ဒဏ်ရာပြင်းထန်သူတွေကို ဆေးရုံအချိန်မီ ပို့နိုင်ဖို့ ရခိုင်ဒေသခံတွေ တောင်းဆို


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြား မြေဇာပင်ဖြစ်နေရတဲ့ အရပ်သားဒဏ်ရာရသူတွေကို ဆေးရုံ အရေးပေါ်  ပို့ဆောင်ခွင့်မရတဲ့အတွက် အချိန်မီ ကုသမှုမပေးနိုင်ဘဲ လမ်းမှာပဲ အသက်ဆုံးရှုံးနေရတယ်လို့  ပရဟိတကူညီရေးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။

အရေးပေါ်လူနာတင်ယာဉ်ဟာ ဦးစားပေး ဖြတ်သန်းသွားလာနိုင်တဲ့ အခွင့်အရေးရှိပေမယ့် ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေမှာ အရေးပေါ်လူနာ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တွေ၊ စက်လှေတွေမှာတော့ ဒီအခွင့်အရေးရှိမနေပါဘူး။

ဒီလိုအခြေအနေဟာ တိုက်ပွဲတွေကြောင့် ဖြစ်နေတယ်ဆိုတာ နားလည်ပေမယ့် လူနာတွေ မသေသင့်ဘဲ သေဆုံးရတာမျိုး မဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးဖို့က အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့   ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတ လူမှုကူညီရေးအဖွဲ့က ဦးညီပုက ပြောပါတယ်။

“သွားခွင့်လာခွင့် မပေးတာကတော့ များပါတယ်။ လူနာကိုဖြစ်သလိုယူပြီးတော့ ကျောက်တော်ဆေးရုံကြီးကို ရောက်ပြီဆိုတာနဲ့ စစ်တွေကို သွားရတဲ့အခါမှာ လမ်းမှာအချိန်က ၅ နာရီခွဲလောက်ပေးရတာရှိပါတယ်။ ဘာ လို့လဲဆိုတော့ သူတို့က မသင်္ကာမှုတွေနဲ့ စစ်ဆေးတယ်။ သေချာစစ်ဆေးပြီးမှ လွှတ်တယ်ဆိုတော့ ဂိတ်တစ် ဂိတ်မှာ မကြာဘူးဆိုရင် နှစ်နာရီခွဲနဲ့ သုံးနာရီကြားကို ကြာတယ်။ ဒါကြောင့် သွားလာရတာ သိပ်အဆင်မပြေ ဘူး။ တခါတုန်းကဆိုရင် သွေးလွန်ပြီးတော့ လူနာက စစ်တွေဆေးရုံကိုတော့ ရောက်လိုက်တယ်၊ အဲဒီစစ်တွေ ဆေးရုံမှာပဲ အသက်ပေးလိုက်ရသူတွေလည်း ရှိပါတယ်“

ဒဏ်ရာရတဲ့သူဟာ ရခိုင်တပ်တော် AA တပ်ဖွဲ့ဝင် ဟုတ် မဟုတ် စိစစ်ဖို့  လုံခြုံရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ ဖြစ်ပါတယ်။

အရေးပေါ်လူနာ ဆေးရုံရောက်ရှိရေးကို ဦးစားပေးလုပ်သင့်တယ်လို့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ကိုအမ်းသားကြီး က ပြောပါတယ်။

“မလိုလားအပ်ပဲနဲ့ အသက်ဆုံးရှုံးသွားတာတွေ အများကြီးရှိတယ်။ မင်းပြားမြို့နယ်မှာဆိုရင် အဲဒီလူနာက မင်းပြားဆေးရုံကို ရောက်မှာပဲ၊ စစ်တွေမှာဆိုရင် အဲဒီလူနာက စစ်တွေဆေးရုံကိုရောက်မှာပဲ။ သက်ဆိုင်ရာ ဆေးရုံကို ရောက်တဲ့အခါမှ စစ်ဆေးမေးမြန်းစရာရှိတဲ့သူတွေ လာပြီး စစ်ဆေးတာကောင်းလိမ့်မယ်နဲ့တူတယ်။ ဒါမှမဟုတ် လမ်းမှာ ဟိုလိုစစ်ဆေးလိုက် ဒီလိုစစ်ဆေးလိုက်လုပ်နေလို့ကတော့ အဲဒီလူနာက သေရင်တောင် ဆေးရုံရောက်မှာ မဟုတ်ဘူး“

