ရဲစစ်ဆေးရာက လူသေမှုနဲ့ အိန္ဒိယရဲ ၅ ယောက်ကိုဖမ်း

လူမှုကွန်ရက်ကတဆင့် တနိုင်ငံလုံး ပျံ့နှံ့ကျော်စောသွားခဲ့
(Unicode)⤵⤵⤵
အိန္ဒိယတောင်ပိုင်း တမီနာဒူးပြည်နယ်မှာ သားအဖနှစ်ယောက်ကို ရဲကထိန်းသိမ်းထားစဉ် သေဆုံးမှုကြောင့် ရဲ ၅ ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးတရားစွဲလိုက်ပါတယ်။

အသက် ၅၈ နှစ်အရွယ် ပီဂျေယာရပ်ဂျ်နဲ့ အသက် ၃၈ နှစ်အရွယ် ဖိနစ်ဆိုတဲ့ သားအဖနှစ်ယောက်ကို ရဲကထိန်းသိမ်းထားရာက ပြန်လွှတ်လိုက်ပြီး ၂ ရက် အကြာမှာ သူတို့နှစ်ယောက်လုံး သေဆုံးသွားခဲ့ပါတယ်။

သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းကာလအတွင်းမှာ ခွင့်ပြုထားတဲ့ သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး စတိုးဆိုင်ဖွင့်ခဲ့လို့ အဖမ်းခံရတာလို့ ဆိုပါတယ်။

သူတို့သေဆုံးမှုကြောင့် ဆန္ဒပြပွဲတွေ အများအပြားဖြစ်ပေါ်ခဲ့တဲ့ အတွက် ဒေသတွင်း ရာဇဝတ်မှုတရားရုံးတခုက စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ရပါတယ်။

သားအဖနှစ်ယောက်သေဆုံးမှုကြောင့် နယ်ပြောင်းခံထားရတဲ့ အဲဒီရဲတွေကို လူသတ်မှုနဲ့အရေးယူလောက်စရာ အကြောင်းအချက်များစွာတွေ့ခဲ့တယ်လို့ ရာဇဝတ်တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။

တူတီကိုရင်မြို့က ဆာသန်ကူလမ်ရဲစခန်းမှာ သူတို့သားအဖနှစ်ယောက်ကို တညလုံး ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ သူတို့ကို ပြန်လွှတ်ပေးပြီး ၂ ရက်အကြာမှာတော့ နှစ်ယောက်စလုံး သေဆုံးခဲ့တာပါ။

သူတို့နှစ်ယောက်ဟာ ရဲက ညှဉ်းပန်းနှိပ်စက်တာခံခဲ့ရတယ်လို့ မိသားစုက ဆိုပါတယ်။ ဆိုးဝါးရက်စက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထွက်ပေါ်လာ ပြီးနောက် ဒီအဖြစ်အပျက်ဟာ လူမှုကွန်ရက်ပေါ်မှာ ပြန့်ပွားသွားပြီး တနိုင်ငံလုံးက သတိပြုမိသွားကြပါတယ်။
စစ်ကြောရေးမှာ ရဲရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေရတာလို့ မိသားစုက စွပ်စွဲပြောဆို
ရင်ခွဲရုံအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဒဏ်ရာကြီးတွေအပြင် အမျိုးသမီးရဲအရာရှိတယောက်ရဲ့ မျက်မြင်ထွက်ဆိုချက်တို့ကို တရားရုံးက ကိုးကားခဲ့ပါတယ်။ ရင်ခွဲရုံအစီရင်ခံစာရော မျက်မြင်သက်သေထွက်ဆိုချက်ရောဟာ ရာဇဝတ်တရားရုံးရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်မှာ ပါဝင်ပါတယ်။

ရဲအဖွဲ့ရဲ့ အကြမ်းဖက်မှုဟာ အိန္ဒိယနိုင်ငံမှာ အများအပြားတွေ့ရပြီး မကြာခဏလည်း ဖြစ်လေ့ရှိပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယမှာ ရဲက ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသူစုစုပေါင်း ၁၇၀၀ ရှိတယ်လို့ လတ်တလောထုတ်ပြန်တဲ့ အစီရင်ခံစာတခုက ဆိုထားတဲ့အတွက် တရက် ၅ ယောက်နှုန်းလောက် ဖြစ်ပါတယ်။ ဒါပေမယ့် တာဝန်ရှိတဲ့ ရဲအရာရှိတွေ အပြစ်ပေးခံရတာကတော့ ရှားလှပါတယ်။
တရားရုံးက ဘာပြောသလဲ

