အမေရိကန်ဒေါ်လာငွေလဲနှုန်း နေ့စဉ် ကျဆင်းလာ

ရန်ကုန်မြို့ရှိ ဘဏ်တခုမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၆)
(Unicode)⤵⤵⤵
မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးဈေးကွက်မှာ မကြာသေးခင်က စလို့ ဒေါ်လာငွေတန်ဖိုး ကျဆင်းလာတာကို ကာကွယ်ဖို့ ဗဟိုဘဏ်က ကြိုးပမ်းနေတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းက နေ့စဉ်ရက်ဆက်ဆိုသလို ကျဆင်းလာနေတာကြောင့် ဈေးကွက်တည်ငြိမ်ရေးအတွက် ငွေလဲလှယ်နှုန်း ‘ရည်ညွှန်းတန်ဖိုး’ တခုကို နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ဗဟိုဘဏ်က ဒေါ်လာငွေကို ဝယ်ယူပြီးတော့လည်း ကျားကန်ပေးနေပါတယ်။ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁ရက်ထိ ဗဟိုဘဏ်က ဆယ်ကြိမ်ဝယ်ယူထားတဲ့ ဒေါ်လာငွေက ၃၂.၆ သန်းရှိပါတယ်။ ဒီလိုလုပ်တာဟာ ကျနေတဲ့ဒေါ်လာတန်ဖိုးကို ဆွဲတင်နေတာ မဟုတ်ဘဲ နိုင်ငံခြားငွေ တည်ငြိမ်အောင် ထိန်းကြောင်းဖို့အတွက် လုပ်ရတာလို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြီးခဲ့တဲ့လထဲ အစိုးရရဲ့ စတုတ္ထတနှစ်တာ လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာပါ။

“ဝယ်သင့်တယ်ဆိုတာ ထိန်းကြောင်းသင့်တယ်ဆိုတဲ့ သဘောနဲ့ပဲ လုပ်တာရှိတယ်။ ဗဟိုဘဏ်က ကျသွားမှာစိုးလို့ လိုက်ဝယ်နေတာ၊ သိပ်တက်သွားမှာစိုးလို့ လိုက်ရောင်းနေတာမျိုးတော့ မရှိပါဘူး။ Market ထဲမှာ ဗဟိုဘဏ်အနေနဲ့ ဝင်ရောင်းတာ၊ ဝင်ဝယ်တာ လုပ်တဲ့ကိစ္စမဟုတ်တော့ပါဘူး။ လိုအပ်တဲ့အခါမှ ကျနော်က one way ပဲ ဝယ်တဲ့ auction ကိုလုပ်တယ်၊ ရောင်းတဲ့ auction ကို လုပ်တယ်။”

အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်း ဗဟိုဘဏ် ဒီနေ့သတ်မှတ်တဲ့နှုန်းက ၁,၃၆၈.၇ ကျပ်ဖြစ်ပါတယ်။ ဒါက ကျပ် ၁,၄၀၀ ရှိနေတာကနေ ရက်ပိုင်းအတွင်း ကျပ်ငွေ ၃၀ ကျော် ထပ်ကျသွားတာပါ။ ဘဏ္ဍာရေးဈေးကွက်တည်ငြိမ်ရေးအတွက် ဗဟိုဘဏ်ရဲ့ ကျားကန်ပေးဖို့ ကြိုးပမ်းနေတဲ့ အစီအစဉ်အပေါ်မှာတော့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက အခုလို သုံးသပ်ပါတယ်။

“ပို့ကုန်မရှိဘဲ ဒေါ်လာတွေ ဝယ်နေတာ ဖြစ်သင့်သလားလို့ မေးရင်တော့ ကျနော်ကတော့ အတိုင်းအတာ တခုအထိ မှန်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှိနေတဲ့ ပို့ကုန်တွေလည်း ဆက်ထိန်းဖို့လိုတယ်။ သွင်းကုန်သမားတွေ အဆင်ပြေသွားရင်လည်း တဘက်ကကြည့်ရင် ကုန်သွယ်ရေးလိုငွေ ကြီးလာမယ့် ပြဿနာရှိတယ်။ နောက်တခုက ဒေါ်လာကို ဗဟိုဘဏ်က ကြိုစုထားတယ်ပေါ့နော်။ များနိုင်သမျှများအောင် စုထားတဲ့ သဘောပေါ့နော်။ ဝယ်ထားလိုက်တော့ ဗဟိုဘဏ်မှာ ဒေါ်လာ အရန်ငွေပမာဏ များလာတာပေါ့နော်။”

ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးကျနေပေမဲ့ ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းတွေကို အားပေးဖို့၊ နိုင်ငံခြားအရံငွေစုဖို့ ရည်ရွယ်ချက်တွေနဲ့ အမေရိကန် ဒေါ်လာတွေ ဝယ်ယူနေတာလို့ ယူဆမှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ဒီလိုရည်ရွယ်ချက်မျိုးနဲ့ ဆောင်ရွယ်တယ် ဆိုရင်တော့ လက်တွေ့မကျဘူးလို့လည်း စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက မြင်ပါတယ်။

“အမေရိကန်ရဲ့ စီးပွားရေးအခြေအနေ ပြန်ကောင်းလာမှသာလျှင် ဒေါ်လာဈေးက မြင့်တက်လာနိုင်မယ်၊ မြန်မာပြည်အနေနဲ့က ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာကို ကစားနိုင်တဲ့ အင်အားမျိုး ရှိတာမဟုတ်ဘူး။ ဥပမာ တရုတ်ပြည်လိုဆို တမျိုးပေါ့။ သူတို့ ( ဗဟိုဘဏ်က) ဒေါ်လာကို ဝယ်ခြင်းအားဖြင့် ပြည်တွင်းမှာပဲ ဒေါ်လာဈေး တက်အောင်လုပ်တဲ့သဘောမျိုးရှိတယ်။ တကယ်တော့ မတက်ဘူးဗျ၊ ကျန်တဲ့ဈေးကွက်မှာက ဒေါ်လာရဲ့ ဝယ်အားက ကျနေတယ်၊ အဲဒီတော့ တမင်မကြိုးစားသင့်ဘူးလို့ပဲ ကျနော်ပြောချင်တယ်။”

လက်ရှိမှာ ဆန်နဲ့ ပဲအမျိုးမျိုးအပါအဝင် ပို့ကုန်က အရင်ကထက် ကျပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေလည်း ပုံမှန်မလည်ပတ်သေးပါဘူး။ မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွတဲ့နှုန်းက ၇ ရာခိုင်နှုန်းလောက်ရှိမယ်လို့ မှန်းထားပေမဲ့ ၉ ရာခိုင်နှုန်းလောက်ထိ ရောက်နေတယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်မှာတော့ ဒေါ်လာဈေးဟာ အနည်းငယ်တက်လာခဲ့ပြီး ဥရောပ ယူရိုငွေကတော့ ကျဆင်းသွားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ ဇွန်လထဲ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေက ကိန်းဂဏန်းတွေအပေါ် စောင့်ကြည့်နေကြပြီး ထွက်ပေါ်လာတဲ့ အချက်အလက်တွေက ဘဏ္ဍာငွေကြေး ဈေးကွက်မှာ ရိုက်ခတ်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္ေဒၚလာေငြလဲႏႈန္း ေန႔စဥ္ က်ဆင္းလာ

ျမန္မာႏိုင္ငံရဲ႕ ဘ႑ာေရးေစ်းကြက္မွာ မၾကာေသးခင္က စလို႔ ေဒၚလာေငြတန္ဖိုး က်ဆင္းလာတာကို ကာကြယ္ဖို႔ ဗဟိုဘဏ္က ႀကိဳးပမ္းေနတဲ့အေၾကာင္း တင္ျပေပးခ်င္ပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