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ အမ်းမြို့နယ် ဒါးလက်အုပ်စု နတ်မော်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ရွာသား တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးကတော့ လမ်းမှာ သေဆုံးသွားပါတယ်။

တခြား ဒဏ်ရာရသူ သုံးဦးလည်း   ဆေးကုသခွင့်ရဖို့ နှောင့်နှေးခဲ့တယ်လို့ ဒလက်ချောင်းဒေသခံ ကိုခိုင်လင်းသစ်က ပြောပါတယ်။

“ဦးဘမောင်ကတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ဦးညွှန့်အေးကတော့ ဒဏ်ရာပြင်းထန်လို့ ပစ်ချင်ပစ်၊ မပစ်ချင်နေဆိုပြီး စက်လှေနဲ့သွားရင်း ရွာဟောင်းကျေးရွာနားကို ရောက်တဲ့အခါ သေဆုံးသွားခဲ့ရတယ်။ ကျန်တဲ့လူနာ သုံးယောက်ကိုတော့ အမ်းမြို့ကို ဆေးကုသဖို့အတွက် စစ်တပ်ဆီမှာ ခွင့်ပြုချက်တောင်းရင်း ၂၇ ရက်နေ့ ၁ နာရီကျော်မှ စစ်တပ်က သူတို့လိုက်ပို့မယ်ဆိုပြီး ခေါ်ဆောင်သွားတယ်။ ဒါပေမဲ့ အမ်းဆေးရုံသို့ မရောက်လာပဲ စွေ့ချောင်းမှာ ထားခဲ့ရတယ်လို့ ဒေသခံမျက်မြင် သက်သေတစ်ယောက်က ပြောလို့ သိရတယ်။ ဒဏ်ရာရ လူနာတွေကိုသာ ဖြစ်ဖြစ်ချင်း ဆေးကုသခွင့်ရခဲ့မယ်ဆိုရင် လူနာတွေအတွက် ဆိုးဝါးစွာ မခံစား ရဘူးလို့ ထင်ပါတယ်“

ဒဏ်ရာရသူ သုံးဦးထဲက နှစ်ဦးကို တပ်မတော်က ဆေးကုဖို့ ခေါ်ယူသွားခဲ့ပြီး ဒဏ်ရာမပြင်းထန်တဲ့ အမျိုးသား ကိုတော့ အလယ်ကျွန်းရွာမှာထားခဲ့ပေမယ့် ခေါ်သွားတဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီး ဘာသတင်းမှမရသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒီဒဏ်ရာရသူထဲက အသက် ၂ နှစ်အရွယ် ကလေးငယ် ကတော့ ဒီကနေ့ စစ်တွေဆေးရုံကို ရောက်ရှိလာပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ ညနေ ၅ နာရီကျော်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကတော့ လူနာတွေကို သယ်ဆောင်ဖို့အတွက် လုပ်ထုံး လုပ်နည်းနဲ့အညီတင်ပြရင် နာရီပိုင်းအတွင်း ပြန်လည်ခွင့်ပြုပေးနေကြောင်း ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေလည်း ပါဝင်လာနိုင်တာကြောင့် စိစစ်နေရတာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး မင်းသန့်က ပြောပါတယ်။

ကူညီကယ်ဆေးရေးလုပ်ဆောင်သူတွေ လူနာသယ်ဆောင်တဲ့အခါ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်ပါမှ လုံခြုံရေးဂိတ်တွေကနေ ဖြတ်သန်းခွင့်ပြုမယ့်အကြောင်း  အုပ်ချုပ်ရေးမှူး တွေကို အသိပေးထားပါတယ်။

ရခိုင်ဒေသမှာ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ကြန့်ကြာမှုတွေ မရှိရအောင် စီစဉ်နေတယ်လို့ သမ္မတရုံးပြောရေဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

