်္ကာပူက တရားမဝင် မြန်မာငွေလွှဲလုပ်ငန်းတွေ ဖမ်းဆီးခံရ

စင်္ကာပူနိုင်ငံ Merlion ရုပ်ထုနားက မြင်ကွင်း။ (မေ ၁၅၊ ၂၀၂၀)
(Unicode)⤵⤵⤵
စင်္ကာပူမှာ မြန်မာအလုပ်သမားတွေ ဟွန်ဒီ ငွေလွှဲကြလေ့ရှိတဲ့ Peninsula Plaza က ဆိုင် ခြောက် ခုကို နယ်စပ်ဖြတ်တရားမဝင်ငွေလွှဲမှုနဲ့ စင်္ကာပူအစိုးရက စုံစမ်းနေပါတယ်။

စင်္ကာပူ CDC, CID, CPD ရဲတပ်ဖွဲ့တွေအပြင် လူ့စွမ်းအား MOM ဝန်ကြီးဌာနတွေက ပူးတွဲစီမံချက်နဲ့ ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့က Peninsula Plaza ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

ဒေါ်လာ ၄၆၀,၀၀၀ ကျော် ငွေသားတွေအပြင် computer တွေ ငွေမှောင်ခိုလွှဲရာမှာ အသုံးပြုတဲ့ ပစ္စည်းအထောက်အထားတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ Straits Times သတင်းက ဖော်ပြပါတယ်။

ငွေလွှဲလုပ်ငန်းလုပ်နေတဲ့ ဆိုင် ၆ ဆိုင်ဟာ စင်္ကာပူဘဏ္ဍာရေး အာဏာပိုင်တွေ တရားဝင်ထုတ်ပြန်ထားတဲ့ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်နေကြတယ်လို့ သတင်းကပြောပါတယ်။ ငွေပေးချေ၊ လွှဲပြောင်းရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်သူတွေအနေနဲ့ ငွေဒဏ် စင်္ကာပူဒေါ်လာ ၁၂၅,၀၀၀၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။

ရှာဖွေဖမ်းဆီးမှုအတွင်း ဘယ်နှယောက်အဖမ်းခံထားရသလဲဆိုတာကို VOA က စုံစမ်းနေဆဲဖြစ်ပါတယ်။ စင်္ကာပူမှာ အလုပ်လုပ်နေကြသူ တော်တော်များများဟာ အဲဒီ Peninsula Plaza ကဆိုင်တွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတွေဆီ ငွေပြန်ပို့နေကြတာဖြစ်ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
စကၤာပူက တရားမဝင္ ျမန္မာေငြလႊဲလုပ္ငန္းေတြ ဖမ္းဆီးခံရ

စကၤာပူမွာ ျမန္မာအလုပ္သမားေတြ ဟြန္ဒီ ေငြလႊဲၾကေလ့ရွိတဲ့ Peninsula Plaza က ဆိုင္ ေျခာက္ ခုကို နယ္စပ္ျဖတ္တရားမဝင္ေငြလႊဲမႈနဲ႔ စကၤာပူအစိုးရက စုံစမ္းေနပါတယ္။

စကၤာပူ CDC, CID, CPD ရဲတပ္ဖြဲ႕ေတြအျပင္ လူ႔စြမ္းအား MOM ဝန္ႀကီးဌာနေတြက ပူးတြဲစီမံခ်က္နဲ႔ ဇြန္လ ၂၈ ရက္ တနဂၤေႏြေန႔က Peninsula Plaza ကို ဝင္ေရာက္စီးနင္းရွာေဖြခဲ့ပါတယ္။

ေဒၚလာ ၄၆၀,၀၀၀ ေက်ာ္ ေငြသားေတြအျပင္ computer ေတြ ေငြေမွာင္ခိုလႊဲရာမွာ အသုံးျပဳတဲ့ ပစၥည္းအေထာက္အထားေတြကို ရဲတပ္ဖြဲ႕က သိမ္းဆည္းခဲ့တယ္လို႔ Straits Times သတင္းက ေဖာ္ျပပါတယ္။

ေငြလႊဲလုပ္ငန္းလုပ္ေနတဲ့ ဆိုင္ ၆ ဆိုင္ဟာ စကၤာပူဘ႑ာေရး အာဏာပိုင္ေတြ တရားဝင္ထုတ္ျပန္ထားတဲ့ လုပ္ငန္းလိုင္စင္မရွိဘဲ လုပ္ေနၾကတယ္လို႔ သတင္းကေျပာပါတယ္။ ေငြေပးေခ်၊ လႊဲေျပာင္းေရးဆိုင္ရာ ဥပေဒကို ခ်ိဳးေဖာက္သူေတြအေနနဲ႔ ေငြဒဏ္ စကၤာပူေဒၚလာ ၁၂၅,၀၀၀၊ ေထာင္ဒဏ္ ၃ ႏွစ္အထိ က်ခံရႏိုင္ပါတယ္။

ရွာေဖြဖမ္းဆီးမႈအတြင္း ဘယ္ႏွေယာက္အဖမ္းခံထားရသလဲဆိုတာကို VOA က စုံစမ္းေနဆဲျဖစ္ပါတယ္။ စကၤာပူမွာ အလုပ္လုပ္ေနၾကသူ ေတာ္ေတာ္မ်ားမ်ားဟာ အဲဒီ Peninsula Plaza ကဆိုင္ေတြကေန ျမန္မာႏိုင္ငံမွာရွိတဲ့ မိသားစုေတြဆီ ေငြျပန္ပို႔ေနၾကတာျဖစ္ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/singapore-myanmar-penisula-plaza/5486185.html
စင်္ကာပူက တရားမဝင် မြန်မာငွေလွှဲလုပ်ငန်းတွေ ဖမ်းဆီးခံရ စင်္ကာပူက တရားမဝင် မြန်မာငွေလွှဲလုပ်ငန်းတွေ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.