အခုအမှုဟာ သိရှိထားပြီးသမျှ အချက်အလက်တွေအရ လူသတ်မှုဖြစ်တယ်လို့ သေမှုသေခင်း စုံစမ်းစစ်ဆေးတဲ့ ဒေသတွင်းရာဇဝတ်တရာရုံးရဲ့ အစီရင်ခံစာကို အခြေခံပြီး အထက်အဆင့်တရားရုံးက ဆိုပါတယ်။

တရားရုံးက အဲဒီလို ထုတ်ဖော်ပြောဆိုပြီး နာရီအတန်အကြာမှာ ရဲ ၅ ယောက်ကို ဖမ်းခဲ့ပါတယ်။ရာဇဝတ်တရာရုံး စုံစမ်းတွေ့ရှိချက်မှာ ဆာသန်ကူလမ်ရဲစခန်းက အမျိုးသမီးရဲအရာရှိရဲ့ မျက်မြင်ထွက်ဆိုချက်လည်း ပါဝင်ပါတယ်။ သူ့ရဲ့လုံခြုံရေးကို တာဝန်ယူဖို့ ခရိုင်အရာရှိတွေကို တရားရုံးက ညွှန်ကြားထားပါတယ်။
လော့ဒေါင်းကာလမှာ ရဲအဖွဲ့ဟာ အင်အားအလွန်အကျွံသုံးမှုတွေ အကြိမ်ကြိမ်ရှိခဲ့
စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ရာဇဝတ်တရားရုံးက တိုင်ကြားခဲ့ပြီးနောက် ရဲအရာရှိတွေကို တရားရုံးက ပြင်းပြင်းထန်ထန်ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ ရဲအရာရှိတွေဟာ သက်သေအထောက်အထားတွေကို ထိန်ချန်ခြင်း၊ လှည့်စားခြင်းတွေ လုပ်ခဲ့တယ်လို့လည်း ရာဇဝတ်တရာရုံးက စွပ်စွဲပါတယ်။

အဲဒီညက ရိုက်နှက်ခဲ့တဲ့ စီစီတီဗီမှတ်တမ်းကို ဖျက်ထားတယ်လို့ ရာဇဝတ်တရားရုံးက ဆိုပါတယ်။ လူနှစ်ယောက်ကို ရိုက်နှက်ရာမှာ သုံးခဲ့တယ်လို့ဆိုတဲ့ နံပါတ်တုတ်တွေကို ပေးအပ်ဖို့တောင်းဆိုရာမှာလည်း ကနဦးမှာ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးတဲ့ တရာရေးအရာရှိတွေကို ခြိမ်းခြောက်တဲ့အထိ ရဲတွေဟာ အတင့်ရဲလွန်းတယ်လို့လည်း တရာရုံးက ဆိုပါတယ်။

ရာဇဝတ်တရားရုံးက အမည်စာရင်းပေးတဲ့ အရာရှိသုံးဦးကို တရားရုံးမထီမဲ့မြင်မှုနဲ့ တရားစွဲဆိုလိုက်ပါပြီ။

လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ အခက်အခဲရှိတယ်လို့ တရားရုံးက မှတ်ချက်ပေးလိုက်တဲ့အတွက် ပြည်နယ်အစိုးရက အမှုကို ပြည်ထောင်စုအစိုးရ စုံစမ်းရေးအရာရှိတွေလက်ထဲ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

တာဝန်ရှိ ရဲအရာရှိတွေ ဘာဖြစ်သွားသလဲ

သေဆုံးမှုမှာ အဓိက တာဝန်ရှိတယ်လို့ စွပ်စွဲခံရသူ ရဲအရာရှိတွေကို အစက နယ်ပြောင်းခဲ့ပါတယ်။ ပိုပြီးပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုခဲ့ကြပြီးနောက်မှာ ရာထူးက ဆိုင်းငံ့ခဲ့ပါတယ်။

အဲဒီနောက် တရားရုံးကထူးထူးခြားခြား အမိန့်တခု ချခဲ့ပါတယ်။ အဲဒါကတော့ သက်သေ အထောက်အထားတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ လိမ်ညာ လှည့်ဖျားတာ မလုပ်နိုင်အောင် တားဆီးဖို့အတွက် အခွန်ရုံး အရာရှိတွေကို ဆာသန်ကူလမ်ရဲစခန်းမှာ တာဝန်ပေးခဲ့တာပါ။

ရဲအရာရှိတွေဟာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ရာဇဝတ်တရားရုံးက စွပ်စွဲပြီး နာရီ အတန်ကြာမှာတော့ ရဲ ၂၇ ယောက်ကို နယ်ပြောင်းခဲ့ပါတယ်။

လစ်လပ်သွားတဲ့နေရာတွေမှာ အစားထိုးဖို့ ရဲအရာရှိသစ် ၃၀ ကို ပြည်နယ်အစိုးရက ခန့်ထားခဲ့ပါတယ်။

တခြားဖမ်းဆီးညှဉ်းပန်းမှုတိုင်ချက်တွေလည်း ရှိနေပြီး ဖမ်းဆီးထားစဉ်သေဆုံးမှုတိုင်ကြားချက် အနည်းဆုံး ၂ ခုကိုလည်း လက်ခံရရှိထားတယ်လို့ တရားရုံးက ဆိုပါတယ်။

BBC Burmese
----------------------------------------------------
(Zawgyi)⤵⤵⤵
ရဲစစ္ေဆးရာက လူေသမႈနဲ႔ အိႏၵိယရဲ ၅ ေယာက္ကိုဖမ္း

အိႏၵိယေတာင္ပိုင္း တမီနာဒူးျပည္နယ္မွာ သားအဖႏွစ္ေယာက္ကို ရဲကထိန္းသိမ္းထားစဥ္ ေသဆုံးမႈေၾကာင့္ ရဲ ၅ ေယာက္ကို လူသတ္မႈနဲ႔ ဖမ္းဆီးတရားစြဲလိုက္ပါတယ္။

အသက္ ၅၈ ႏွစ္အ႐ြယ္ ပီေဂ်ယာရပ္ဂ်္နဲ႔ အသက္ ၃၈ ႏွစ္အ႐ြယ္ ဖိနစ္ဆိုတဲ့ သားအဖႏွစ္ေယာက္ကို ရဲကထိန္းသိမ္းထားရာက ျပန္လႊတ္လိုက္ၿပီး ၂ ရက္ အၾကာမွာ သူတို႔ႏွစ္ေယာက္လုံး ေသဆုံးသြားခဲ့ပါတယ္။

သူတို႔ဟာ ကို႐ိုနာဗိုင္းရပ္စ္ ေလာ့ေဒါင္းကာလအတြင္းမွာ ခြင့္ျပဳထားတဲ့ သတ္မွတ္ခ်ိန္ထက္ ေက်ာ္လြန္ၿပီး စတိုးဆိုင္ဖြင့္ခဲ့လို႔ အဖမ္းခံရတာလို႔ ဆိုပါတယ္။

သူတို႔ေသဆုံးမႈေၾကာင့္ ဆႏၵျပပြဲေတြ အမ်ားအျပားျဖစ္ေပၚခဲ့တဲ့ အတြက္ ေဒသတြင္း ရာဇဝတ္မႈတရား႐ုံးတခုက စုံစမ္းစစ္ေဆးမႈ လုပ္ခဲ့ရပါတယ္။

သားအဖႏွစ္ေယာက္ေသဆုံးမႈေၾကာင့္ နယ္ေျပာင္းခံထားရတဲ့ အဲဒီရဲေတြကို လူသတ္မႈနဲ႔အေရးယူေလာက္စရာ အေၾကာင္းအခ်က္မ်ားစြာေတြ႕ခဲ့တယ္လို႔ ရာဇဝတ္တရား႐ုံးက ထုတ္ျပန္ခဲ့ပါတယ္။

တူတီကိုရင္ၿမိဳ႕က ဆာသန္ကူလမ္ရဲစခန္းမွာ သူတို႔သားအဖႏွစ္ေယာက္ကို တညလုံး ဖမ္းဆီးထိန္းသိမ္းထားခဲ့ပါတယ္။ သူတို႔ကို ျပန္လႊတ္ေပးၿပီး ၂ ရက္အၾကာမွာေတာ့ ႏွစ္ေယာက္စလုံး ေသဆုံးခဲ့တာပါ။