"လူနာတွေမှာ ဂိတ်အဆင့်ဆင့်ကို စစ်ဆေးခံရတယ်။ အဲဒီမှာသွားလို့မရ ဆေးရုံကို အချိန်မီမရောက်တာတွေ ရှိတယ်။ ဒါမျိုးတွေ မဖြစ်အောင်လို့ ဥပမာ ကျွန်တော်တို့ SOP (Standard Operation procedure)ကဆိုရင် ၂ နာရီအတွင်းမှာ သက်ဆိုင်တဲ့နေရာကို ပို့ဆောင်နိုင်ရမယ်။ အဲဒီအတွက် ရခိုင်ပြည်နယ်အစိုးရမှာရှိတဲ့ တာဝန် ရှိသူတွေ တဖက်ကလည်း ICRC ဘက်က တာဝန်ရှိသူတွေ ဘယ်လိုသတင်းပို့မလဲ။ သတင်းပို့တဲ့ပုံစံ ကျွန်တော် တို့က လုပ်ထားတယ်။ ပြီးရင် အစိုးရဘက်က ပြန်ပြီးတော့ ဒီလူနာလိုက်ပါမယ့် ယာဉ်အမှတ်၊ ဘေးကနေ ပါမယ့် သူနာပြုတို့ ဆရာဝန်တို့ ဘယ်သူပါလဲ၊ အုပ်ချုပ်ရေးက ဘယ်သူပါလဲ၊ ဒါမျိုးတွေ လူစာရင်းနဲ့သွား၊ အဲဒီပုံစံ ဖြည့်ပြီးတော့ အစိုးရဘက်က အတည်ပြု အဲဒါဆိုရင် ပထမဂိတ်မှာ စစ်ရတယ်။ ဒီဂိတ်ကနေပြီး သွားရင် နောက်ဂိတ်တွေရောက်ရင် အဲဒီလောက် မစစ်တော့နဲ့။ ဒီစာရွက်စာတမ်းနဲ့ လူတွေကို ကြည့်လိုက်။ ဒါဆိုရင် မြန်ဆန်သွားမယ်ဆိုတဲ့ SOP ကို ကျွန်တော်တို့ ရေးထားတယ်။“

နေပြည်တော်က အခုလိုပြောပေမယ့် မြေမြင်အနေအထားမှာတော့ ခက်ခဲနေဆဲဖြစ်တယ်လို့ လူမှုကူညီရေး အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အရပ်သား သေဆုံးဒဏ်ရာရမှုတွေလည်း တစ်နေ့တခြား များလာနေပါတယ်။ RFA က စုဆောင်းထားတဲ့ အချက်အလက်အရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကနေ ပြီးခဲ့တဲ့ ဇွန်လ ၂၉  ရက်နေ့ အထိ သေဆုံးတဲ့ အရပ်သား ၂၆၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၇၆ ဦး ရှိနေပြီဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို စိုးရိမ်နေပြီး ဥပဒေတွေကို လိုက်နာပြီး အကူအညီတွေကို ခွင့်ပြုဖို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

RFA Burmese
---------------------------------

(Zawgyi)⤵⤵⤵
ဒဏ္ရာျပင္းထန္သူေတြကို ေဆး႐ုံအခ်ိန္မီ ပို႔ႏိုင္ဖို႔ ရခိုင္ေဒသခံေတြ ေတာင္းဆို

ရခိုင္ျပည္နယ္ေျမာက္ပိုင္း စစ္ေရးပဋိပကၡေတြၾကား ေျမဇာပင္ျဖစ္ေနရတဲ့ အရပ္သားဒဏ္ရာရသူေတြကို ေဆး႐ုံ အေရးေပၚ  ပို႔ေဆာင္ခြင့္မရတဲ့အတြက္ အခ်ိန္မီ ကုသမႈမေပးႏိုင္ဘဲ လမ္းမွာပဲ အသက္ဆုံးရႈံးေနရတယ္လို႔  ပရဟိတကူညီေရးအဖြဲ႕ေတြက ေထာက္ျပေနၾကပါတယ္။

အေရးေပၚလူနာတင္ယာဥ္ဟာ ဦးစားေပး ျဖတ္သန္းသြားလာႏိုင္တဲ့ အခြင့္အေရးရွိေပမယ့္ ရခိုင္ျပည္နယ္က တိုက္ပြဲျဖစ္ေနတဲ့ ၿမိဳ႕နယ္ေတြမွာ အေရးေပၚလူနာ သယ္ေဆာင္လာတဲ့ ေမာ္ေတာ္ယာဥ္ေတြ၊ စက္ေလွေတြမွာေတာ့ ဒီအခြင့္အေရးရွိမေနပါဘူး။

ဒီလိုအေျခအေနဟာ တိုက္ပြဲေတြေၾကာင့္ ျဖစ္ေနတယ္ဆိုတာ နားလည္ေပမယ့္ လူနာေတြ မေသသင့္ဘဲ ေသဆုံးရတာမ်ိဳး မျဖစ္ေအာင္ စီစဥ္ေဆာင္႐ြက္ေပးဖို႔က အာဏာပိုင္ေတြမွာ တာဝန္ရွိတယ္လို႔   ေက်ာက္ေတာ္ၿမိဳ႕ ျဖဴစင္ေမတၱာ ပရဟိတ လူမႈကူညီေရးအဖြဲ႕က ဦးညီပုက ေျပာပါတယ္။

