မြန်မာက အီးယူကိုဆပ်ရမယ့် အကြွေး ဒေါ်လာ သန်း ၁၀၀ နီးပါးအတွက် ရက်ရွှေ့ဆိုင်းပေး


(Unicode)⤵⤵⤵
ဥရောပ သမဂ္ဂ EU အဖွဲ့ဝင် ၆ နိုင်ငံ ဖြစ်တဲ့ ဩစတြီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ပိုလန် နိုင်ငံတွေကို မြန်မာနိုင်ငံ က ပြန်လည် ပေးဆပ်ဖို့ ရှိတဲ့ ကြွေးမြီနဲ့ အတိုး အမေရိကန် ဒေါ်လာသန်း တရာနီးပါး ပေးဆပ်ရမယ့် အချိန်ကို ရွှေ့ဆိုင်းပေးလိုက်တယ်လို့ EU က ဇူလိုင်လ ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဒီနှစ် မေလက ဒီဇင်ဘာလကာလထဲ မြန်မာနိုင်ငံက ပေးဆပ်ရမယ့် ကြွေးမြီနဲ့ အတိုး ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉၈ သန်း အကြုံးဝင်မှာ ဖြစ်ပြီး COVID-19 ကပ်ရောဂါ ဆိုက်ရောက်နေချိန်မှာ မြန်မာနိုင်ငံ အကူ အညီရစေဖို့ အခုလို ရွှေ့ဆိုင်းပေးတာလို့လည်း အဲဒီ ဥရောပနိုင်ငံတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးတွေက စီမံ ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဆီကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ကြေညာချက်ဟာ Team Europe လို့ခေါ်တဲ့ ဥရောပအဖွဲ့ရဲ့ ကမ္ဘာတစ်ဝှမ်း COVID-19 အကျပ်အတည်းကို တုံ့ပြန့်မှုရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ EU သံအမတ်ကြီး Kristian Schmidt က ပြောပါတယ်။

EU ဟာ အရင်ကလည်း မြန်မာနိုင်ငံကို ကြွေးမြီ သက်သာခွင့် ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဧပြီလတုန်းက ကမ္ဘာ့နိုင်ငံတွေ သဘောတူ ထားခဲ့တဲ့ G20 အဖွဲ့နဲ့ ပါရီ ကလပ် ချေးငွေ ရပ်ဆိုင်းရေး အစီအစဉ်အောက်ကနေ မြန်မာနိုင်ငံရဲ့ ကြွေးမြီကို ပထမဆုံးအကြိမ် ရွှေ့ဆိုင်း ပေးတာလည်း ဖြစ်ပါတယ်။

EU အနေနဲ့ COVID-19 ကာလအတွင်း ကြွေးမြီ ပေးဆပ်မှု ရပ်ဆိုင်းရေးဆိုင်ရာ အစီအစဉ်တွေကို အပြည့်အဝ ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ငွေချေးထားတဲ့ တခြား မြီရှင်နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကလည်း အလားတူ လုပ်ဆောင်ပေးဖို့ တိုက်တွန်းထား ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာက အီးယူကိုဆပ္ရမယ့္ အေႂကြး ေဒၚလာ သန္း ၁၀၀ နီးပါးအတြက္ ရက္ေ႐ႊ႕ဆိုင္းေပး

ဥေရာပ သမဂၢ EU အဖြဲ႕ဝင္ ၆ ႏိုင္ငံ ျဖစ္တဲ့ ဩစႀတီးယား၊ ဖင္လန္၊ ျပင္သစ္၊ ဂ်ာမနီ၊ နယ္သာလန္နဲ႔ ပိုလန္ ႏိုင္ငံေတြကို ျမန္မာႏိုင္ငံ က ျပန္လည္ ေပးဆပ္ဖို႔ ရွိတဲ့ ေႂကြးၿမီနဲ႔ အတိုး အေမရိကန္ ေဒၚလာသန္း တရာနီးပါး ေပးဆပ္ရမယ့္ အခ်ိန္ကို ေ႐ႊ႕ဆိုင္းေပးလိုက္တယ္လို႔ EU က ဇူလိုင္လ ၁ ရက္ေန႔က ေၾကညာလိုက္ပါတယ္။