သူတို႔ႏွစ္ေယာက္ဟာ ရဲက ညႇဥ္းပန္းႏွိပ္စက္တာခံခဲ့ရတယ္လို႔ မိသားစုက ဆိုပါတယ္။ ဆိုးဝါးရက္စက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ထြက္ေပၚလာ ၿပီးေနာက္ ဒီအျဖစ္အပ်က္ဟာ လူမႈကြန္ရက္ေပၚမွာ ျပန္႔ပြားသြားၿပီး တႏိုင္ငံလုံးက သတိျပဳမိသြားၾကပါတယ္။

ရင္ခြဲ႐ုံအစီရင္ခံစာမွာ ေဖာ္ျပထားတဲ့ ဒဏ္ရာႀကီးေတြအျပင္ အမ်ိဳးသမီးရဲအရာရွိတေယာက္ရဲ႕ မ်က္ျမင္ထြက္ဆိုခ်က္တို႔ကို တရား႐ုံးက ကိုးကားခဲ့ပါတယ္။ ရင္ခြဲ႐ုံအစီရင္ခံစာေရာ မ်က္ျမင္သက္ေသထြက္ဆိုခ်က္ေရာဟာ ရာဇဝတ္တရား႐ုံးရဲ႕ စုံစမ္းစစ္ေဆးေတြ႕ရွိခ်က္မွာ ပါဝင္ပါတယ္။

ရဲအဖြဲ႕ရဲ႕ အၾကမ္းဖက္မႈဟာ အိႏၵိယႏိုင္ငံမွာ အမ်ားအျပားေတြ႕ရၿပီး မၾကာခဏလည္း ျဖစ္ေလ့ရွိပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း အိႏၵိယမွာ ရဲက ဖမ္းဆီးထိန္းသိမ္းထားစဥ္ ေသဆုံးသူစုစုေပါင္း ၁၇၀၀ ရွိတယ္လို႔ လတ္တေလာထုတ္ျပန္တဲ့ အစီရင္ခံစာတခုက ဆိုထားတဲ့အတြက္ တရက္ ၅ ေယာက္ႏႈန္းေလာက္ ျဖစ္ပါတယ္။ ဒါေပမယ့္ တာဝန္ရွိတဲ့ ရဲအရာရွိေတြ အျပစ္ေပးခံရတာကေတာ့ ရွားလွပါတယ္။

တရား႐ုံးက ဘာေျပာသလဲ

အခုအမႈဟာ သိရွိထားၿပီးသမွ် အခ်က္အလက္ေတြအရ လူသတ္မႈျဖစ္တယ္လို႔ ေသမႈေသခင္း စုံစမ္းစစ္ေဆးတဲ့ ေဒသတြင္းရာဇဝတ္တရာ႐ုံးရဲ႕ အစီရင္ခံစာကို အေျခခံၿပီး အထက္အဆင့္တရား႐ုံးက ဆိုပါတယ္။

တရား႐ုံးက အဲဒီလို ထုတ္ေဖာ္ေျပာဆိုၿပီး နာရီအတန္အၾကာမွာ ရဲ ၅ ေယာက္ကို ဖမ္းခဲ့ပါတယ္။ရာဇဝတ္တရာ႐ုံး စုံစမ္းေတြ႕ရွိခ်က္မွာ ဆာသန္ကူလမ္ရဲစခန္းက အမ်ိဳးသမီးရဲအရာရွိရဲ႕ မ်က္ျမင္ထြက္ဆိုခ်က္လည္း ပါဝင္ပါတယ္။ သူ႔ရဲ႕လုံၿခဳံေရးကို တာဝန္ယူဖို႔ ခ႐ိုင္အရာရွိေတြကို တရား႐ုံးက ၫႊန္ၾကားထားပါတယ္။

စုံစမ္းစစ္ေဆးမႈမွာ ပူးေပါင္းေဆာင္႐ြက္မႈမရွိဘူးလို႔ ရာဇဝတ္တရား႐ုံးက တိုင္ၾကားခဲ့ၿပီးေနာက္ ရဲအရာရွိေတြကို တရား႐ုံးက ျပင္းျပင္းထန္ထန္ျပစ္တင္ ေဝဖန္ခဲ့ပါတယ္။ ရဲအရာရွိေတြဟာ သက္ေသအေထာက္အထားေတြကို ထိန္ခ်န္ျခင္း၊ လွည့္စားျခင္းေတြ လုပ္ခဲ့တယ္လို႔လည္း ရာဇဝတ္တရာ႐ုံးက စြပ္စြဲပါတယ္။