“သြားခြင့္လာခြင့္ မေပးတာကေတာ့ မ်ားပါတယ္။ လူနာကိုျဖစ္သလိုယူၿပီးေတာ့ ေက်ာက္ေတာ္ေဆး႐ုံႀကီးကို ေရာက္ၿပီဆိုတာနဲ႔ စစ္ေတြကို သြားရတဲ့အခါမွာ လမ္းမွာအခ်ိန္က ၅ နာရီခြဲေလာက္ေပးရတာရွိပါတယ္။ ဘာ လို႔လဲဆိုေတာ့ သူတို႔က မသကၤာမႈေတြနဲ႔ စစ္ေဆးတယ္။ ေသခ်ာစစ္ေဆးၿပီးမွ လႊတ္တယ္ဆိုေတာ့ ဂိတ္တစ္ ဂိတ္မွာ မၾကာဘူးဆိုရင္ ႏွစ္နာရီခြဲနဲ႔ သုံးနာရီၾကားကို ၾကာတယ္။ ဒါေၾကာင့္ သြားလာရတာ သိပ္အဆင္မေျပ ဘူး။ တခါတုန္းကဆိုရင္ ေသြးလြန္ၿပီးေတာ့ လူနာက စစ္ေတြေဆး႐ုံကိုေတာ့ ေရာက္လိုက္တယ္၊ အဲဒီစစ္ေတြ ေဆး႐ုံမွာပဲ အသက္ေပးလိုက္ရသူေတြလည္း ရွိပါတယ္“

ဒဏ္ရာရတဲ့သူဟာ ရခိုင္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္ ဟုတ္ မဟုတ္ စိစစ္ဖို႔  လုံၿခဳံေရးဂိတ္ေတြမွာ တင္းတင္းက်ပ္က်ပ္ စစ္ေဆးေနတာ ျဖစ္ပါတယ္။

အေရးေပၚလူနာ ေဆး႐ုံေရာက္ရွိေရးကို ဦးစားေပးလုပ္သင့္တယ္လို႔ သဂၤဟကမ္းလက္ ရကၡိတအဖြဲ႕က ကိုအမ္းသားႀကီး က ေျပာပါတယ္။

“မလိုလားအပ္ပဲနဲ႔ အသက္ဆုံးရႈံးသြားတာေတြ အမ်ားႀကီးရွိတယ္။ မင္းျပားၿမိဳ႕နယ္မွာဆိုရင္ အဲဒီလူနာက မင္းျပားေဆး႐ုံကို ေရာက္မွာပဲ၊ စစ္ေတြမွာဆိုရင္ အဲဒီလူနာက စစ္ေတြေဆး႐ုံကိုေရာက္မွာပဲ။ သက္ဆိုင္ရာ ေဆး႐ုံကို ေရာက္တဲ့အခါမွ စစ္ေဆးေမးျမန္းစရာရွိတဲ့သူေတြ လာၿပီး စစ္ေဆးတာေကာင္းလိမ့္မယ္နဲ႔တူတယ္။ ဒါမွမဟုတ္ လမ္းမွာ ဟိုလိုစစ္ေဆးလိုက္ ဒီလိုစစ္ေဆးလိုက္လုပ္ေနလို႔ကေတာ့ အဲဒီလူနာက ေသရင္ေတာင္ ေဆး႐ုံေရာက္မွာ မဟုတ္ဘူး“

ၿပီးခဲ့တဲ့ ဇြန္လ ၂၆ ရက္ေန႔မွာ အမ္းၿမိဳ႕နယ္ ဒါးလက္အုပ္စု နတ္ေမာ္ေက်း႐ြာထဲကို လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့တာေၾကာင့္ ႐ြာသား တစ္ဦး ပြဲခ်င္းၿပီး ေသဆုံးၿပီး တစ္ဦးကေတာ့ လမ္းမွာ ေသဆုံးသြားပါတယ္။

တျခား ဒဏ္ရာရသူ သုံးဦးလည္း   ေဆးကုသခြင့္ရဖို႔ ေႏွာင့္ေႏွးခဲ့တယ္လို႔ ဒလက္ေခ်ာင္းေဒသခံ ကိုခိုင္လင္းသစ္က ေျပာပါတယ္။

