ဖားကန့် မြေပြို သေဆုံးများမှုအတွက် စိတ်မကောင်းဖြစ် (ကုလအတွင်းရေးမှူးချုပ်)


(Unicode)⤵⤵⤵
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတွင်း ပြိုကျတာကြောင့် လူ ရာကျော် သေဆုံးခဲ့ရတဲ့ အတွက် အလွန် စိတ်မကောင်း ဖြစ်မိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က ဇူလိုင်လ ၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရနဲ့ ပြည်သူတွေနဲ့တကွ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း မိကြောင်းလည်း ကုလ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြေပြိုတဲ့ဒဏ်ခံစားရသူတွေအတွက် လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကူအညီ ပေးဖို့ ကုလသမဂ္ဂက အသင့် ရှိနေတယ်လို့ သူက ပြောပါတယ်။

ဇူလိုင်လ ၂ရက်နေ့မှာပဲ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့ရုံးကလည်း မြေပြိုမှုထဲ အသက်ဆုံးရှုံးရသူတွေအတွက် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူတွေကို ချီးကျူး ဂုဏ်ပြုကြောင်း သီးခြား ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ မီးသတ်ဌာနကတော့ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်စိမ်းတွင်း မြေပြိုမှုမှာ အနည်းဆုံး လူ ၁၆၀ သေဆုံးခဲ့ တယ်လို့ ပြောပါတယ်။ ကျောက်သမားတွေ ကျောက်တွေ ကောက်ယူနေချိန်မှာ မိုးရွာသွန်းလို့ရွှံ့မြေစေး နွံလှိုင်း ကျရောက်ခဲ့ပြီး သေဆုံးကြတာလို့ ပြောပါတယ်။ နောက်ထပ် တွင်းတတွင်းလည်း ပြိုကျနိုင်သေးတယ်လို့ မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးက သတိပေး ထားပါတယ်။

ဖားကန့်ဒေသ ကျောက်တွင်းတွေမှာ မကြာသေးမှီနှစ်တွေထဲ မြိုပြိုလို့ အသက်သေဆုံးရမှုတွေ ဖြစ်ပွားနေခဲ့တာပါ။ ကမ္ဘာ့ ကျောက်စိမ်း အထွက်ဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ကျောက်စိမ်းတွေကို တရုတ်နိုင်ငံက အများဆုံး ဝယ်ယူနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာ အစိုးရက ကျောက်မျက်တူးဖော်ရေးလုပ်ငန်းမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ပြောထားပေမဲ့ အခုအချိန် အထိ တော့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။

သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness ကတော့ ကျောက်စိမ်းက ရတဲ့ ဝင်ငွေတွေက မြန်မာ အစိုးရတပ်နဲ့ ကချင် လက်နက်ကိုင်တပ်အကြားက တိုက်ပွဲတွေကို မီးလောင်ရာ လေပင့် ပေးသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကျောက်စိမ်းက ရတဲ့ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၇၅၀ ရှိတယ်လို့ မြန်မာ အစိုးရကပြောပေမဲ့ အမှန်တကယ် ဝင်ငွေ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ရှိတယ်လို့ Global Witness က အစီရင်ခံထား ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------
(Zawgyi)⤵⤵⤵
ဖားကန႔္ ေျမၿပိဳ ေသဆုံးမ်ားမႈအတြက္ စိတ္မေကာင္းျဖစ္ (ကုလအတြင္းေရးမႉးခ်ဳပ္)

ျမန္မာႏိုင္ငံ၊ ကခ်င္ျပည္နယ္၊ ဖားကန႔္ေဒသမွာ ေက်ာက္စိမ္းတြင္း ၿပိဳက်တာေၾကာင့္ လူ ရာေက်ာ္ ေသဆုံးခဲ့ရတဲ့ အတြက္ အလြန္ စိတ္မေကာင္း ျဖစ္မိေၾကာင္း ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က ဇူလိုင္လ ၂ ရက္ေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ျပည္ေထာင္စု ျမန္မာႏိုင္ငံ အစိုးရနဲ႔ ျပည္သူေတြနဲ႔တကြ ေသဆုံးသူေတြရဲ႕ မိသားစုေတြနဲ႔ထပ္တူ ဝမ္းနည္း မိေၾကာင္းလည္း ကုလ အတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။ ေျမၿပိဳတဲ့ဒဏ္ခံစားရသူေတြအတြက္ လုပ္ေဆာင္ေနတဲ့ ကယ္ဆယ္ေရးလုပ္ငန္းေတြကို အကူအညီ ေပးဖို႔ ကုလသမဂၢက အသင့္ ရွိေနတယ္လို႔ သူက ေျပာပါတယ္။