ဒီႏွစ္ ေမလက ဒီဇင္ဘာလကာလထဲ ျမန္မာႏိုင္ငံက ေပးဆပ္ရမယ့္ ေႂကြးၿမီနဲ႔ အတိုး ပမာဏ စုစုေပါင္း အေမရိကန္ ေဒၚလာ ၉၈ သန္း အႀကဳံးဝင္မွာ ျဖစ္ၿပီး COVID-19 ကပ္ေရာဂါ ဆိုက္ေရာက္ေနခ်ိန္မွာ ျမန္မာႏိုင္ငံ အကူ အညီရေစဖို႔ အခုလို ေ႐ႊ႕ဆိုင္းေပးတာလို႔လည္း အဲဒီ ဥေရာပႏိုင္ငံေတြကို ကိုယ္စားျပဳတဲ့ သံအမတ္ႀကီးေတြက စီမံ ဘ႑ာဝန္ႀကီး ဦးစိုးဝင္းဆီကို ေပးပို႔တဲ့စာမွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ ေၾကညာခ်က္ဟာ Team Europe လို႔ေခၚတဲ့ ဥေရာပအဖြဲ႕ရဲ႕ ကမာၻတစ္ဝွမ္း COVID-19 အက်ပ္အတည္းကို တုံ႔ျပန႔္မႈရဲ႕ အစိတ္အပိုင္း ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ဆိုင္ရာ EU သံအမတ္ႀကီး Kristian Schmidt က ေျပာပါတယ္။

EU ဟာ အရင္ကလည္း ျမန္မာႏိုင္ငံကို ေႂကြးၿမီ သက္သာခြင့္ ေပးခဲ့ဖူးပါတယ္။ ဒါေပမဲ့ ဧၿပီလတုန္းက ကမာၻ႔ႏိုင္ငံေတြ သေဘာတူ ထားခဲ့တဲ့ G20 အဖြဲ႕နဲ႔ ပါရီ ကလပ္ ေခ်းေငြ ရပ္ဆိုင္းေရး အစီအစဥ္ေအာက္ကေန ျမန္မာႏိုင္ငံရဲ႕ ေႂကြးၿမီကို ပထမဆုံးအႀကိမ္ ေ႐ႊ႕ဆိုင္း ေပးတာလည္း ျဖစ္ပါတယ္။

EU အေနနဲ႔ COVID-19 ကာလအတြင္း ေႂကြးၿမီ ေပးဆပ္မႈ ရပ္ဆိုင္းေရးဆိုင္ရာ အစီအစဥ္ေတြကို အျပည့္အဝ ေထာက္ခံေၾကာင္းနဲ႔ ျမန္မာႏိုင္ငံအေပၚ ေငြေခ်းထားတဲ့ တျခား ၿမီရွင္ႏိုင္ငံေတြနဲ႔ အဖြဲ႕အစည္းေတြကလည္း အလားတူ လုပ္ေဆာင္ေပးဖို႔ တိုက္တြန္းထား ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-eu-loan-and-interest-/5486679.html
မြန်မာက အီးယူကိုဆပ်ရမယ့် အကြွေး ဒေါ်လာ သန်း ၁၀၀ နီးပါးအတွက် ရက်ရွှေ့ဆိုင်းပေး မြန်မာက အီးယူကိုဆပ်ရမယ့် အကြွေး ဒေါ်လာ သန်း ၁၀၀ နီးပါးအတွက် ရက်ရွှေ့ဆိုင်းပေး Reviewed by THITHTOOLWIN on 06:59 Rating: 5
Powered by Blogger.