အဲဒီညက ႐ိုက္ႏွက္ခဲ့တဲ့ စီစီတီဗီမွတ္တမ္းကို ဖ်က္ထားတယ္လို႔ ရာဇဝတ္တရား႐ုံးက ဆိုပါတယ္။ လူႏွစ္ေယာက္ကို ႐ိုက္ႏွက္ရာမွာ သုံးခဲ့တယ္လို႔ဆိုတဲ့ နံပါတ္တုတ္ေတြကို ေပးအပ္ဖို႔ေတာင္းဆိုရာမွာလည္း ကနဦးမွာ ျငင္းဆန္ခဲ့တယ္လို႔ ဆိုပါတယ္။

စုံစမ္းစစ္ေဆးတဲ့ တရာေရးအရာရွိေတြကို ၿခိမ္းေျခာက္တဲ့အထိ ရဲေတြဟာ အတင့္ရဲလြန္းတယ္လို႔လည္း တရာ႐ုံးက ဆိုပါတယ္။

ရာဇဝတ္တရား႐ုံးက အမည္စာရင္းေပးတဲ့ အရာရွိသုံးဦးကို တရား႐ုံးမထီမဲ့ျမင္မႈနဲ႔ တရားစြဲဆိုလိုက္ပါၿပီ။

လြတ္လပ္မွ်တတဲ့ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ဖို႔ အခက္အခဲရွိတယ္လို႔ တရား႐ုံးက မွတ္ခ်က္ေပးလိုက္တဲ့အတြက္ ျပည္နယ္အစိုးရက အမႈကို ျပည္ေထာင္စုအစိုးရ စုံစမ္းေရးအရာရွိေတြလက္ထဲ လႊဲေျပာင္းေပးအပ္လိုက္ပါတယ္။

တာဝန္ရွိ ရဲအရာရွိေတြ ဘာျဖစ္သြားသလဲ

ေသဆုံးမႈမွာ အဓိက တာဝန္ရွိတယ္လို႔ စြပ္စြဲခံရသူ ရဲအရာရွိေတြကို အစက နယ္ေျပာင္းခဲ့ပါတယ္။ ပိုၿပီးျပင္းျပင္းထန္ထန္ အေရးယူဖို႔ ေတာင္းဆိုခဲ့ၾကၿပီးေနာက္မွာ ရာထူးက ဆိုင္းငံ့ခဲ့ပါတယ္။

အဲဒီေနာက္ တရား႐ုံးကထူးထူးျခားျခား အမိန္႔တခု ခ်ခဲ့ပါတယ္။ အဲဒါကေတာ့ သက္ေသ အေထာက္အထားေတြကို မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းဖို႔ လိမ္ညာ လွည့္ဖ်ားတာ မလုပ္ႏိုင္ေအာင္ တားဆီးဖို႔အတြက္ အခြန္႐ုံး အရာရွိေတြကို ဆာသန္ကူလမ္ရဲစခန္းမွာ တာဝန္ေပးခဲ့တာပါ။

ရဲအရာရွိေတြဟာ ပူးေပါင္းေဆာင္႐ြက္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ရာဇဝတ္တရား႐ုံးက စြပ္စြဲၿပီး နာရီ အတန္ၾကာမွာေတာ့ ရဲ ၂၇ ေယာက္ကို နယ္ေျပာင္းခဲ့ပါတယ္။

လစ္လပ္သြားတဲ့ေနရာေတြမွာ အစားထိုးဖို႔ ရဲအရာရွိသစ္ ၃၀ ကို ျပည္နယ္အစိုးရက ခန္႔ထားခဲ့ပါတယ္။

တျခားဖမ္းဆီးညႇဥ္းပန္းမႈတိုင္ခ်က္ေတြလည္း ရွိေနၿပီး ဖမ္းဆီးထားစဥ္ေသဆုံးမႈတိုင္ၾကားခ်က္ အနည္းဆုံး ၂ ခုကိုလည္း လက္ခံရရွိထားတယ္လို႔ တရား႐ုံးက ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53267243
ရဲစစ်ဆေးရာက လူသေမှုနဲ့ အိန္ဒိယရဲ ၅ ယောက်ကိုဖမ်း ရဲစစ်ဆေးရာက လူသေမှုနဲ့ အိန္ဒိယရဲ ၅ ယောက်ကိုဖမ်း Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.