ဇူလိုင္လ ၂ရက္ေန႔မွာပဲ ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢအဖြဲ႕႐ုံးကလည္း ေျမၿပိဳမႈထဲ အသက္ဆုံးရႈံးရသူေတြအတြက္ စိတ္မေကာင္း ျဖစ္မိေၾကာင္းနဲ႔ ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ပါဝင္လုပ္ေဆာင္ေနသူေတြကို ခ်ီးက်ဴး ဂုဏ္ျပဳေၾကာင္း သီးျခား ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံ မီးသတ္ဌာနကေတာ့ ၾကာသပေတးေန႔က ျဖစ္ပြားခဲ့တဲ့ ေက်ာက္စိမ္းတြင္း ေျမၿပိဳမႈမွာ အနည္းဆုံး လူ ၁၆၀ ေသဆုံးခဲ့ တယ္လို႔ ေျပာပါတယ္။ ေက်ာက္သမားေတြ ေက်ာက္ေတြ ေကာက္ယူေနခ်ိန္မွာ မိုး႐ြာသြန္းလို႔႐ႊံ႕ေျမေစး ႏြံလႈိင္း က်ေရာက္ခဲ့ၿပီး ေသဆုံးၾကတာလို႔ ေျပာပါတယ္။ ေနာက္ထပ္ တြင္းတတြင္းလည္း ၿပိဳက်ႏိုင္ေသးတယ္လို႔ မီးသတ္ဌာန တာဝန္ရွိသူ တစ္ဦးက သတိေပး ထားပါတယ္။

ဖားကန႔္ေဒသ ေက်ာက္တြင္းေတြမွာ မၾကာေသးမွီႏွစ္ေတြထဲ ၿမိဳၿပိဳလို႔ အသက္ေသဆုံးရမႈေတြ ျဖစ္ပြားေနခဲ့တာပါ။ ကမာၻ႔ ေက်ာက္စိမ္း အထြက္ဆုံး ႏိုင္ငံ တစ္ႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံက ေက်ာက္စိမ္းေတြကို တ႐ုတ္ႏိုင္ငံက အမ်ားဆုံး ဝယ္ယူေနတာလည္း ျဖစ္ပါတယ္။

လက္ရွိ ျမန္မာ အစိုးရက ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းမွာ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္မယ္လို႔ ေျပာထားေပမဲ့ အခုအခ်ိန္ အထိ ေတာ့ အေကာင္အထည္ ေဖာ္ႏိုင္ျခင္း မရွိေသးပါဘူး။

သဘာဝပတ္ဝန္းက်င္ေစာင့္ၾကည့္ေရးအဖြဲ႕တစ္ခုျဖစ္တဲ့ Global Witness ကေတာ့ ေက်ာက္စိမ္းက ရတဲ့ ဝင္ေငြေတြက ျမန္မာ အစိုးရတပ္နဲ႔ ကခ်င္ လက္နက္ကိုင္တပ္အၾကားက တိုက္ပြဲေတြကို မီးေလာင္ရာ ေလပင့္ ေပးသလို ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္မွာ ေက်ာက္စိမ္းက ရတဲ့ ဝင္ေငြ အေမရိကန္ ေဒၚလာ သန္း ၇၅၀ ရွိတယ္လို႔ ျမန္မာ အစိုးရကေျပာေပမဲ့ အမွန္တကယ္ ဝင္ေငြ ႏွစ္စဥ္ ေဒၚလာ ဘီလီယံနဲ႔ခ်ီ ရွိတယ္လို႔ Global Witness က အစီရင္ခံထား ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-hpakant-landslide-jade-mining-area-un-antonio-guterrus-/5486641.html
ဖားကန့် မြေပြို သေဆုံးများမှုအတွက် စိတ်မကောင်းဖြစ် (ကုလအတွင်းရေးမှူးချုပ်) ဖားကန့် မြေပြို သေဆုံးများမှုအတွက် စိတ်မကောင်းဖြစ် (ကုလအတွင်းရေးမှူးချုပ်) Reviewed by THITHTOOLWIN on 06:57 Rating: 5
Powered by Blogger.