အေမရိကန္ေဒၚလာနဲ႔ ျမန္မာက်ပ္ေငြလဲလွယ္ႏႈန္းက ေန႔စဥ္ရက္ဆက္ဆိုသလို က်ဆင္းလာေနတာေၾကာင့္ ေစ်းကြက္တည္ၿငိမ္ေရးအတြက္ ေငြလဲလွယ္ႏႈန္း ‘ရည္ၫႊန္းတန္ဖိုး’ တခုကို ေန႔စဥ္ထုတ္ျပန္ေပးေနတဲ့ ဗဟိုဘဏ္က ေဒၚလာေငြကို ဝယ္ယူၿပီးေတာ့လည္း က်ားကန္ေပးေနပါတယ္။ ဇြန္လ ၁၁ ရက္ကေန ဇူလိုင္ ၁ရက္ထိ ဗဟိုဘဏ္က ဆယ္ႀကိမ္ဝယ္ယူထားတဲ့ ေဒၚလာေငြက ၃၂.၆ သန္းရွိပါတယ္။ ဒီလိုလုပ္တာဟာ က်ေနတဲ့ေဒၚလာတန္ဖိုးကို ဆြဲတင္ေနတာ မဟုတ္ဘဲ ႏိုင္ငံျခားေငြ တည္ၿငိမ္ေအာင္ ထိန္းေၾကာင္းဖို႔အတြက္ လုပ္ရတာလို႔ ဗဟိုဘဏ္ ဒုဥကၠ႒ ဦးစိုးမင္းက ၿပီးခဲ့တဲ့လထဲ အစိုးရရဲ႕ စတုတၳတႏွစ္တာ လုပ္ေဆာင္ခ်က္ သတင္းစာရွင္းလင္းပြဲမွာ ေျပာထားတာပါ။

“ဝယ္သင့္တယ္ဆိုတာ ထိန္းေၾကာင္းသင့္တယ္ဆိုတဲ့ သေဘာနဲ႔ပဲ လုပ္တာရွိတယ္။ ဗဟိုဘဏ္က က်သြားမွာစိုးလို႔ လိုက္ဝယ္ေနတာ၊ သိပ္တက္သြားမွာစိုးလို႔ လိုက္ေရာင္းေနတာမ်ိဳးေတာ့ မရွိပါဘူး။ Market ထဲမွာ ဗဟိုဘဏ္အေနနဲ႔ ဝင္ေရာင္းတာ၊ ဝင္ဝယ္တာ လုပ္တဲ့ကိစၥမဟုတ္ေတာ့ပါဘူး။ လိုအပ္တဲ့အခါမွ က်ေနာ္က one way ပဲ ဝယ္တဲ့ auction ကိုလုပ္တယ္၊ ေရာင္းတဲ့ auction ကို လုပ္တယ္။”

အေမရိကန္ေဒၚလာနဲ႔ က်ပ္ေငြလဲႏႈန္း ဗဟိုဘဏ္ ဒီေန႔သတ္မွတ္တဲ့ႏႈန္းက ၁,၃၆၈.၇ က်ပ္ျဖစ္ပါတယ္။ ဒါက က်ပ္ ၁,၄၀၀ ရွိေနတာကေန ရက္ပိုင္းအတြင္း က်ပ္ေငြ ၃၀ ေက်ာ္ ထပ္က်သြားတာပါ။ ဘ႑ာေရးေစ်းကြက္တည္ၿငိမ္ေရးအတြက္ ဗဟိုဘဏ္ရဲ႕ က်ားကန္ေပးဖို႔ ႀကိဳးပမ္းေနတဲ့ အစီအစဥ္အေပၚမွာေတာ့ စီးပြားေရး ပညာရွင္ ေဒါက္တာ ေအာင္ကိုကိုက အခုလို သုံးသပ္ပါတယ္။

“ပို႔ကုန္မရွိဘဲ ေဒၚလာေတြ ဝယ္ေနတာ ျဖစ္သင့္သလားလို႔ ေမးရင္ေတာ့ က်ေနာ္ကေတာ့ အတိုင္းအတာ တခုအထိ မွန္တယ္လို႔ ယူဆတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ရွိေနတဲ့ ပို႔ကုန္ေတြလည္း ဆက္ထိန္းဖို႔လိုတယ္။ သြင္းကုန္သမားေတြ အဆင္ေျပသြားရင္လည္း တဘက္ကၾကည့္ရင္ ကုန္သြယ္ေရးလိုေငြ ႀကီးလာမယ့္ ျပႆနာရွိတယ္။ ေနာက္တခုက ေဒၚလာကို ဗဟိုဘဏ္က ႀကိဳစုထားတယ္ေပါ့ေနာ္။ မ်ားႏိုင္သမွ်မ်ားေအာင္ စုထားတဲ့ သေဘာေပါ့ေနာ္။ ဝယ္ထားလိုက္ေတာ့ ဗဟိုဘဏ္မွာ ေဒၚလာ အရန္ေငြပမာဏ မ်ားလာတာေပါ့ေနာ္။”

