နိုင်ငံတော် သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါတီ စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်


(Unicode)⤵⤵⤵
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံးရေး လုပ်ငန်းများ စတင်လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒုတိယဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။ ဇူလိုင်လ (၂)ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောကြားခဲ့တာပါ။

“ ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်လိုက်ပြီ ၊ ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေ သတ်မှတ်ပြီးပြီ၊ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့လည်း သတ်မှတ်ပြီး ပြီ။ ပြည်တောင်စုရွေးကောက်ပွဲ ကော်မရှင် ကြေညာပြီးနောက်ရက်မှာ လက်ရှိ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေ ၊ ဒုဝန်ကြီးတွေ စည်းရုံးရေး လုပ်နိုင်ပါပြီ။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ (၁) သမ္မတကြီး ဦးဝင်းမြင့် ပေါ့။ ပါတီ အနေနဲ့ ဆို ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ (၁) တို့ ပါတီစည်းရုံးရေးတွေ လုပ်မယ် ဆိုတဲ့ အကြောင်း CEC က ကြေညာချက်ထုတ်ပေးတာပါ။ အရင်အစိုးရအဖွဲ့က  ပုဂ္ဂိုလ်တွေတုန်း ကလည်း ဒီတိုင်းပါပဲ” လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တဇော်မြင့်မောင်က ပြောပါတယ်။

ဒီလိုဆောင်ရွက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ ကနေ အထူးကြေညာချက်တစ်စောင်ကိုလည်း ဇူလိုင်လ (၂)ရက် ရက်စွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ (၁)ရက်က ကြေညာထားပါတယ်။

သတင်း-  ငြိမ်းချမ်းအောင် / One News Myanmar
-------------------------------------------
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ သမၼတ ႏွင့္  ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ပါတီ စည္း႐ုံးေရးလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္မည္

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ နဲ႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြနဲ႔ နယ္ေျမစည္း႐ုံးေရး လုပ္ငန္းမ်ား စတင္လုပ္ေဆာင္ေတာ့မွာ ျဖစ္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ ဒုတိယဥကၠဌ (၂) ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာပါတယ္။ ဇူလိုင္လ (၂)ရက္က ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာထဲမွာ ျပဳလုပ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးအၿပီးမွာ မီဒီယာေတြကို ေျပာၾကားခဲ့တာပါ။

“ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာခ်က္ထုတ္လိုက္ၿပီ ၊ ေ႐ြးေကာက္ပြဲ မဲဆႏၵနယ္ေတြ သတ္မွတ္ၿပီးၿပီ၊ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ေန႔လည္း သတ္မွတ္ၿပီး ၿပီ။ ျပည္ေတာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ေၾကညာၿပီးေနာက္ရက္မွာ လက္ရွိ ျပည္ေထာင္စု အဆင့္ ပုဂၢိဳလ္ေတြ ၊ ဒုဝန္ႀကီးေတြ စည္း႐ုံးေရး လုပ္ႏိုင္ပါၿပီ။ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒုတိယဥကၠ႒ (၁) သမၼတႀကီး ဦးဝင္းျမင့္ ေပါ့။ ပါတီ အေနနဲ႔ ဆို ဥကၠ႒ နဲ႔ ဒုတိယဥကၠ႒ (၁) တို႔ ပါတီစည္း႐ုံးေရးေတြ လုပ္မယ္ ဆိုတဲ့ အေၾကာင္း CEC က ေၾကညာခ်က္ထုတ္ေပးတာပါ။ အရင္အစိုးရအဖြဲ႕က  ပုဂၢိဳလ္ေတြတုန္း ကလည္း ဒီတိုင္းပါပဲ” လို႔  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ (၂) ေဒါက္တေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ဒီလိုေဆာင္႐ြက္မယ့္ ကိစၥနဲ႔ပတ္သက္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟို အလုပ္အမႈေဆာင္အဖြဲ႕ ကေန အထူးေၾကညာခ်က္တစ္ေစာင္ကိုလည္း ဇူလိုင္လ (၂)ရက္ ရက္စြဲနဲ႔ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အေထြေထြေ႐ြးေကာက္ပြဲကို ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ(၈) ရက္ေန႔မွာ က်င္းပမယ္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဇူလိုင္လ (၁)ရက္က ေၾကညာထားပါတယ္။

သတင္း-  ၿငိမ္းခ်မ္းေအာင္ / One News Myanmar
https://www.facebook.com/onenewsmyan
နိုင်ငံတော် သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါတီ စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည် နိုင်ငံတော် သမ္မတ နှင့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါတီ စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည် Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.