“ဦးဘေမာင္ကေတာ့ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ပါတယ္။ ဦးၫႊန႔္ေအးကေတာ့ ဒဏ္ရာျပင္းထန္လို႔ ပစ္ခ်င္ပစ္၊ မပစ္ခ်င္ေနဆိုၿပီး စက္ေလွနဲ႔သြားရင္း ႐ြာေဟာင္းေက်း႐ြာနားကို ေရာက္တဲ့အခါ ေသဆုံးသြားခဲ့ရတယ္။ က်န္တဲ့လူနာ သုံးေယာက္ကိုေတာ့ အမ္းၿမိဳ႕ကို ေဆးကုသဖို႔အတြက္ စစ္တပ္ဆီမွာ ခြင့္ျပဳခ်က္ေတာင္းရင္း ၂၇ ရက္ေန႔ ၁ နာရီေက်ာ္မွ စစ္တပ္က သူတို႔လိုက္ပို႔မယ္ဆိုၿပီး ေခၚေဆာင္သြားတယ္။ ဒါေပမဲ့ အမ္းေဆး႐ုံသို႔ မေရာက္လာပဲ ေစြ႕ေခ်ာင္းမွာ ထားခဲ့ရတယ္လို႔ ေဒသခံမ်က္ျမင္ သက္ေသတစ္ေယာက္က ေျပာလို႔ သိရတယ္။ ဒဏ္ရာရ လူနာေတြကိုသာ ျဖစ္ျဖစ္ခ်င္း ေဆးကုသခြင့္ရခဲ့မယ္ဆိုရင္ လူနာေတြအတြက္ ဆိုးဝါးစြာ မခံစား ရဘူးလို႔ ထင္ပါတယ္“

ဒဏ္ရာရသူ သုံးဦးထဲက ႏွစ္ဦးကို တပ္မေတာ္က ေဆးကုဖို႔ ေခၚယူသြားခဲ့ၿပီး ဒဏ္ရာမျပင္းထန္တဲ့ အမ်ိဳးသား ကိုေတာ့ အလယ္ကြၽန္း႐ြာမွာထားခဲ့ေပမယ့္ ေခၚသြားတဲ့ အမ်ိဳးသမီးနဲ႔ပတ္သက္ၿပီး ဘာသတင္းမွမရေသးဘူးလို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ေယာက္ကေျပာပါတယ္။ ဒီဒဏ္ရာရသူထဲက အသက္ ၂ ႏွစ္အ႐ြယ္ ကေလးငယ္ ကေတာ့ ဒီကေန႔ စစ္ေတြေဆး႐ုံကို ေရာက္ရွိလာပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဖုန္းနဲ႔ ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဒီေန႔ ညေန ၅ နာရီေက်ာ္အထိ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ရခိုင္ျပည္နယ္ နယ္လုံဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန႔္ကေတာ့ လူနာေတြကို သယ္ေဆာင္ဖို႔အတြက္ လုပ္ထုံး လုပ္နည္းနဲ႔အညီတင္ျပရင္ နာရီပိုင္းအတြင္း ျပန္လည္ခြင့္ျပဳေပးေနေၾကာင္း ေျပာပါတယ္။

ဒဏ္ရာရသူေတြထဲမွာ AA တပ္ဖြဲ႕ဝင္ေတြလည္း ပါဝင္လာႏိုင္တာေၾကာင့္ စိစစ္ေနရတာျဖစ္ေၾကာင္းလည္း ဗိုလ္မႉးႀကီး မင္းသန႔္က ေျပာပါတယ္။

ကူညီကယ္ေဆးေရးလုပ္ေဆာင္သူေတြ လူနာသယ္ေဆာင္တဲ့အခါ သက္ဆိုင္ရာၿမိဳ႕နယ္၊ ရပ္ကြက္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးရဲ႕ ခြင့္ျပဳခ်က္ပါမွ လုံၿခဳံေရးဂိတ္ေတြကေန ျဖတ္သန္းခြင့္ျပဳမယ့္အေၾကာင္း  အုပ္ခ်ဳပ္ေရးမႉး ေတြကို အသိေပးထားပါတယ္။

ရခိုင္ေဒသမွာ အေရးေပၚကယ္ဆယ္ေရးနဲ႔ ပတ္သက္လို႔ ၾကန႔္ၾကာမႈေတြ မရွိရေအာင္ စီစဥ္ေနတယ္လို႔ သမၼတ႐ုံးေျပာေရဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ၿပီးခဲ့တဲ့ ဇြန္လ ၂၆ ရက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ထည့္သြင္းေျပာခဲ့ပါတယ္။

