လူနာအမှတ် ၉၆ ပိုးပြန်တွေ့လို့ တာချီလိတ်ဆေးရုံပြန်တက်

လူနာ အမှတ် ၉၆ ပထမဆုံးတက်ခဲ့တဲ့ ကျိုင်းတုံဆေးရုံ
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က ပထမဆုံး အတည်ပြုလူနာ အမှတ် ၉၆ မှာ ဆေးရုံဆင်းပြီးနောက် ရက် ၄၀ အကြာမှာ ပိုးပြန်တွေ့ရလို့ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံက ကိုဗစ်- ၁၉ သီးသန့်ကုသခန်းမှာ စောင့်ကြည့်ကုသနေတယ်လို့ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

သူနဲ့ ၄၈ နာရီအတွင်း ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည် အသွားအလာကန့်သတ်ပြီး စစ်ဆေးမှုတွေ လုပ်သွားဖို့ရှိတယ်လို့လည်း သူက ပြောပါတယ် ။

အဲဒီလူနာဟာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး တာဝန်ကျတဲ့ ရန်ကုန်ကို ပြန်ဖို့အတွက် ဆေးစစ်မှုခံယူရမှာ ဇွန်လ ၃၀ရက်နေ့က အခုလို ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရောဂါပိုးတွေ့တဲ့ လူနာအမှတ် ၉၆ ဟာ ရောဂါပိုးအဖြေ တွေ့ပြီးတဲ့နောက် တာချီလိတ်ဆေးရုံမှာ ဆက်လက်ကုသမှု ခံယူရနေတယ်လို့လည်း ဒေါက်တာမြင့်ကျော်က ပြောပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တစ်ဦး ဖြစ်ပြီး ဧပြီလ ၆ ရက်က တာချီလိတ်ကိုပြန်လာသူ
အခုပိုးတွေ့တဲ့ လူနာ အမှတ်၉၆ ဟာ တာချီလိတ်က ပထမဆုံးရောဂါပိုးတွေ့တဲ့ လူနာဖြစ်ပါတယ်။ သူ့မှာ ရောဂါပိုးမရှိကြောင်း နှစ်ကြိမ်ဆက်တိုက် အဖြေထွက်လာပြီးနောက် မေလ ၂၀ရက်နေ့မှာ ကျိုင်းတုံပြည်သူ့ဆေးရုံက ဆင်းခဲ့တာလို့လည်း ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

ဆေးရုံဆင်း လူနာမှာ ကိုဗစ် - ၁၉ ပိုးတွေ့ရခြင်းဟာ ကုသမှုခံယူပြီးနောက် ခန္ဓာကိုယ်တွင်း ကြွင်းကျန်ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးရဲ့မျိုးရိုးဗီဇအပိုင်းအစကို ပြန်လည်တွေ့တာလည်း ဖြစ်နိုင်ပြီး မျိုးရိုးဗီဇ အပိုင်းအစဖြစ်ပါက မူလဗိုင်းရပ်စ်ပိုးလို ကူးစက်မြန်ပြင်းထန်အဆင့် မဟုတ်လို့ စိုးရိမ်ဖွယ်မရှိကြောင်း လည်း ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

" ဒီဟာက အများသူငါကို ကူးစက်မယ့်ပိုးပါဆိုတာတော့ မသေချာပေမဲ့ အများပြည်သူ အန္တရာယ်မရှိအောင် လုပ်ရမယ့်ဟာဖြစ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း တိတိကျကျ ဆောင်ရွက်နေပါတယ်" လို့ ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

လက်ရှိမှာ ပိုးတွေ့လူနာနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း အနီးကပ်ထိတွေ့သူတွေကို ရှာဖွေပြီး ဓာတ်ခွဲစစ်ဆေးတာကိုလည်း ကျန်းမာရေးဦးစီးဌာနက ဆက်လက်ဆောင်ရွက်နေသလို သူ့ရဲ့ဇနီးဖြစ်သူကိုလည်း အသွားအလာကန့်သတ်ထားတယ်လို့လည်းသိရပါတယ်။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
လူနာအမွတ္ ၉၆ ပိုးျပန္ေတြ႕လို႔ တာခ်ီလိတ္ေဆး႐ုံျပန္တက္

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕က ပထမဆုံး အတည္ျပဳလူနာ အမွတ္ ၉၆ မွာ ေဆး႐ုံဆင္းၿပီးေနာက္ ရက္ ၄၀ အၾကာမွာ ပိုးျပန္ေတြ႕ရလို႔ တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔ေဆး႐ုံက ကိုဗစ္- ၁၉ သီးသန႔္ကုသခန္းမွာ ေစာင့္ၾကည့္ကုသေနတယ္လို႔ ကုသေရးနဲ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ရွမ္းျပည္နယ္အေရွ႕ပိုင္း ဦးစီးဌာနမႉး ေဒါက္တာျမင့္ေက်ာ္က ေျပာပါတယ္။