ျပင္ပေစ်းကြက္မွာ ေဒၚလာေစ်းက်ေနေပမဲ့ ဗဟိုဘဏ္က ပို႔ကုန္လုပ္ငန္းေတြကို အားေပးဖို႔၊ ႏိုင္ငံျခားအရံေငြစုဖို႔ ရည္႐ြယ္ခ်က္ေတြနဲ႔ အေမရိကန္ ေဒၚလာေတြ ဝယ္ယူေနတာလို႔ ယူဆမႈေတြလည္း ရွိပါတယ္။ ဒါေပမဲ့လည္း ဒီလိုရည္႐ြယ္ခ်က္မ်ိဳးနဲ႔ ေဆာင္႐ြယ္တယ္ ဆိုရင္ေတာ့ လက္ေတြ႕မက်ဘူးလို႔လည္း စီးပြားေရးပညာရွင္ ဦးေဇာ္ေဖဝင္းက ျမင္ပါတယ္။

“အေမရိကန္ရဲ႕ စီးပြားေရးအေျခအေန ျပန္ေကာင္းလာမွသာလွ်င္ ေဒၚလာေစ်းက ျမင့္တက္လာႏိုင္မယ္၊ ျမန္မာျပည္အေနနဲ႔က ကမာၻ႔ေစ်းကြက္မွာ ေဒၚလာကို ကစားႏိုင္တဲ့ အင္အားမ်ိဳး ရွိတာမဟုတ္ဘူး။ ဥပမာ တ႐ုတ္ျပည္လိုဆို တမ်ိဳးေပါ့။ သူတို႔ ( ဗဟိုဘဏ္က) ေဒၚလာကို ဝယ္ျခင္းအားျဖင့္ ျပည္တြင္းမွာပဲ ေဒၚလာေစ်း တက္ေအာင္လုပ္တဲ့သေဘာမ်ိဳးရွိတယ္။ တကယ္ေတာ့ မတက္ဘူးဗ်၊ က်န္တဲ့ေစ်းကြက္မွာက ေဒၚလာရဲ႕ ဝယ္အားက က်ေနတယ္၊ အဲဒီေတာ့ တမင္မႀကိဳးစားသင့္ဘူးလို႔ပဲ က်ေနာ္ေျပာခ်င္တယ္။”

လက္ရွိမွာ ဆန္နဲ႔ ပဲအမ်ိဳးမ်ိဳးအပါအဝင္ ပို႔ကုန္က အရင္ကထက္ က်ပါတယ္။ ကုန္ထုတ္လုပ္ငန္းေတြလည္း ပုံမွန္မလည္ပတ္ေသးပါဘူး။ ျမန္မာျပည္ရဲ႕ ေငြေၾကးေဖာင္းပြတဲ့ႏႈန္းက ၇ ရာခိုင္ႏႈန္းေလာက္ရွိမယ္လို႔ မွန္းထားေပမဲ့ ၉ ရာခိုင္ႏႈန္းေလာက္ထိ ေရာက္ေနတယ္လို႔ ဗဟိုဘဏ္ ဒုဥကၠ႒ ဦးစိုးမင္းက သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုထားပါတယ္။ ဗုဒၶဟူးေန႔ ကမာၻ႔ဘ႑ာေရး ေစ်းကြက္မွာေတာ့ ေဒၚလာေစ်းဟာ အနည္းငယ္တက္လာခဲ့ၿပီး ဥေရာပ ယူ႐ိုေငြကေတာ့ က်ဆင္းသြားပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံသူေတြကေတာ့ ဇြန္လထဲ အေမရိကန္ရဲ႕ ကုန္ထုတ္လုပ္မႈလုပ္ငန္းေတြက ကိန္းဂဏန္းေတြအေပၚ ေစာင့္ၾကည့္ေနၾကၿပီး ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြက ဘ႑ာေငြေၾကး ေစ်းကြက္မွာ ႐ိုက္ခတ္လာႏိုင္တယ္လို႔လည္း ခန႔္မွန္းေနၾကပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-us-dollar-currency-exchange/5484505.html
အမေရိကန်ဒေါ်လာငွေလဲနှုန်း နေ့စဉ် ကျဆင်းလာ အမေရိကန်ဒေါ်လာငွေလဲနှုန်း နေ့စဉ် ကျဆင်းလာ Reviewed by THITHTOOLWIN on 01:11 Rating: 5
Powered by Blogger.