"လူနာေတြမွာ ဂိတ္အဆင့္ဆင့္ကို စစ္ေဆးခံရတယ္။ အဲဒီမွာသြားလို႔မရ ေဆး႐ုံကို အခ်ိန္မီမေရာက္တာေတြ ရွိတယ္။ ဒါမ်ိဳးေတြ မျဖစ္ေအာင္လို႔ ဥပမာ ကြၽန္ေတာ္တို႔ SOP (Standard Operation procedure)ကဆိုရင္ ၂ နာရီအတြင္းမွာ သက္ဆိုင္တဲ့ေနရာကို ပို႔ေဆာင္ႏိုင္ရမယ္။ အဲဒီအတြက္ ရခိုင္ျပည္နယ္အစိုးရမွာရွိတဲ့ တာဝန္ ရွိသူေတြ တဖက္ကလည္း ICRC ဘက္က တာဝန္ရွိသူေတြ ဘယ္လိုသတင္းပို႔မလဲ။ သတင္းပို႔တဲ့ပုံစံ ကြၽန္ေတာ္ တို႔က လုပ္ထားတယ္။ ၿပီးရင္ အစိုးရဘက္က ျပန္ၿပီးေတာ့ ဒီလူနာလိုက္ပါမယ့္ ယာဥ္အမွတ္၊ ေဘးကေန ပါမယ့္ သူနာျပဳတို႔ ဆရာဝန္တို႔ ဘယ္သူပါလဲ၊ အုပ္ခ်ဳပ္ေရးက ဘယ္သူပါလဲ၊ ဒါမ်ိဳးေတြ လူစာရင္းနဲ႔သြား၊ အဲဒီပုံစံ ျဖည့္ၿပီးေတာ့ အစိုးရဘက္က အတည္ျပဳ အဲဒါဆိုရင္ ပထမဂိတ္မွာ စစ္ရတယ္။ ဒီဂိတ္ကေနၿပီး သြားရင္ ေနာက္ဂိတ္ေတြေရာက္ရင္ အဲဒီေလာက္ မစစ္ေတာ့နဲ႔။ ဒီစာ႐ြက္စာတမ္းနဲ႔ လူေတြကို ၾကည့္လိုက္။ ဒါဆိုရင္ ျမန္ဆန္သြားမယ္ဆိုတဲ့ SOP ကို ကြၽန္ေတာ္တို႔ ေရးထားတယ္။“

ေနျပည္ေတာ္က အခုလိုေျပာေပမယ့္ ေျမျမင္အေနအထားမွာေတာ့ ခက္ခဲေနဆဲျဖစ္တယ္လို႔ လူမႈကူညီေရး အဖြဲ႕အစည္းေတြက ဆိုၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ AA အၾကား တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနဆဲျဖစ္သလို အရပ္သား ေသဆုံးဒဏ္ရာရမႈေတြလည္း တစ္ေန႔တျခား မ်ားလာေနပါတယ္။ RFA က စုေဆာင္းထားတဲ့ အခ်က္အလက္အရ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၂ဝ၁၈ ခုႏွစ္ ဒီဇင္ဘာလကေန ၿပီးခဲ့တဲ့ ဇြန္လ ၂၉  ရက္ေန႔ အထိ ေသဆုံးတဲ့ အရပ္သား ၂၆၆ ဦးနဲ႔ ထိခိုက္ဒဏ္ရာရတဲ့ အရပ္သား ၅၇၆ ဦး ရွိေနၿပီျဖစ္ပါတယ္။

တိုက္ပြဲေတြေၾကာင့္ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အေျခအေနေတြကို စိုးရိမ္ေနၿပီး ဥပေဒေတြကို လိုက္နာၿပီး အကူအညီေတြကို ခြင့္ျပဳဖို႔ ကုလသမဂၢက ၿပီးခဲ့တဲ့ ဇြန္လ ၂၈ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/rakhine-injure-people-lose-life-on-the-way-to-hospital-07022020060515.html
ဒဏ်ရာပြင်းထန်သူတွေကို ဆေးရုံအချိန်မီ ပို့နိုင်ဖို့ ရခိုင်ဒေသခံတွေ တောင်းဆို ဒဏ်ရာပြင်းထန်သူတွေကို ဆေးရုံအချိန်မီ ပို့နိုင်ဖို့ ရခိုင်ဒေသခံတွေ တောင်းဆို Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.