သူနဲ႔ ၄၈ နာရီအတြင္း ထိေတြ႕ဆက္ဆံခဲ့သူေတြကိုလည္ အသြားအလာကန္႔သတ္ၿပီး စစ္ေဆးမႈေတြ လုပ္သြားဖို႔ရွိတယ္လို႔လည္း သူက ေျပာပါတယ္ ။

အဲဒီလူနာဟာ ခြဲစိတ္ဆရာဝန္တစ္ဦးျဖစ္ၿပီး တာဝန္က်တဲ့ ရန္ကုန္ကို ျပန္ဖို႔အတြက္ ေဆးစစ္မႈခံယူရမွာ ဇြန္လ ၃၀ရက္ေန႔က အခုလို ေရာဂါပိုးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ေရာဂါပိုးေတြ႕တဲ့ လူနာအမွတ္ ၉၆ ဟာ ေရာဂါပိုးအေျဖ ေတြ႕ၿပီးတဲ့ေနာက္ တာခ်ီလိတ္ေဆး႐ုံမွာ ဆက္လက္ကုသမႈ ခံယူရေနတယ္လို႔လည္း ေဒါက္တာျမင့္ေက်ာ္က ေျပာပါတယ္။

အခုပိုးေတြ႕တဲ့ လူနာ အမွတ္၉၆ ဟာ တာခ်ီလိတ္က ပထမဆုံးေရာဂါပိုးေတြ႕တဲ့ လူနာျဖစ္ပါတယ္။ သူ႔မွာ ေရာဂါပိုးမရွိေၾကာင္း ႏွစ္ႀကိမ္ဆက္တိုက္ အေျဖထြက္လာၿပီးေနာက္ ေမလ ၂၀ရက္ေန႔မွာ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံက ဆင္းခဲ့တာလို႔လည္း ေဒါက္တာျမင့္ေက်ာ္က ေျပာပါတယ္။

ေဆး႐ုံဆင္း လူနာမွာ ကိုဗစ္ - ၁၉ ပိုးေတြ႕ရျခင္းဟာ ကုသမႈခံယူၿပီးေနာက္ ခႏၶာကိုယ္တြင္း ႂကြင္းက်န္ခဲ့တဲ့ ဗိုင္းရပ္စ္ပိုးရဲ႕မ်ိဳး႐ိုးဗီဇအပိုင္းအစကို ျပန္လည္ေတြ႕တာလည္း ျဖစ္ႏိုင္ၿပီး မ်ိဳး႐ိုးဗီဇ အပိုင္းအစျဖစ္ပါက မူလဗိုင္းရပ္စ္ပိုးလို ကူးစက္ျမန္ျပင္းထန္အဆင့္ မဟုတ္လို႔ စိုးရိမ္ဖြယ္မရွိေၾကာင္း လည္း ေဒါက္တာျမင့္ေက်ာ္က ေျပာပါတယ္။

" ဒီဟာက အမ်ားသူငါကို ကူးစက္မယ့္ပိုးပါဆိုတာေတာ့ မေသခ်ာေပမဲ့ အမ်ားျပည္သူ အႏၲရာယ္မရွိေအာင္ လုပ္ရမယ့္ဟာျဖစ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္အတိုင္း တိတိက်က် ေဆာင္႐ြက္ေနပါတယ္" လို႔ ေဒါက္တာျမင့္ေက်ာ္က ေျပာပါတယ္။

လက္ရွိမွာ ပိုးေတြ႕လူနာနဲ႔ပတ္သက္ၿပီး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ေတြ၊ လုပ္ထုံးလုပ္နည္းေတြအတိုင္း အနီးကပ္ထိေတြ႕သူေတြကို ရွာေဖြၿပီး ဓာတ္ခြဲစစ္ေဆးတာကိုလည္း က်န္းမာေရးဦးစီးဌာနက ဆက္လက္ေဆာင္႐ြက္ေနသလို သူ႔ရဲ႕ဇနီးျဖစ္သူကိုလည္း အသြားအလာကန္႔သတ္ထားတယ္လို႔လည္းသိရပါတယ္။

BBC Burmese
https://www.bbc.com/burmese/53267526
လူနာအမှတ် ၉၆ ပိုးပြန်တွေ့လို့ တာချီလိတ်ဆေးရုံပြန်တက် လူနာအမှတ် ၉၆ ပိုးပြန်တွေ့လို့ တာချီလိတ်ဆေးရုံပြန်တက် Reviewed by THITHTOOLWIN on 23:34 Rating: 5
Powered by Blogger.